By သီဟကိုကို, Shweproperty.com
Updated at 4 November 2013
မြန်မာ -အမေရိကန် ဖက်စပ်ကုမ္ပဏီက စွမ်းအင်နှင့်ဆောက်လုပ်ရေးကဏ္ဍတွင် တစ်နှစ်အတွင်း ကန်ဒေါ်လာသန်းနှစ်ရာကျော် ရင်းနှီးမြှပ်နှံသွားမည်ဟု Young Investment Group ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသီဟအောင်က အောက်တိုဘာလ ၄ရက်က ပြောသည်။
ယင်းအတွက် ပြည်တွင်းအခြေစိုက် Young Investment Group နှင့် အမေရိကန်အခြေစိုက် Hollowman ကော်ပိုရေးရှင်းတို့ က အကျိူးတူပူးပေါင်းသည့် Young Hollowman JV ကုမ္ပဏီအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။
Young Hallowman JV ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးနှင့် စွမ်းအင်လုပ်ငန်းများတွင် ပထမဆုံး ရင်းနှီးမြှပ်နှံသည့် အမေရိကုန်အခြေစိုက်ကုမ္ပဏီဖြစ်သည်။
"နိုင်ငံကတာက ခေတ်မီနည်းပညာတွေကို ကျွန်တော်တို့နိုင်ငံက အရမ်းလိုအပ်နေတယ်၊ သူတို့ဆီက ပညာရှင်တွေနဲ့ ပြည်တွင်းကသူတွေကို လေ့ကျင့်ပေးပြီး ဆောင်ရွက်သွားမှ ကျွန်တော်တို့နိုင်ငံလည်း နည်းပညာပိုင်းဆိုင်ရာ အများကြီးမြင့်လာမယ်"ဟု ဦးသီဟအောင်က ပြောသည်။
အောက်တိုဘာလတွင် တင်ဒါအောင်ခဲ့သည့် ကုန်းတွင်းရေနံလုပ်ကွက် နှစ်ခုဖြစ်သည့် တောင်ငူ - ပျဉ်းမနားလုပ်ကွက်နှင့် အင်းတော် - ရဲနန်းလုပ်ကွက်များ လုပ်ကိုင်ခွင့်ရ ပစိဖစ်ဟန့် ကော်ပိုရေးရှင်းသည် Hallowmen ကော်ပိုရေးရှင်းမှပင်ဖြစ်ပြီး ယင်းလုပ်ကွက်နှစ်ကွက်အတွက် ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှပ်နှံရန်လျာထားကြောင်း Hollowman ကော်ပိုရေးရှင်း(အမေရိကန်) Chief Operating Officer Mr Bryce Harrell က ပြောသည်။
အဆိုပါလုပ်ငန်းများအာ EIA နှင့် SIA report ထွက်ရှိပြီးမှသာ လုပ်ငန်းစတင်ရမည်ဖြစ်ရာ အသေးစိတ်အချက်အလက်များကို စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်လက်ဆွေးနွေးနေကြာင်း Young Hallowman JV ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးအောင်ဝင်း က ပြောသည်။
အကျိူးတူပူးပေါင်းသည့် ကုမ္ပဏီအနေဖြင့် အဓိကလုပ်ငန်းစဉ်ဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်းတွင် ကန်ဒေါ်လာသန်း ၁၀၀ ကျော်ရင်းနှီးမြှပ်နှံသွားမည်ဖြစ်သည်။
ဆောင်လုပ်ရေးလုပ်ငန်းများတွင် အိမ်ရာဆောက်လုပ်ရေးလုပ်ငန်များနှင့် နိုင်ငံတကာအဆင့်မီ ဘိလပ်မြေဖျော်ရည်စက်ရုံ တည်ဆောင်သွားမည် ဖြစ်ပြီး ဘိလပ်မြေထုတ်လုပ်သွားမည် ဖြစ်ကြောင်း ဦးသီဟအောင်က ပြောသည်။
အဆိုပါစွမ်းအင်နှင့် ဆောင်လုပ်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပညာရှင် ၃၀၀ ဝန်းကျင်ခန့်နှင့် ပြည်ပပညာရှင်များ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေသခံအလုပ်သမားမျာကို အခြေခံဆောင်ရွက်သွားမည် ဖြစ်သည်။
Young Investment Group သည် သတ္တုတွင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ အာမခံ၊ ဆက်သွယ်ရေး၊ ဆောင်လုပ်ရေး၊ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလယ်ယာစိုက်ပျိူးရေး၊ မော်တော်ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး Hollowman (USA) သည် အမေရိကန်နှင့် နိုင်ငံတကာတွင် ရေနံနှင့် ဆောက်လုပ်ရေးလုပ်ငန်များကို လုပ်ကိုင်နေသည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties