By The Kumudra, Shweproperty.com
Updated at 17 November 2015
တစ်လကို ကျပ် (၃၀,၀၀၀) နဲ့ နှစ် (၃၀) အရစ်ကျစနစ်နဲ့ ပေးသွင်းဝယ်ယူရနိုင်မယ့် အိမ်ရာစီမံကိန်းကို မိုးကုတ်မြို့နယ်မှာ တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
"လက်ရှိမှာတော့ ခွင့်ပြုမိန့်တင်ထားတယ်၊ ခွင့့်ပြုမိန့်ကျတာနဲ့ နှစ်နှစ်အတွင်း အပြီးတည်ဆောက်မှာပါ၊ ငွေချေစနစ်ကိုတော့ လက်ငင်းရော၊ အရစ်ကျရော ရောင်းချပေးသွားမှာပါ"လို့ Infrastructure Myanmar ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်တိုးက ပြောပါတယ်။
၎င်းအိမ်ရာစီမံကိန်းကို မိုးကုတ်မြို့နယ် ရေပူကျေးရွာမှာ တည်ဆောက်မှာဖြစ်ပြီး အကျယ် ၂၃ ဧကပေါ်မှာ တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။ သည်စီမံကိန်းမှာ လေးထပ်တိုက် အလုံး ( ၈၀) ၊ (၃၂) ခန်းတွဲ တည်ဆောက်မှာ ဖြစ်ပြီး အခန်းပေါင်း ၂၅၆၀ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခန်းအကျယ်ကတော့ ပေ ၂၀× ပေ ၃၀ ဖြစ်ပါတယ်။
ရောင်းချတဲ့အခါမှာတော့ ဒေသခံ ပြည်သူတွေကို ဦးစားပေးစနစ်နဲ့ (၃၀) ရာခိုင်နှုန်း၊ နိုင်ငံဝန်ထမ်းတွေကို (၄၀) ရာခိုင်နှုန်းနဲ့ ကျန် (၃၀) ရာခိုင်နှုန်းကို ကုမ္ပဏီက ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းအိမ်ရာစီမံကိန်းကို Golden Burrerfly ကုမ္ပဏီနဲ့ Infrastructure Myanmar ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ယခုလို တစ်လကို ငွေကျပ် (၃၀,၀၀၀)နဲ့ အရစ်ကျ အိမ်ရာစီမံကိန်းတွေကို တိုင်းနဲ့ပြည်နဲ့ အနှံ့ရှိနေရာ (၁၂) နေရာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။
Ref : The Kumudra
Photo Credit : Infrastructure Myanmar
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties