By Eleven Media Group, Shweproperty.com
Updated at 25 January 2018
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်အတွင်း မြေသုံးဧကကျော်၌ ဒေါ်လာသန်း ၇၀ ကျော်တန်ဖိုးရှိ မြခွာညိုအိမ်ရာစီမံကိန်းကို နိုင် ငံခြားဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် တရုတ်-မြန်မာ ဖက်စပ်တည်ဆောက်မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၉ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ရ င်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ “တရုတ်-မြန်မာဖက်စပ်ပါ။ Commercial And Residential Buildings ဆောက်ပြီးတော့ ပြန်လည်ငှားမယ်၊ ရောင်းချတဲ့စီမံကိန်းပါ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောကြားသည်။ သာကေတမြို့နယ်အတွင်း တည်ဆောက်မည့် မြခွာညိုအိမ်ရာစီမံကိန်းကို Construction, Selling, Leasing and Management of Commercial And Residential Buildings လုပ်ငန်းလုပ်ကိုင်ရန် တရုတ်-မြန်မာဖက်စပ် Yangon Golden River Investment Co.,Ltd အား ဇန်န၀ါရီ ၁၅ ရက်ကပြုလုပ်သည့် (၁/၂၀၁၈) ကော်မရှင်အစည်းအဝေးပွဲမှ အတည်ပြုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြခွာညိုအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြေတိုင်းရပ်ကွက်အမှတ် (၈)၊ မြေကွက်အမှတ် ၆၁၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇၊ ၆၈၊ ၆၉၊ ၇၀၊ ၇၁၊ ၇၈ တို့ရှိ မြေဧက ၃ ဒသမ ၈ ဧကပေါ်၌ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွ က် သွားမ ည်ြ ဖ စ်ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွင်း အိမ်ရာအဆောက်အအုံ တည်ဆောက်မှုလုပ်ငန်းများ၌ မြန်မာနိုင်ငံသား လုပ် ငန်း ရှင်အများစုက အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ “ဒီနှစ်ထဲမှာ နိုင်ငံသားတွေက အိမ်ရာကဏ္ဍမှာ ၀င်ရောက်မှုများတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောကြားသည်။ မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဒေါ်လာ ၁ ဒသမ ၀၆ ဘီလျံအထိ ၀င်ရောက်ြ မှုပ်နှံ ထားကြောင်း သိရသည်။ ကုမ္ပဏီဥပဒေသစ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ ငွေများစီးဝင်လာခြင်း၊ ကွန်ဒိုမီနီယံနှင့်ပတ်သက်သည့် နည်းဥပေ ဒထွက်ရှိလြာ ခင်းကြောင့် ကာလအတန်ကြာ အေးစက်နေသည့် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ်ခတ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီြး မှုပ်နှံ မှုေ က်ာမရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက Myanmar Investment Outlook Seminar-2018 အခမ်းအနားတွင် ပြောကြားထားသည်။ Ref : Eleven Media Group Photo Credit : Skyscrapercity Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties