By မျိုးမင်းဦး, Shweproperty.com
Updated at 14 March 2014
မုံရွာမြို့သစ် ရပ်ကွက်များ အ တွင်း ကိုယ့်အားကိုယ်ကိုးလမ်း များဖောက်လုပ်ပြီးစီးချိန် လမ်း ဘေးဝဲယာ အိမ်ခြံမြေဈေး နှစ်ဆ ခန့်မြင့်တက်သွားကြောင်း မုံရွာ မြို့ခံအိမ်ခြံမြေအကျိုးဆောင်များ ကပြောကြားသည်။
‘‘မုံရွာမြို့လယ်ရပ်ကွက်တွေ မှာ ၀ယ်လိုအား များပေမယ့် ရောင်းလိုအားနည်းသွားပြီ။ အိမ် ခြံမြေ၀ယ်တဲ့သူတွေက မြို့သစ် ပိုင်းေ တွ မှာ ဦး စားေ ပးေ ရြး ၀ ယ် တယ်။ အထူးသဖြင့် လမ်းကောင်း တဲ့နေရာတွေ ၀ယ်လိုအားများ တယ်။ ဒီနှစ် နန္ဒ၀န်ရပ်ကွက်၊ သလ္လာမြို့သစ် ရပ်ကွက်တွေမှာ ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်း ခင်းပြီးတာနဲ့ အိမ်ခြံမြေဈေးက ထက်ဝက်ကို တက်သွားတယ်။
အရင်ပေ ၈၀×၆၀ တစ်ကွက် သိန်းနှစ်ရာကိုတောင် ၀ယ်မယ့်သူ မရှိတဲ့ မြေကွက်တွေက လမ်း လည်းခင်းပြီးရော သိန်းငါးရာ ကနေ ခုနစ်ရာအထိတက်သွား တယ် ဟု မုံရွာမြို့နန္ဒ၀န်ရပ်ကွက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ကဆိုသည်။
‘‘အခု သလ္လာမြို့သစ်ရပ် ကွက်အတွင်းက ရေကူးကန်လမ်း မကြီးကို ဟက်ပီးလိုက်ကလေး ကစားကွင်းနဲ့ မိုးကုတ်ဝိပဿနာ ရိပ်သာဆရာတော်တို့ ကိုယ့်အား ကိုယ်ကိုး ကတ္တရာလမ်းခင်းမယ် ဆိုတဲ့သတင်းတွေထွက်ပေါ်လာ တဲ့ေ နာ က် အ ၀ ယ်လိုက်လာ တယ်။ ရေကူးကန်လမ်းမြောက် ဆုံးမြေကွက်တွေဆို ပြီးခဲ့တဲ့နှစ် တုန်းက သိန်းငါးဆယ်ဝန်းကျင်ပဲ ရှိတာ။ အခုသိန်းသုံးရာတောင် မရောင်းတော့ဘူး။ အလယ်ပိုင်း ကမြေကွက်တွေက ပြီးခဲ့တဲ့နှစ် တုန်းက သိန်းသုံးရာဝန်းကျင်က အခုသိန်းလေးရာကျော်မှရောင်း တယ်။ ရေကူးကန် ၀န်းကျင်က မြေကွက်တွေက တစ်ကွက်ကို သိန်းငါးရာကနေ သိန်းရှစ်ရာ အထိဆိုနေပြီ။ ဒါတောင်လမ်း မခင်းရသေးဘူး။ လမ်းခင်းမယ့် သတင်းကြောင့် အ၀ယ်လိုက်နေ ဟု မုံရွာမြို့ခံ အိမ်ခြံမြေ အ ကျိုးဆောင် ကိုဇော်ကြီးက ပြော ကြားသည်။
မုံရွာ စက်မှုဇုန်ရပ်ကွက် အေးရိပ်သာ လမ်းဘေးဝဲယာ ပေ ၈၀×၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်း ၅၀၀ မှ သိန်း ၇၀၀ ၀န်းကျင်၊ အတွင်းပိုင်းရှိ ပေ ၈၀×၆၀ မြေကွက်တစ်ကွက်လျှင် နေရာဒေသအလိုက် ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၄၀၀ ၀န်းကျင်၊နန္ဒ၀န်ရပ်ကွက် ဗိုလ်တေဇလမ်း ဘေးဝဲယာမြေကွက်တစ်ကွက် လျှင် သိန်း ၇၀၀ မှ သိန်း ၈၀၀၊ ဂေါ်သဇင်လမ်းဘေးဝဲယာမြေ တစ်ကွက်လျှင် ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၅၀၀ ၀န်းကျင် အထိ ဈေးတက်နေသည်ဟုဆိုသည်။
ဗိုလ်ချုပ်လမ်းမကြီးဝဲယာရှိ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံ မြေငှားရမ်းခ နှုန်းထားများမှာ နှစ်ဆန်းကာလထက် နှစ်ဆခန့် မြင့်တက်ခဲ့သည်ဟု အိမ်ခြံမြေ အ ကျိုးဆောင်များကဆိုသည်။
Ref : 7Days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties