By The Trade Times, Shweproperty.com
Updated at 10 September 2015
တစ်လ ကျပ် (၃၀,၀၀၀) အရစ်ကျ ပေးသွင်းစနစ်ဖြင့် တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်မည့် စီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောက်လုပ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှာ ခွင့်ပြုမိန့် ရရှိခဲ့ကြောင်း သိရသည်။
"အဓိကကတော့ အိမ်ပိုင်မရှိတဲ့သူတွေ အိမ်ပိုင်ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။ နောက်ပြီး အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းဖော်ဆောင်တာ ဖြစ်တာကြောင့် အခြေခံလူတန်းစားတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာစေမှာ ဖြစ်ပါတယ်"ဟု The Infrastructure Of Myanmar မှ ဦးခင်မောင်တိုးက ပြောပါသည်။
ယင်းအိမ်ရာ ဖော်ဆောင်ရေး စီမံကိန်းအား တိုင်းနှင့် ပြည်နယ် (၁၄) ခုတို့တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး စုစုပေါင်းအခန်းနှစ်သန်းကျော် ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ယင်းအိမ်ရာမျိုးကို ကရင်ပြည်နယ်တွင် ဆောက်လုပ်ရန် စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။
"အခုလက်တလောမှာ ခွင့်ပြုချက်တင်ထားတဲ့ တိုင်းနဲ့ ပြည်နယ်တွေ အသီးသီးမှာ ရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီးကိုလည်း တင်ထားပြီးသားပါ။ ရန်ကုန်တိုင်းဒေသကြီးကတော့ မြေနေရာရှာဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်စာရောက်ရှိပြီး ဖြစ်တယ်"ဟု The Infrastructure Of Myanmar မှ ဒါရိုက်တာတစ်ဦးက ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties