By 7daydaily, Shweproperty.com
Updated at 8 April 2016
အရပ်သားအစိုးရစတင် တာဝန်ယူပြီးတစ်ပတ်အတွင်းမြန် မာကျပ်ငွေတန်ဖိုးဆက်တိုက်မြင့် တက်လာသဖြင့် ပြည်တွင်းပုဂ္ဂလိ ကဘဏ်အများစုက နိုင်ငံခြားငွေအဝယ်ရပ်ဆိုင်းထား၍ ပို့ကုန်လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
ဧပြီ ၁ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၀၀မှ ဧပြီ ၆ရက်တွင် တစ်ဒေါ်လာလျှင် ၁,၁၇၄ ကျပ်သို့ ကျဆင်းလာသ ဖြင့် တစ်ပတ်အတွင်း မြန်မာကျပ် ငွေတန်ဖိုး ၂ ရာခိုင်နှုန်းကျော်မြင့် တက်လာသည်။
ပြင်ပဈေးကွက်တွင် မြန်မာ ငွေတန်ဖိုးမြင့်တက်လာ၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က တရားဝင်သတ်မှတ်သောရည်ညွှန်းငွေလဲနှုန်းအပြောင်းအလဲနည်းခဲ့သည်။ ဧပြီ ၄ ရက်တွင် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၂၁၀ကျပ်မှ ဧပြီ ၆ရက်တွင် ၁,၁၉၆ကျပ်သို့ လျှော့ချလိုက်သည်။
ထိုသို့ဗဟိုဘဏ်က အမေရိကန် ဒေါ်လာတန်ဖိုး လျှော့ချသော်လည်း ပြင်ပငွေလဲနှုန်းတွင် ဒေါ်လာတန်ဖိုး အကျမြန်နေ၍ ပြည်တွင်း ပုဂ္ဂလိကဘဏ်များက အမေရိကန်ဒေါ်လာဝယ်ယူမှုကို တုံ့ဆိုင်းလာသည်။
‘‘ကုန်သည်တွေက ဒေါ်လာ ကို အပြင်မှာအိုးနင်းခွက်နင်းဈေး တွေနဲ့ ရောင်းနေရတယ်။ ဒီရက် ပိုင်းမှာတော့ ရှုံးပြီးရင်းရှုံးရင်းပဲ’’ ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူးဦး မင်းကိုဦးကပြောသည်။
ငွေကြေးဈေးကွက် မတည် ငြိမ်ခြင်းကြောင့် အိန္ဒိယနိုင်ငံက ဝယ်လိုအား ကောင်းပြီး နိုင်ငံခြား ဈေးမာနေသောမတ်ပဲသည် ပြည် တွင်း ဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်တန်လျှင် ကျပ်ငါးထောင်မှ တစ်သောင်းကြားဈေးကျလာကြောင်း ဘုရင့်နောင်မှ ပဲကုန်သည်တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် မတ်ပဲ အများဆုံးထွက်နေပြီး အိန္ဒိယနိုင်ငံကလည်း ဝယ်လိုအား ကောင်းနေသဖြင့် စိုက်ပျိုးသူတောင်သူလယ်သမားများမျှော်လင့်ချက်ကြီးစွာထားခဲ့သည်။ ငွေလဲနှုန်းမတည်ငြိမ်မှုနှင့် ငွေကြေးဈေးကွက်စနစ်တကျ မရှိပါက အကျိုးအမြတ်လျော့ကျနိုင်သည်ဟု ဦးမင်းကိုဦးကဆိုသည်။
‘‘ဘဏ်တွေမှာလည်းကြား ထဲက ထိန်းလုပ်နေရတယ်။ ဗဟို ဘဏ်က ရည်ညွှန်းနှုန်းချတာနှေး တော့ လုပ်ရကိုင်ရမလွယ်ဘူး’’ဟု ပုဂ္ဂလိကဘဏ်ကြီးတစ်ခုမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ငွေလဲနှုန်း ရက်ပိုင်းအတွင်း အပြောင်းအလဲမြန်ခြင်းသည် ကုန်သွယ်ရေး လုပ်ငန်း၊ အထူးသဖြင့် လက်ရှိ မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် ကုန်သွယ်ရေးလိုငွေ လျော့နည်းရန် ပို့ကုန်မြှင့်တင်မှုအတွက် အကျိုးသက်ရောက်မှုများစွာ ရှိနေ ကြောင်း စီးပွားရေး လုပ်ငန်းရှင် များက သုံးသပ်ကြသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties