By Myanmar Times, Shweproperty.com
Updated at 15 May 2019
မုံရွာမြို့၏အဓိကလမ်းကြီးနှစ်သွယ်ဖြစ် သော ကျောက်ကာလမ်းနှင့်သာစည်လမ်းကြား နှင့် သာစည်လမ်းမြောက်ပိုင်း ချမ်းမြဝတီရပ် ရှိ မြေကွက်များ၏အရောင်းအဝယ်သည် လက် ရှိကာလ၌ လက်လှမ်းမီသည့်ဈေးနှုန်းရှိသောကြောင့် သွက်လက်လျက်ရှိနေကြောင်း အိမ်ခြံ မြေအကျိုးဆောင် ဦးအောင်ဆန်းထံမှ သိရ သည်။
အဓိကထားဝယ်
"ချမ်းမြဝတီရပ်က မုံရွာတက္ကသိုလ် ဆရာ အတတ်သင် တက္ကသိုလ်နားဝန်းကျင်မှာ အဆောင် ဆောက်ဖို့အဓိကထားဝယ်ကြတာပါ။ ဆရာ အတတ်သင်နားက ၃၇ ပေခွဲ × ပေ ၅၀ နဲ့ မုံရွာတက္ကသိုလ်နားက ပေ ၆၀× ပေ ၈၀ တွေ အရောင်းအဝယ်ဖြစ်နေတယ်။ ပေ ၆၀×၈၀ ဆိုရင် သိန်း ၅၅၀ ပတ်လည်လောက် ဈေး ပေါက်တယ်။ ၃၇ ပေခွဲနဲ့ ပေ ၅၀ က သိန်း ၁၂၀ လောက် ဈေးပေါက်တယ်။ ဂရန်ပေါက် တွေချည်းပဲ"ဟု ဦးအောင်ဆန်းက ပြောဆိုသည်။
ဝယ်သူရှား
ယခင်အိမ်ဝင်းလှောင်ထားသူများက ထုတ် ရောင်းကြခြင်းဖြစ်ပြီး အညာဒေသမှော်တွင်း ရွှေသမားများက အများဆုံးဝယ်ကြရာ အိမ်ဝင်း လှောင်ထားသူများသည့်အတွက် ရောင်းသူများ ပြီး ဝယ်သူရှားနေကြောင်း သိရသည်။
အရောင်းအဝယ်ဖြစ်
"ရောင်းမယ့်သူအားနဲ့ယှဉ်ရင် ဝယ်သူ အားနည်းနေတာပေါ့။ ရောင်းမယ့်သူ ၁၀ ဦး မှာ ဝယ်ချင်သူက တစ်ဦးလောက်သာရှိတဲ့ သဘောပါ။ အခုလောလောဆယ်မှာ ချမ်းမြ ဝတီနဲ့ မြို့သစ်မှာအရောင်းအဝယ်ဖြစ်နေ တယ်။ ချမ်းမြဝတီရပ်က ပိုဖြစ်နေတယ်။ အခု သင်္ကြန်အပြီးကာလမှာ အရောင်းအဝယ်ကောင်း တဲ့ရာသီဆိုတော့ အလုပ်ဖြစ်တယ်။ သင်္ကြန်မတိုင် ခင်ထက် အခုသင်္ကြန်ပြီးတဲ့အချိန်ကအရောင်း အဝယ်ပိုဖြစ်တယ်။ အရောင်းအဝယ်က နှစ်ဆ လောက်ကောင်းနေတယ်။ ချမ်းမြဝတီမှာဆိုရင် တစ်ရက်ကို အိမ်ဝိုင်းငါးဝိုင်းနဲ့ ရှစ်ဝိုင်းကြား အရောင်းအဝယ်ဖြစ်နေတယ်" ဟု ဦးအောင် ဆန်းက ပြောဆိုသည်။
အရေးကြီး
မုံရွာမြို့တွင် အိမ်ခြံမြေအကျိုးဆောင် များ အရင်ကထက်သုံးဆလောက်ပိုများလာနေ ပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တွင် တချို့ကအသင်းဝင်ထားပြီး တချို့ကအသင်း ဝင်မထားကြသော်လည်း အရောင်းအဝယ် လုပ်သည့်နေရာတွင် အသင်းဝင်ထားခြင်း၊ မဝင်ထားခြင်းကအရေးမကြီးဘဲ မိတ်ဆွေ (အပေါင်းအသင်း)ကအရေးကြီးပြီး စာရွက် စာတမ်းစိတ်ချရရန် အရေးကြီးကြောင်း အိမ်ခြံ မြေအကျိုးဆောင်တစ်ဦးထံမှ သိရသည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties