By Sint Sint, Shweproperty.com
Updated at 19 October 2020
ခြင်ဆေးခွေတွေနဲ့ ပိုးသတ်ဆေးဗူးတွေနဲ့ ခြင်သတ်နေမယ်ဆိုရင် ရေရှည်မှာ သင့်ရဲ့ အဆုတ်အပါအဝင် တခြားသော ကျန်းမာရေးဆိုးကျိုးတွေကို ခံစားရမှာဖြစ်တဲ့အတွက် အသုံးမပြုသင့်ပါဘူး။ အဲဒီအစား သဘာဝနည်းလမ်းနဲ့ ခြင်တွေကိုပြေးစေဖို့အတွက် အိမ်ထဲနဲ့ အိမ်ပတ်ပတ်လည်မှာ စိုက်ထားသင့်တဲ့ အပင်လေးတွေ (၅) မျိုးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
Basli
ဟင်းချက်တဲ့အခါ အသုံးပြုကြတဲ့ basli ကို အပင်သေးလေးခွဲထုတ်ပြီး အိမ်နေရာအနံှ့မှာထားပေးရင် ခြင်စုဝေးခြင်းကို မဖြစ်ပါဘူး။
Lavender
လာဗင်ဒါပန်းရနံ့ကတော့ အိပ်ပျော်စေတယ်၊ စိတ်ဖိဆီးမှုပြေပျောက်စေတယ်ဆိုပေမယ့်လို့ တစ်ဖက်မှာလည်း ခြင်ပြေးစေတဲ့အစွမ်းရှိနေပါတယ်။ ခြင်တင်မဟုတ်ဘဲ ပိုးမွှားတွေကိုလည်း မောင်းထုတ်ပေးပါတယ်။
Catnip
၂၀၁၀ ခုနှစ်ရဲ့လေ့လာချက်အရ ဒီ catnip အပင်လေးတွေဟာ ပိုးသတ်ဆေးဗူးတွေထက် ခြင်ကိုသေစေနိုင်တာ ၁၀ ဆပိုများပါတယ်။ ခြင်ပြေးပေမယ့် အိမ်မှာကြောင်ရှိရင်တော့ ကြောင်လေးကို ပျော်ရွှင်စေတဲ့ အနံ့တွေထုတ်ပေးတဲ့အပင်လေးပါတဲ့။
ကြက်သွန်ဖြူ
အိမ်မှာကြက်သွန်ဖြူစိုက်ရင် ဟင်းစားလည်းရနိုင်သလို အိမ်တွင်းမှာ ပန်းအိုးလေးနဲ့စိုက်ပေးပါကလည်း ခြင်ပြေးစေပါတယ်တဲ့။
Lemon Balm
ပူစီနံမျိုးနွယ်ဝင်ဖြစ်တဲ့ lemon balm ရဲ့ရှိန်းတိန်းတိန်းစူးရှရှအနံ့ဟာ ခြင်တွေကိုဝေးဝေးပြေးစေပါတယ်။ သူ့ကို အခြောက်ခံပြီး လက်ဖက်ခြောက်အနေနဲ့လည်း သုံးလို့ရတယ်နော်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်မှာ ခြင်ဆေးခွေ ၊ အမွေးတိုင်တွေ အသုံးပြုရင် မဖြစ်မနေသိထားသင့်တဲ့အချက်များ
အိမ်တွင်းမှာ လုံးဝမစိုက်သင့်တဲ့ နဂါးစက်ဂမုန်း
ရေခဲသေတ္တာထဲကို လုံးဝမထည့်ထားသင့်သည့် ပစ္စည်း (၁၀) မျိုး
အိမ်မှာသောင်းကျန်းနေတဲ့ကြွက်တွေကို အပြတ်နှိမ်နင်းနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများ
Credit : Aunty May
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties