By မျိုးမင်းဦး, Shweproperty.com
Updated at 28 June 2012
မုံရွာ မြို့ပေါ်ရက် ကွက်များတွင် အိမ်ခြံမြေ ဈေးကွက် တစ်နှစ်ထက် တစ် နှစ် မြင့်တက်လာသည့်နောက် ပိုင်း မုံရွာမြို့နှင့် ချင်းတွင်းမြစ်ခြား သော ယင်းမာပင်မြို့နယ်၊ ကံချောင်း ကျေးရွာ အုပ်စု၊အောင်မိုး ကျေးရွာ ၊ အောင်ဇေယျအိမ်ရာစီမံကိန်းမှာ မုံရွာမှအိမ်ခြံမြေ ရင်းနှီးမြုပ်နှံသူ များကြောင့် အိမ်ခြံမြေဈေးထက် ဝက်နီးပါး မြင့်တက်လာကြောင်း ဒေသခံအိမ်ခြံမြေရောင်းဝယ်သူ များကပြောသည်။
''မုံရွာ-ပုသိမ် လမ်းမကြီး ဘေးနဲ့ မုံရွာ-ယာကြီးလမ်းမကြီး ဘေးမှာရှိတဲ့ အိမ်ခြံမြေဈေးက ပြီးခဲ့တဲ့နှစ်ကထက် ဈေးနှစ်ဆ လောက်ခုန်တက် သွားတယ်။ အိမ် ခြံမြေဈေးတွေက ခုန်တက်သွား တယ်ဆိုပေမယ့် ဒီနှစ်အိမ်ခြံမြေဝယ်သူတွေက ဒေ သခံတောင်သူတွေနည်းတယ်။ မုံ ရွာမြို့ပေါ်က စီးပွားရေးလုပ်ငန်း ရှင်တွေ၊ အိမ်ခြံမြေရောင်းဝယ်သူ တွေနဲ့ ချင်းတွင်းမြစ်အထက်ပိုင်း က ရွှေလုပ်ငန်းရှင် တွေ နဲ့ ကျောက်မျက် ရတနာ ကုန်သွယ်တွေ အဝယ် များတယ်။ အိမ်ခြံမြေဝယ်သူများ လေ မြေဈေးတွေ ခုန်တက်လေ ဖြစ်နေသလို အိမ်ခြံမြေဈေးခေါ် တာလည်း လက်ရှိ ပေါက်ဈေးထက် ပို ခေါ်ကြတယ်" ဟု မုံရွာ-ယာကြီး လမ်း အောင်ဇေယျအိမ်ရာစီမံ ကိန်း အိမ်ခြံမြေအကျိုးဆောင်တစ် ဦးကပြောသည်။
''မုံရွာ - ယာကြီး လမ်းရဲ့ တောင်ဘက်နဲ့ မြောက်ဘက်မှာ အောင်ဇေယျအိမ်ရာစီမံ ကိန်း မြေကွက် (၁,ဝဝဝ)ကျော် ဖော်ထုတ်ခဲ့တာ။ ကျောက်ကုန်းမြေတွေပါသ လို လယ်ယာစိုက်လို့ရတဲ့ မြေတွေ လည်းပါတယ်။ အရင်တုန်းက မြေဈေးက သိပ်မတန်ဘူး။ အခုအိမ်ခြံမြေ ဖော်ထုတ်ပြီးတဲ့အချိန်မှာ လူနေအိမ်တွေနဲ့ စည်နေပြီ'' ဟု မုံရွာမြို့မှ ဝါရင့်အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးကပြောသည်။ အဆိုပါ အိမ်ရာစီမံကိန်းတွင် ယခင် က ကျပ် ငါးသိန်း တန် ပေ(၆ဝ)ပတ် လည် မြေကွက်တစ်ကွက်ကို ယခုအခါ အနည်းဆုံးကျပ်ဆယ့်ခုနစ် သိန်းမှ သိန်းသုံးဆယ်ဝန်းကျင်ထိ ဈေးပေါက်လျက်ရှိကြောင်း ယင်းအိမ်ခြံမြေအကျိုးဆောင်က ပြောသည်။ ယခင်ကျပ် ရှစ်သိန်း ဈေးပေါက်သော ပေ (၆ဝ) ပတ်လည် မြေကွ တ် တစ်ကွက် ကို အနည်ဆုံး ကျပ် နှစ်ဆယ်ငါးသိန်း မှ သိန်း ခုနှစ်ဆယ် အထိ ဈေးပေးဝယ်နေကြောင်းသိရသည်။ အခု နောက်ပိုင်း အောင် မိုးကျေးရွာ ဘောလုံးကွင်းကို အိမ် ခြံမြေဖော်ထုတ်ပြီး ဗီအိုင်ပီအိမ် ရာ မြေကွက်ဆိုပြီး ဖော် ထုတ်တာ လမ်းဘေး အိမ်ခြံ မြေ လျှောက်ထား လျှင် တစ်ကွက်ကို သိန်းလေးဆယ် နဲ့ လျှောက်ထားရတဲ့ ပေ(၈ဝ)ပတ် လည်မြေကွက်တစ် ကွက်ကို အခု သိန်းသုံးရာကနေ သိန်းသုံးရာငါးဆယ်အထိ ဈေးခုန်တက်သွားတယ်။ မုံရွာ-ပုသိမ်လမ်းဘေးမှာ ဗီအိုင်ပီ မြေကွက်ဆိုတဲ့ ပေ(၈၀) ပတ်လည် မြေကွက် (၁၀၀) နီးပါးကို ဖော်ထုတ်ထားတဲ့ နေရာတွေမှာ ဝန်းခြံတွေနဲ့ စည်ကား နေ ပြီ ဟု ဝါရင့် အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကပြောသည်။
''လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်အထိ ရာသီဥတုကောင်းတဲ့အတွက် အခု အိမ်ရာစီမံကိန်းလုပ်တဲ့ မြေတွေအားလုံး နှမ်း၊ပြောင်း၊ပဲစဉ်းငုံ စိုက်ပျိုးမြေတွေ ပါ။ ၁၉၇၈ ခုနှစ်အထိတော့ စိုက်ခင်းတွေ စိုက်ခဲ့ပေမယ့် ရာသီဥတုဖောက်ပြန်တဲ့ အတွက် သီနှံစိုက်လို့ မရတဲ့ ကျောက်ကုန်းမြေတွေ ဖြစ်လာတယ်။ နောက် ပိုင်း သီးနှံမစိုက်ပေမယ့် ထင်းစိုက်ခင်းတွေအဖြစ် စိုက်ခဲ့ကြသေးတယ်။ ကျောက်ကုန်းမြေတွေက စိုက်လို့ပျိုးလို့ မရတော့ မြေဈေးက သိပ်မတန်ဘူး။ အနောက်ပိုင်းက မြေညိုတွေကတော့ ဒီနေ့ အထိ သီးနှံ စိုက်တုန်း ပျိုးတုန်း မြေတွေလည်းပါတယ်။ အခုအိမ်ရာစီမံကိန်း ဖော်ထုတ်တော့ အရင် လေးငါးဆယ်သိန်းတန်တဲ့ မြေကွက်တွေသိန်းရာနဲ့ချီနေပြီ''ဟု အောင်မိုးကျေးရွာဒေသခံတောင်သူကြီးတစ်ဦးက ပြောသည်။
Source: 7 Day News
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties