By mizzima, Shweproperty.com
Updated at 3 November 2014
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ကျပ်ငွေ ၁၂ ဘီလျံကုန်ကျမည့် တန်ဖိုးမျှ အိမ်ရာစီမံကိန်း စတင် အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း စစ်ကိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။
စတုရန်းပေ ၅၁၅ ပေရှိသည့် တိုက်ခန်းပေါင်း ၈၈၀ ပါဝင်သည့် အဆိုပါစီမံကိန်းအား ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားရန် စီစဉ်နေသည်ဟုတိုင်းဦး စီးမှူး ဦးနိုင်လင်းက ဆိုသည်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးပြီး ဒီစီမံကိန်း အကောင်အထည်ဖော်နေတာပါ။ ခန့်မှန်း ကုန်ကျငွေ ၁၂ ဘီလီယံ မှန်းထားပြီး ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို တည်ဆောက်ခိုင်းမှာပါ။ ထွက်လာတဲ့အခန်း အရေအတွက်နဲ့ ကုန်ကျငွေကို တွက်ချက်ပြီး လုပ်ငန်းရှင်စိုက်ထုတ်ငွေနဲ့ အကျိုးအမြတ်ပြန်ခွဲပေးမှာ”ဟု ဆိုသည်။
မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်အတွင်းရှိ မြေဧရိယာ ငါးဧကပေါ်တွင် အဆိုပါစီမံကိန်းအကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ရှစ်ခန်းတွဲ ငါးထပ်တိုက်၁၂လုံးပါဝင် မည်ဖြစ်ပြီး မန္တလေးတန်းဖိုးနည်းအိမ်ရာပုံစံကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
တန်းဖိုးမျှတိုက်ခန်းတစ်ခုလျှင် ကျပ်သိန်း ၁၁၀ နီးပါးဖြင့်ရောင်းချနိုင်မည်ဟု မျှော်မှန်းထားသော်လည်း အသေး စိတ်အချက်အလက် များကို ဆောက်လုပ်ရေး လုပ်ငန်းပြီးစီးချိန်မှသာ အတိအကျပြောဆိုနိုင်မည်ဟု ဆိုသည်။
တိုင်းအစိုးရမှ အကောင်အထည်ဖော်သည်ဟုဆိုသော်လည်း ထွက်ရှိလာသည့်တိုက်ခန်းများကို အစိုးရဝန်ထမ်း များအပြင် ပြည်သူများကိုပါ တစ်ပြေးညီရောင်း ချပေးမည်ဖြစ်ကြောင်းလည်း စစ်ကိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties