By 7daydaily, Shweproperty.com
Updated at 1 February 2016
ရန်ုကုန်မြို့ရှိ မဟာဗန္ဓု လအငှားအိမ်ရာကို အိမ်ပိုင်မရှိသူ များအား တစ်လလျှင် ကျပ်သုံး သောင်းနှုန်းဖြင့် ငှားရမ်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန် သည်။
အိမ်ရာတွင် နေထိုင်ခွင့်အ တွက် ဖေဖော်ဝါရီ ၁ ရက်မှစတင် ကာ ၁၅ ရက်အတွင်း လျှောက် ထားနိုင်ပြီဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မဟာဗန္ဓုလအိမ်ရာကို ဒဂုံ မြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ အမှတ်(၂) လမ်းနှင့် ဗန္ဓုလလမ်း ထောင့်တွင် ၂၀၁၅ ဒီဇင်ဘာက တည်းက ဆောက်လုပ်နေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၂၀ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု ဦးကျော်စိုးက ပြော သည်။
‘‘ခန့်မှန်းထားတာကတော့ မတ်လကုန်လောက်မှာပြီးစီးမယ်။ အဲဒီမတိုင်ခင် နေထိုင်ခွင့်ရနိုင် မယ့်သူတွေ ရွေးချယ်မှာပေါ့’’ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့အစီအစဉ်ဖြင့် ဆောက် လုပ်နေသည့် အဆိုပါအခန်းများ ကို အမှန်တကယ်အိမ်ပိုင်မရှိသူ များ နေထိုင်နိုင်ရန် စီစဉ်ပေးမည် ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ယင်းအစိုးရအဖွဲ့ရုံး၌ လျှောက် လွှာများ လက်ခံပေးမည်ဟု သိရ သည်။
‘‘ကျွန်တော်တို့အစိုးရသက် တမ်းအတွင်းမှာတော့ ရရှိလာ မယ့် အခန်းတွေကို ဈေးသက် သက်သာသာနဲ့နေနိုင်အောင်လုပ် ပေးတဲ့သဘောပါ။ လျှောက်တဲ့သူ များရင် ထင်သာမြင်သာစွာမဲနှိုက် ပြီး ရွေးပေးသွားမှာဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေးနှင့် စွမ်းအင်ဝန် ကြီးဦးကျော်စိုးက ပြောသည်။
အိမ်ရာငှားရမ်းနေထိုင်ခွင့် အတွက် လျှောက်လွှာများရောင်းချပေးမည်မဟုတ်ဘဲ သက်ဆိုင် ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးများတွင် လျှောက် လွှာပုံစံကပ်ထားပေးမည်ဖြစ်ရာ လျှောက်ထားလိုသူများသည် ယင်း ပုံစံအတိုင်း ကွန်ပျူတာစာစီ၍ဖြစ် စေ၊ လက်ရေးဖြင့်ရေး၍ဖြစ်စေ မိမိအစီအစဉ်ဖြင့် လျှောက်ထား နိုင်သည်ဟုဆိုသည်။
လျှောက်ထားသူမှာ ရန်ကုန် တိုင်းဒေသကြီးအတွင်း နေထိုင် သည့် အိမ်ထောင်စုစာရင်းရှိသူ ဖြစ်ကြောင်း ပုံစံ ၆၆/၆ အိမ် ထောင်စု စာရင်းရှိရမည်ဖြစ်ပြီး အိုးပိုင်၊ အိမ်ပိုင် မရှိသူဖြစ်သည် ဆိုသည့်သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံချက် ပြသရမည်ဖြစ်ကာ နေထိုင်ခွင့်ရရှိ ပါက အငှားစနစ်ဖြစ်သည့်အ တွက် လက်လွဲှငှားရမ်းခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန် သတ် မှတ်ထားသည်။
နေထိုင်ခွင့်ရရှိသူများကို ၎င်းတို့အစိုးရလက်ထက်အတွင်း ၌ပင် ချထားပေးမည်ဖြစ်ပြီး မရရှိ သူများအနေဖြင့် နောက်ပိုင်းအ လားတူစီမံချက်များတွင် ဦးစား ပေးရန်ရှိ၊ မရှိမှာ နောက်အစိုးရ၏ အစီအမံဖြင့်သာ သက်ဆိုင်မည် ဟုဆိုသည်။
အဆိုပါအငှားအိမ်ရာမှာ ခြောက်ခန်းတွဲ လေးထပ်တိုက် များဖြစ်ပြီး လှေကားသုံးစင်းပါဝင် ကာ အခန်းအကျယ်မှာ ပေ ၂၅ ပတ်လည်ခန့်ရှိကြောင်း သိရ သည်။
ရန်ကုန်မြို့တွင် အိမ်ရာပိုင် ဆိုင်မှုမရှိသူ အိမ်ထောင်စုသိန်းချီ ရှိနေပြီး ပထမဆုံးချထားပေးမည့် အခန်းအရေအတွက်မှာ တစ် ထောင်ကျော်သာရှိသည့်အတွက် လိုအပ်သည့်အရေအတွက်နှင့် မျှ တမှုမရှိဖြစ်နေသည်ဟု မြို့ခံများ ကပြောသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties