By 7daydaily, Shweproperty.com
Updated at 23 November 2016
ငွေစက္ကူပေါ်ရှိ ရုပ်ပုံပြောင်းလဲရိုက်နှိပ်ထုတ်ဝေခြင်း ကို နိုင်ငံတော်စီးပွားရေးတည်ငြိမ် ပြီး သင့်လျော်သည့် ကာလရောက်ချိန်တွင် ဆောင်ရွက်ပေး မည်ဖြစ် ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြော ကြားသည်။
လက်ရှိ သုံးစွဲနေသည့် ငွေ စက္ကူများပေါ်တွင် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံကို အစားထိုး ရိုက်နှိပ်ထုတ်ဝေသုံးစွဲရန် အစီအ စဉ်ရှိ၊ မရှိမေးခွန်းကို နိုဝင်ဘာ ၂၂ ရက်က ကျင်းပသောပြည်သူ့လွှတ် တော်အစည်းအဝေး၌ ပြန်လည် ဖြေကြားရာတွင် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌက ယင်းသို့ ထည့်သွင်းဖြေ ကြားခြင်းဖြစ်သည်။
‘‘ငွေစက္ကူအသစ် ရိုက်နှိပ် ထုတ်ဝေမယ်ဆို လှည့်လည်သုံးစွဲ နေတဲ့ ငွေပမာဏကို လဲလှယ်ပေး နိုင်ဖို့အတွက် လဲလှယ်သုံးစွဲတဲ့ ပမာဏနီးပါးကို မှာကြားရိုက်နှိပ် ရမှာဖြစ်ပါတယ်’’ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောသည်။
လှည့်လည် သုံးစွဲနေသော ငွေစက္ကူတစ်ခုကို အပြည့်အဝလဲ လှယ်ပေးမည်ဆိုပါက ရိုက်နှိပ်ရ မည့် ပမာဏသည် ကျပ်ဘီလီယံ တစ်ရာခန့် ကုန်ကျမည်ဖြစ်ပြီး အသုံးများသော ငွေစက္ကူများအ တွက် ရိုက်နှိပ်မည်ဆိုပါက ကျပ် ဘီလီယံသုံးရာကျော်ကုန်ကျမည် ဟု ၎င်းက ဆိုသည်။
ပုံစံသစ် ငွေစက္ကူများကို ထုတ်ဝေမည်ဆိုပါက လက်ရှိ သုံး စွဲနေသည့် ငွေစက္ကူများကို ဖျက် ဆီးရန် လိုအပ်မည်ဖြစ်ပြီး ယင်း အတွက် ကုန်ကျစရိတ်လည်း ရှိ လာမည်ဖြစ်သည့်အပြင် ပုံစံအမျိုးမျိုးရှိနေသည့် ငွေစက္ကူအပေါ် ပြည်သူများ၏ယုံကြည်မှု အားနည်း လာနိုင်ကြောင်း ဗဟိုဘဏ်ဒုဥက္က ဋ္ဌက လွှတ်တော်သို့တင်ပြခဲ့သည်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ငွေ စက္ကူပုံစံများနှင့်ပတ်သက်၍ ဗဟို ဘဏ်ဥပဒေပုဒ်မ ၆၅ တွင် ဗဟို ဘဏ်သည် ငွေစက္ကူများနှင့် ဒင်္ဂါး များ၏တန်ဖိုး၊ အဆင်အပြင်၊ ဖွဲ့ စည်းပါဝင်သည့် ဝတ္ထုပစ္စည်းနှင့် အခြားခွဲခြားနိုင်သည့် လက္ခဏာ များကို အစိုးရအဖွဲ့၏သဘောတူ ညီချက်ဖြင့် သတ်မှတ်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း ပြောသည်။
ထို့ပြင် ငွေစက္ကူအမျိုးအစား ပြောင်းလဲသုံးစွဲမှုနှင့် ပတ်သက်၍ ပုဒ်မ ၆၆ တွင် ဗဟိုဘဏ်သည် မည်သည့် ငွေစက္ကူအမျိုးအစားကို မဆို ပြောင်းလဲသုံးစွဲရန် လိုအပ် ပါက အစိုးရအဖွဲ့၏သဘောတူ ညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ယင်းဆောင်ရွက်ချက် အခြေအ နေကို အနီးစပ်ဆုံး ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးသို့ တင်ပြကာ အတည်ပြုချက်ရယူရမည်ဟု ပါရှိကြောင်း လွှတ်တော်သို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ က တင်ပြသည်။
လက်ရှိ လှည့်လည်သုံးစွဲနေ သော ငွေများလဲလှယ်ရန် အခက်အခဲရှိနေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများကိုနိုင်ငံတော် စီးပွားရေး တည်ငြိမ် သော အချိန်၊ သင့်လျော်သောကာ လတွင် ပုဒ်မ ၆၆၊ ၆၅ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေး မည်ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၂၂ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးကံမြင့်က ငွေစက္ကူများ ပေါ်၌ ခင်္သြေ့ရုပ်၊ ဆင်ရုပ်များ အစား အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို အစားထိုးရိုက်နှိပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းခြင်းဖြစ် သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties