By Messenger, Shweproperty.com
Updated at 28 August 2015
စစ်ကိုင်းတိုင်းမြို့တော် မုံရွာမြို့တွင် ပထမဦးဆုံး အဖြစ် အဆင့်မြင့် ကွန်ဒို အိမ်ရာစီမံကိန်း တစ်ခုကို ယခု နှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ကွန်ဒိုအိမ်ရာ တည်ဆောက်မည့် View ကုမ္မဏီထံမှ သိရသည်။
မုံရွာမြို့ ဒေါနခြံ ရပ်ကွက်၌ တည်ဆောက်မည့် အဆိုပါ ကွန်ဒို အိမ်ရာ စီမံကိန်းကြီးတွင် အခန်းပေါင်း (၁၂၈) ခန်း ပါဝင်မည်ဖြစ်ပြီး၊ အခန်း တစ်ခန်းလျှင် စတုရန်းပေ (၁၂၀၀) မှ (၂၀၀၀) အထိ အကျယ်အဝန်းရှိပြီး အထပ်ပေါင်း (၁၅) ထပ်အထိ တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
''ချင်တွင်းမြစ် အလှကိုလည်း လှမ်းကြည့်နိုင်အောင် View ကိုလည်း စီမံထားပါတယ်။ ကားပါကင်လည်း ထည့်သွင်း တည်ဆောက်မယ်။ အထပ်မြင့် ကွန်ဒို တည်ဆောက်မှာပါ။ အိမ်ရာ အတွင်းမှာလည်း နေထိုင်သူတွေ အဆင်ပြေစေဖို့ လုံခြုံရေး စနစ်ကိုလည်း ထည့်သွင်း တည်ဆောက် ပေးသွားမယ်။ အခန်းတိုင်းကို ကုတ်တံခါးတွေကိုပဲ တပ်ဆင်ပေးသွားမယ်။
ဈေးနှူန်းကတော့ သိန်း (၁၀၀၀) ကနေ သိန်း(၃၀၀၀) အကြား သတ်မှတ် ထားပါတယ်။ အခန်း အမျိုးအစားကို လိုက်ပြီး ရောင်းချပေးသွားမယ်'' ဟု Rose Wood ကုမ္ပဏီမှ ဥက္ကဋ္ဌ ဖြစ်သူ ကိုထက်နိုင်ဝင်းက The Messenger Media သို့ပြောသည်။
အဆိုပါ ကွန်ဒို အိမ်ရာ စီမံကိန်းကြီးအား ယခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် စတင် တည်ဆောက်ရန် လျာထားပြီး MOU ထိုးပြီးပါက ဆောက်လုပ်မှု အပိုင်းကို စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
'' Rose Wood ကုမ္ပဏီက တင်ဒါအောင်သွားတာပါ။ စင်ကာပူ ဒီဇိုင်းကို ရေးဆွဲပြီး တည်ဆောက်ပေးမှာပါ။ ကွန်ဒို အိမ်ရာထဲမှာလည်း နိုင်ငံတကာ အဆင့်မီ တည်ဆောက်မှုတွေကို ဝန်ဆောင်မှု ပေးနိုင်အောင် စီမံချက်တွေ ပါရှိပါတယ်။
ပြီးတော့ လူမှုပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေး အတွက် စွန့်ပစ် ရေဆိုးတွေကို ရေသန့်စနစ်ပြောင်းပြီး ထုတ်လွှတ်ဖို့ကိုလည်း ညွှန်ကြား ထားပါတယ်'' ဟု တိုင်းဒေသကြီး အိုးအိမ်နှင့် မြို့ရွာ ဖွံ့ဖြိုးမှု ဦးစီးဌာနမှ တိုင်းဦးစီးမူး ဦးနိုင်လင်းက The Messenger Media သို့ပြောသည်။
အဆိုပါ ကွန်ဒို အိမ်ရာ စီမံကိန်းကြီး၏ ဖောင်ဒေးရှင်း အပိုင်းကို ငလျင်ပြင်းအား (၆ ဒသမ ၅) အဆင့်ထိ ခံနိုင်အောင် တည်ဆောက် ပေးသွားမည်ဖြစ်ပြီး၊ ယင်းအိမ်ရာအတွင်း၌ Ball Room ၊ Business Center ၊ Meeting Room တို့အပြင် Small Market တစ်ခုကိုလည်း ထည့်သွင်းကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ဒို အိမ်ရာ စီမံကိန်းကြီးနှင့် အတူ အထပ်မြင့် ဟိုတယ် တစ်ခုကိုပါ ပူးတွဲ တည်ဆောက်မည် ဖြစ်သဖြင့် အမေရိကန် ဒေါ်လာသန်း (၂၈၀) ခန့် ကုန်ကျမည် ဖြစ်ကြောင်း အဆိုပါ Rose Wood ကုမ္ပဏီထံမှ သိရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties