By myanmar property, Shweproperty.com
Updated at 9 July 2013
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသော ပြည်တွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွက် လက်မှတ်ရ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် သင်တန်းများ ထပ်မံဖွင့်လှစ်လာကြောင်း သိရသည်။
အဆိုပါသင်တန်းများတွင် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များ သိ သင့်သည့် ဥပဒေများ (Law Relating to Real Estate Property) ၊ အိမ်၊ ခြံ၊ မြေလုပ်ငန်း အခြေခံသဘောတရားများ (Bassic Skill for Property Angent) ၊ ဘဏ်လုပ်ငန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များ (Banking Skill for Property Agent) ၊ နိုင်ငံတကာ အိမ်၊ ခြံ၊ မြေ ဈေးကွက်အကြောင်းများ(International Real Estate Services) ၊ ဈေးကွက်ရှာဖွေမှုနှင့် စီမံခန့်ခွဲမှု (Marketing & Management Principles) စသည့် ဘာသာရပ်များကို ဥပဒေပညာရှင်များနှင့် အကျိုးဆောင်များမှ စာတွေ့နှင့် လက်တွေ့ ပူးပေါင်းကာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဝင်ရောက်လာပြီး ဖွံ့ဖြိုးလာတာနဲ့အမျှ အကျိုးဆောင်လုပ်ငန်း မှာ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် အတွေ့အကြုံက အများကြီးအရေးပါပါတယ်၊ ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံရင် ဘယ်လို အကျိုးအမြတ်ရမယ်၊ ဘယ်နေရာမှာဆိုရင်တော့ အလားအလာကောင်းတယ်၊ ဒါတွေကို အကျိုးဆောင်တစ်ဦးက သိကိုသိနေရမယ်၊ ဒီလိုစာတွေ့ရော၊ လက်တွေ့ရော သင်ကြားပေးတဲ့ သင်တန်းတွေ ဖွင့်လှစ်လာတော့ အိမ်၊ ခြံ၊ မြေ ကဏ္ဍအတွက် အများကြီး အထောက်အကူပြု ပေးတာပေါ့”ဟု ဝါရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည့်အတွက် အတွေ့အကြုံရှိသော အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များစွာ လိုအပ်မည်ဖြစ်ပြီး တိုးချဲ့ဖွင့်လှစ်လာသော လက်မှတ်ရ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်သင်တန်းများကြောင့် ပြည်တွင်း၌ ဖြစ်ပေါ်နေသော အလုပ်အကိုင်ရှားပါးမှု အနည်းငယ် လျော့နည်းသွားနိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties