By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 11 January 2018
Diamond Inya Palace ကွန်ဒိုဟာ ရန်ကုန်မြို့မှာ အခြားကွန်ဒိုတွေနဲ့ မတူဘဲ Facilities အမျိူးအစား အများဆုံးနဲ့ ပြီးပြည့်စုံတဲ့ လူနေမှုဘဝကို ပုံဖော်ပေးထားတဲ့ တစ်ခုတည်းသော ဘုံနန်းတစ်ခုဆိုရင်လည်း မမှားပါဘူး။
Diamond Inya Palace ကွန်ဒိုမှာ ကြည်နူးစိတ်ချမ်းမြေ့စရာ မြင်ကွင်းတွေအပြင် ကွန်ဒိုမှာ နေထိုင်သူတွေအတွက် ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကိုပုံဖော်ဖို့ Facilities ပေါင်း ၆၀ ကျော်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
ကွန်ဒိုရဲ့ Ground Floor မှာဆိုရင် အဓိကအားဖြင့် Reception Lounge ၊ Cafe ၊ Car Wash ၊ Clinic ၊ Beauty Saloon ၊ Restaurant ၊ Landscape Garden ၊ Water Feature ၊ Bakery ၊ Launderette နဲ့ Mini Mart စတဲ့ Facilities တွေနဲ့ အခြား Facilities တွေကို ထည့်သွင်းထားတာကြောင့် နေထိုင်သူတွေ အဖို့ အခြားနေရာကို အချိန်ပေးသွားစရာမလိုဘဲ ကွန်ဒို မှာပဲ ကားရေဆေးခြင်းတွေ၊ သူငယ်ချင်းတွေနဲ့ ကော်ဖီသောက်တာတွေ လုပ်နိုင်သလို၊ အမျိုးသမီးတွေ အတွက်လည်း ဈေးဝယ်ထွက်ခြင်း၊ အလှအပ ချယ်သခြင်းတွေကို Ground Floor မှာလုပ်နိုင်ပါတယ်။ ဒီလို Facilities ပြည့်ပြည့်စုံစုံ ရှိတာကြောင့် အခြားနေရာကို ကားကြပ် အချိန်ကုန်ခံ သွားစရာမလိုတော့ပါ။ အကျိုး ကျေးဇူးအနေနဲ့ ကိုယ်ပိုင်အချိန်တွေ ပိုထွက်လာမှာဖြစ်ပါတယ်။
6th Floor မှာဆိုရင်လည်း အဓိက လိုအပ်ချက်ဖြစ်တဲ့ Children’s Playground ၊ Games Room ၊ Pavilion ၊ Snack Bar ၊ Tai Chi Corner ၊ Pool Bar ၊ Pool Deck ၊ Cocktail Lounge & Pre-function Room ၊ Table Tennis ၊ Billiard Room ၊ BBQ Area ၊ Man and Female Steam Room’s ၊ Business Lounge ၊ Mini Banquet Area နဲ့ Olympic Size Swimming တို့ကိုထည့်သွင်း တည်ဆောက်ထားပါတယ်။ Olympic Size Swimming ဟာဆိုရင် နိုင်ငံတကာ Olympic Size Swimming စံနှုန်းအတိုင်း တည်ဆောက်ထားတဲ့ ရန်ကုန်မြို့မှာ အရှည်ဆုံးနဲ့ အကြီးဆုံး ရေကူးကန်ကြီး ဖြစ်ပါတယ်။ ရေကူူးကန်မှာ ကလေးတွေ ရေကူးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရေး နဲ့ ခန္ဓာကိုယ် အလှအပကို တန်ဖိုးထားသူတွေအတွက် Aerobic ကစားဖို့နေရာနဲ့ Yoga ကစားဖို့ နေရာတွေကိုလည်း ထည့်သွင်းထားသလို Facilities ပေါင်း ၂၀ ကျော်ကို ထည့်သွင်းထားပါတယ်။
22nd Floor မှာဆိုရင်လည်း ရေးကူးးကန်တစ်ခုရှိမှာဖြစ်သလို Business Centre ၊ Foot Reflexology ၊ Indoor Gymnasium ၊ Swimming Pool ၊ Spa ၊ BBQ Area ၊ Reading Pavilion နဲ့ အားလပ်ရက်တွေမှာ ဘောပွဲကြည့်ဖို့ ဝါသနာပါသူတွေအတွက်လည်း သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး ဘောလုံးပွဲကြည့်နိုင်မယ့် Football Lounge ကိုထည့်သွင်းတည်ဆောက်ထားပါတယ်။ အားသာချက်တစ်ခုအနေနဲ့ နေထိုင်သူအားလုံးဟာ 22nd Floor အထိ Facilities တွေကို အသုံးပြုခွင့်ရမယ့် အပြင်
- Sky Lounge
- Massage / Therapeutic Room
- Viewing Deck
- Pinic Coner
- Function Area
- Meditation Deck
- Business Centre
Pool Deck စတဲ့ Facilities အမျိုးအစားပေါင်းများစွာကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ထူးခြားချက်အနေနဲ့ တခြားကွန်ဒိုတွေမှာ မရနိုင်တဲ့ ရန်ကုန်မြို့ရဲ့ ၃၆၀ မြင်ကွင်းကိုလည်း Diamond Inya Palace ကမြင်တွေ့ နိုင်မှာဖြစ်ပါတယ်။
Diamond Inya Palace အဆင့်မြင့် ကွန်ဒိုရဲ့ ၂၂ လွှာမှ ရွှေတိဂုံဘုရားမြင်ကွင်း ၊ အင်းယားကန်မြင်ကွင်း အပြင် စိမ်းလန်းသော သစ်ပင်တွေ နဲ့ တိုက်တာ အဆောက်အဦးတွေရဲ့ အရောင်မျိုးစုံတဲ့ မြင်ကွင်းတွေကို ပန်းချီကားတစ်ချပ်လို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် Diamond Inya Palace မှာ နေထိုင်သူတွေဟာ ပြီးပြည့်စုံသော လူနေမှုဘဝပုံစံတစ်ခုကိုု ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Written By : Win Kyaw Kyaw (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties