By The Kumudra, Shweproperty.com
Updated at 6 January 2015
ရုပ်ရှင်မြို့တော်တည်ဆောက်မည့်သတင်းကြောင့် လှည်းကူး၊ မှော်ဘီ၊ ညောင်နှစ်ပင် ဘက်တွေမှာ အရင်ကထက် အရောင်းအဝယ် နည်းနည်းပြန်တက်နေတယ်လို့ သိရတယ်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက ရုပ်ရှင်မြို့တော်အတွက် မြေနေရာပေးဖို့ ပြောကြားကတည်းက ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ရှိခဲ့ပေမယ့် အချိန်ကြာသွားတဲ့အတွက် အရောင်းအဝယ်အအေးပြီး ပြန်ငြိမ်သွားခဲ့တာ ဖြစ်ပါတယ်။
ပထဝီမြေအကျိုးဆောင်မှ ဦးအောင်ကျော်ဝင်းက "လှည်းကူးဘက်က အရင်ထက်နည်းနည်းလေးတော့ အရောင်းအဝယ်ဖြစ်နေတယ်၊ ရန်ကုန်နဲ့နီးတဲ့ မှော်ဘီ၊ ညောင်နှစ်ပင်တို့လဲ နည်းနည်းတော့ဖြစ်တယ်၊ ရန်ကုန်က တချို့သူတွေ ဆင်းကြတာရှိတယ်"လို့ ပြောပါတယ်။
ရုပ်ရှင်မြို့တော်တည်ဆောက်ဖို့ကို လှည်းကူးမြို့နယ်မှာ မြေဧက ၂၀၀ ဝန်းကျင်ကို ချပေးထားတာဖြစ်ပါတယ်။ ပဲခူး ဟံသာသတီလေဆိပ်ဝန်းကျင်ကတော့ ဈေးကွက်ပြန်လှုပ်နေတယ်လို့ အကျိုးဆောင်တချို့က ဆိုပါတယ်။
Ref : The Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties