By Aye Sandar, Shweproperty.com
Updated at 11 February 2021
တရုတ်ရိုးရာအဆိုအရ မိမိအိမ်တွင်အောက်ဖော်ပြပါ အပင်လေးများကို စိုက်ပျိုးခြင်းဖြင့် စီးပွားလာဘ်လာဘ တိုးပွားစေကာ ကျန်းမာ ကြွယ်ဝခြင်းကို အံ့သြလောက်အောင် ပေးစွမ်းနိုင်စွမ်းရှိပါတယ်။ အိမ်တွင်း စိုက်ပျိုးကြသည့်အပင်များထဲမှ ကံလည်းကောင်း၊ လေလည်းသန့်စင်ပေးနိုင်တဲ့ အပင် ၃ပင်အကြောင်းကို မျှဝေပေးသွားပါမည်။ ဝါးပင်ပု (Lucky Bamboo) တရုတ်ဖုန်းရွှေတို့ရဲ့ အယူအဆအရ Lucky Bamboo ပင်များသည် ပြည့်စုံ ကြွယ်ဝခြင်း၊ ကံကောင်းခြင်းတွေကို ဖိတ်ခေါ်နိုင်စွမ်းရှိသဖြင့် အိမ်တွင် စိုက်ပျိုးသင့်သော အပင်အဖြစ်သတ်မှတ်ခြင်းခံရသည်။ အိမ်ရဲ့ အရှေ့တောင်အရပ်တွင် စိုက်ပျိုးပေးခြင်းဖြင့် ထူးခြားသောစွမ်းအင်များကို ပေးစွမ်းနိုင်သည်ဟုပင် ယုံကြည်သက်ဝင်ကြပေသည်။Lucky Bamboo ပင်ရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့ ရိုးတံပေါ်မူတည်ပြီး အဓိပ္ပာယ်ကွာခြားသွားပေသည်။ ဥပမာ - ရိုးတံသုံးခုဆိုရင် ပျော်ရွှင်ခြင်း၊ ကြွယ်ဝပြည့်စုံခြင်းနဲ့ အသက်ရှည်ခြင်းနိမိတ်ဖြစ်ပြီး၊ ရိုးတံ ၅ခုနဲ့အထက်ဆို ကံကောင်းခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်းကိုပေးစွမ်းနိုင်လေသည်ဟု ပင် ဆိုထားသည် ငွေပင် ( Money Tree Plant) သူ့ရဲ့ နာမည်ဖြစ်ပေါ်လာပုံ ယုံတမ်းပုံပြင်တစ်ပုဒ်ကလည်း ထူးဆန်းလှပေသည်။ သူဆင်းရဲတစ်ယောက်သည် ပိုက်ဆံရဖို့ရာ ဆုတောင်းနေရင်း ထူးဆန်းသောအပင်ငယ်ကို တွေ့ရှိသွားကာ အိမ်သို့ယူဆောင် စိုက်ပျိုးရင်း ထိုအပင်ငယ်မှာ အစေ့များကို ရောင်းချရာမှ ချမ်းသာကံကောင်းသွားလေသည်ဟု ရိုးရာပုံပြင်ရှိဖူးလေသည်။ ထို့ကြောင့်လည်း တရုတ်လူမျိုးများက Money Tree Plant သည် ဝင်ငွေများတိုးပွားလာအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိသည်ဟု သက်ဝင်ယုံကြည်နေကြခြင်းဖြစ်ပေမည်။ ကျောက်စိမ်းပင် (Jade Plant) Japanese Cherry (or) Dollar Plant လို့လူသိများပြီး သူ့ရဲ့ သိပ္ပံအခေါ်ကတော့ Crassula ovata ဖြစ်ပါတယ်။စားပွဲတင်အလှထား စိုက်ပျိုးနိုင်ပြီး လာဘ်ရွှင်၊ ငွေဝင်တိုးကာ အလုပ်အကိုင်အဆင်ပြေသောကြောင့်လည်း Dollar Plant လို့ တင်စားခေါ်ဝေါ်ခြင်းပင်ဖြစ်သည်။ ကျောက်စိမ်းပင်ဟာ အေးမြတဲ့ ခုလို ဆောင်းရာသီချိန်တွင် အပွင့်များပွင့်တတ်ပြီး ကြယ်ပုံစံ အပွင့်အဖြူ (သို့) ချယ်ရီပန်းကဲ့သို့ ပန်းရောင်အဆင်းပွင့်လေ့ရှိပါသည်။သူ့ရဲ့ အရွက်ဝိုင်းဝိုင်းအသွင်ကြောင့် ပိုက်ဆံအကြွေစေ့နဲ့ ဆင်တူခြင်းကြောင့်လည်း ကြွယ်ဝခြင်းနိမိတ်ဆောင်ခြင်းဟု ဆိုဖွယ်ရာရှိပါသည်။အပွင့်လည်းလှ၊ အပင်အရွယ်အစားအားဖြင့်လည်း သေးငယ်သောကြောင့် အလုပ်စားပွဲတွင်လည်း အလှထားစိုက်ပျိုးနိုင်ပါသေးသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မိမိအိမ်ရာဝင်းအတွင်း အပင်စိုက်ပျိုးထားသူများ သတိပြုစရာအချက် ၁၀ ချက် အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ အိမ်တိုင်း စိုက်ပျိုးထားသင့်သည့် ရှားစောင်းလက်ပတ်ပင်ရဲ့ ဆေးဖက်ဝင်ပုံများ ကြွယ်ဝခြင်းနိမိတ်ဆောင်တဲ့ အိမ်တွင်းစိုက် LUCKY အပင်များ Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties