By The Kumudra, Shweproperty.com
Updated at 8 June 2016
စစ်ကိုင်းတိုင်း ဒေသကြီးကသာမြို့နဲ့ ထီးချိုင့်မြို့တွေမှာ အခြေခံလူတန်းစားတွေအတွက် တစ်လကျပ် (၃၀၀၀၀)၊ နှစ် (၃၀) အရစ်ကျရောင်းချမယ့် အိမ်ရာစီမံကိန်းတွေဆောက်လုပ်မယ်လို့ The Infrastructure of Myanmar ကုမ္ပဏီ ကသိရပါတယ်။
မြေဧက (၂၀) ပေါ်မှာ အခန်းပေါင်း (၂၅၆၀) ဆောက်လုပ်မှာဖြစ်ပါတယ်။ အခန်းဈေးနှုန်းက ကျပ် ၁၀၈ သိန်းဖြစ်ပါတယ်။တိုက်ခန်းစုစုပေါင်း (၆၀) ရာခိုင်နှုန်းဖြစ်တဲ့ (၁၅၃၆) ခန်းကို တစ်လကျပ် (၃၀၀၀၀) နှုန်းနဲ့ နှစ် (၃၀) အရစ်ကျရောင်းချပေးမှာဖြစ်ပါတယ်။ သည်စီမံကိန်းကို သည်အင်ဖရက်စထရက်ချာအော့ဖ် မြန်မာကုမ္ပဏီနဲ့ စိမ်း၊ဝါ၊နီ ကုမ္ပဏီတို့ ဆောက်လုပ်မှာဖြစ်ပါတယ်။
သံကွန်ကရစ် အမျိုးအစားနဲ့ ဆောက်လုပ်မှာဖြစ်တယ်။ လိုအပ်ချက်ပေါ်မူတည်ပြီး ဆောက်လုပ်မှုဒီဇိုင်းပြောင်းလဲနိုင်ပါတယ်။ စီမံကိန်းမှာ လူနေခန်းတွေ ကျောင်း၊ဈေး၊ရုံးခန်း၊ကားပါကင်၊စီမံခန့်ခွဲမှုရုံးခန်း စတာတွေပါဝင်မှာဖြစ်ပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties