By 7daydaily, Shweproperty.com
Updated at 27 November 2014
ပြီးခဲ့သည့် ရက်သတ္တပတ်များက မြန်မာကျပ်ငွေ တစ်ရှိန်ထိုးကျဆင်းနေမှုသည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကို နှိုးဆော်လိုက်ပါ သည်။ ထို့အတူ လွတ်လပ်သောဈေးကွက်ကို လမ်းဖွင့်ပေးနေသည့် မြန်မာစီးပွားရေးတွင် လူအများ၏ ဝယ်ယူသုံးစွဲမှု အင်အားကိုလည်းထိခိုက်စေသည်။ ၂၀၁၂ ဧပြီလတွင်တစ် ဒေါ်လာကို ၈၁၈ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ၂၀၁၄ နိုဝင် ဘာလတွင် ပထမဆုံးအကြိမ်တစ် ဒေါ်လာလျှင် ၁,၀၀၀ကျပ်ဝန်းကျင်ကျော်အထိတက်လာသည်။ နောက်ရက်များတွင် တစ်ပတ်အ တွင်း ၁,၀၈၀အထိ ရှိခဲ့သည်။
ထို့ကြောင့် လျှပ်စစ်ပစ္စည်း မှသည် ဆေးဝါးအထိနိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ငွေဖောင်းပွမှုဒဏ်အောက်တွင် ၂၀ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်း အထိ ကုန်ဈေးနှုန်းများတက်လာ ခဲ့သည်။
တစ်ချိန်တည်းမှာပင် ပြင်ပ မှောင်ခိုငွေလဲနှုန်းကလည်း တစ် ဒေါ်လာလျှင် ၁,၁၀၀ကျပ်ပင်ကျော်လာနေသည်။ ထို့အပြင် မြန်မာကျပ်ငွေသည် အိမ်နီးချင်း ထိုင်း၊ တရုတ်နှင့် အိန္ဒိယငွေကြေးများနှင့် ယှဉ်ရာတွင်လည်း ဈေးကကျဆင်းနေသည်။
အစိုးရက ကြားဖြတ်ဝင် ရောက်ကာ ငွေကြေးကျဆင်းနေမှု ကိုအလျင်အမြန်မထိန်းသိမ်းပါ က ငွေကြေးဖောင်းပွမှုသည် ထိန်း ချုပ်မရဘဲ ဝင်ငွေနည်းလူတန်းစား များနှင့် လူသုံးကုန်ပစ္စည်းဝယ်ယူသည့်လူလတ်တန်းစား များအပေါ် အကျိုးသက်ရောက်မှုရှိလာမည်ကို ပြည်တွင်းစီးပွားရေးသမားများက စိုးရိမ်လာကြသည်။
ထို့အပြင် ကာတာအခြေ စိုက် အူရီးဒူးကဲ့သို့သော ဆက်သွယ်ရေးကုမ္ပဏီများ၊ မြန်မာဈေး ကွက်သို့ အကြီးအကျယ်ဝင် ရောက်နေသည့် နိုင်ငံခြားကုမ္ပဏီ ကြီးများကလည်း လူတွေက ဖုန်းအသစ်ဝယ်ဖို့နှင့် ဖုန်းသုံးခပေးရန် ငွေကြေးခက်ခဲနေပါက ယင်းလုပ်ငန်းများပါ ဂယက်ရိုက်ခတ်လာနိုင်ပါသည်။
မြန်မာငွေကျဆင်းမှုကို စီး ပွားရေးပညာရှင်များက စိုးရိမ်ပူပန်လာပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာငွေကျဆင်းမှု သည် အမေရိကန်ဒေါ်လာနှင့်သာ မဟုတ်ဘဲ အခြားငွေကြေးများနှင့် ယှဉ်ပါကလည်း ကျဆင်းနေခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများက မြန်မာကျပ်ငွေ ကိုအားကောင်းစေမည်ဟု လူ တွေက မျှော်မှန်းခဲ့ကြသည်။ သို့ သော်မှန်းသလိုဖြစ်မလာခဲ့ပါ။ သည်အချက်က ရင်းနှီးမြှုပ်နှံသူ များအတွက် သတိပေးထားသည့် လက္ခဏာလည်းဖြစ်၏။ ထို့အပြင် ယခုနှစ် ကုန်သွယ်မှုလိုငွေက ဒေါ်လာ သုံးဘီလီယံထိရောက်နေပါသည်။
မြန်မာငွေကျပ်တန်ဖိုးကျ ဆင်းလာရခြင်း အဓိကအ ကြောင်းရင်းမှာ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်အားနည်းသည့် အပြင် ထိရောက်သော ငွေကြေးထိန်းချုပ်မှုစနစ်မရှိခြင်းကြောင့်လည်းဖြစ်သည်။ ပြည်တွင်းဘဏ်များကလည်း အစိုးရ သတ်မှတ်ထားသည်ထက်ပိုပြီး ငွေကြေးရင်းနှီးဆောင်ရွက်ပုံရသည်။ ကျောက်မျက်ရတနာနှင့် သစ်မှောင်ခို စသည့် တရားမဝင် လုပ်ငန်းများမှကျပ်ငွေကြေးအမြောက်အမြားဝင်လာခြင်းကြောင့်လည်း ဖြစ်သည်။ ထို့အတူ မူးယစ်ဆေးဝါးအရောင်းအဝယ်ကငွေဘီလီယံချီ ဝင်လာနိုင်သည်။ ထိုကဲ့သို့ အမြောက်အမြားဝင်လာသော ငွေများက အမေရိကန်ဒေါ်လာနှင့် လဲလှယ်လိုက်သောအခါ ဒေါ်လာခုန်တက်လာပြီး မြန်မာငွေကျဆင်းသွားခြင်းဖြစ်သည်။
မြန်မာအစိုးရငွေကြေးအကျပ်အတည်းကို ဖြေရှင်းပုံကနည်းနည်းတော့ရှုပ်ထွေးသည်။ မြန်မာငွေကြေးမှာ အသက်ဝင်သောနိုင်ငံခြားငွေကြေးဈေး ကွက်မရှိ။ သူက နိုင်ငံခြားငွေအတွက် ထိုငွေကြေးကိုသယ်လာနိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် မှီခိုနေသည်။
သို့သော်လည်း တိုင်းပြည်နာ လန်ထစအချိန်တွင် ပြည်တွင်း၌ အကြီးအကျယ်လိုအပ်နေသည့် သွင်းကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရန် ထိုငွေကို လျင်လျင်မြန်မြန်သုံးစွဲနေရသည်။ ပြီးခဲ့သည့်နှစ်က ငွေကြေးဖောင်းပွမှု ၅ဒသမ ၈ရာခိုင်နှုန်းရှိခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်မှ ငွေကြေးဖောင်းပွမှု ၇ရာခိုင်နှုန်းမှ၁၀ ရာခိုင်နှုန်းထိရောက်နိုင်သည်ဟု မျှော်မှန်းထားသည်။
ထိုအချက်က မြန်မာနိုင်ငံ အနေဖြင့်စီးပွားရေးတိုးတက်မှု ထိန်းသိမ်းထားရန် အဓိကပြဿနာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ကပြောကြားထားပါသည်။
Ref : 7daydaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties