By Myanmar Times, Shweproperty.com
Updated at 9 December 2015
ဗီယက်နမ်နိုင်ငံမှ ဟေဂဲလ်မြန်မာကုမ္ပဏီ (Hoang Anh Gia Lai - HAGL) က တည်ဆောက် အကောင်အထည်ဖော်လျက်ရှိ သည့် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မြန်မာ စင်တာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာပလာဇာ ဈေးဝယ်စင်တာအဆောက် အအုံကို ဒီဇင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
မြန်မာပလာဇာ ဈေးဝယ်စင်တာသည် ကမ္ဘာအေးဘုရားလမ်း၊ ယခင်စက်မှု(၁) ဝန်ကြီးဌာန ၁၈ ဒသမ ၁၃၁ ဧက အကျယ် အဝန်းရှိသော မြေနေရာပေါ်တွင် ဗီယက်နမ်ကုမ္ပဏီက ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းတစ်ခုဖြစ်ပြီး၊ အဆိုပါစီမံကိန်းတွင် ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံး၊ စီးပွားရေးစင်တာတစ်ခု၊ ရုံးခန်းအဆောက် အအုံနှစ်လုံး၊ အဆင့်မြင့်လူနေ အိမ်ခန်း အဆောက်အအုံလေးလုံးပါဝင်မည်ဖြစ်သည်။
ထိုမြန်မာပလာဇာသည် စတုရန်းမီတာ ၂,၀၀၀ အကျယ်အဝန်းရှိပြီး အထပ်ငါးထပ် ပါဝင်ကာ စားသောက်ဆိုင်ခန်း ၃၀ ကျော် အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာမှ အသုံးအဆောင်နှင့် အဝတ်အထည်ဆိုင်ခန်းပေါင်း ၁၀၀ ကျော်လည်းပါဝင်မည်ဖြစ်သည်။ "ဆိုင်ခန်းတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ပဲ အခုစဖွင့်နေပါပြီ။ ဆိုင်ခန်းတွေရဲ့ ၉၀ ရာခိုင် နှုန်းကျော်ကို ငှားရမ်းပြီးနေ ပါပြီ။ ဆိုင်ခန်း တွေအားလုံးနီးပါးကတော့ ဇန်နဝါရီလဆန်း မှာ စတင်ဖွင့်လှစ်ကြမှာ ဖြစ်ပါတယ်"ဟု ဟေဂဲလ်မြန်မာကုမ္ပဏီ၏ ဈေးကွက်နှင့် အရောင်းမြှင့် တင်ရေးမန်နေဂျာ လီသီကင်ဟိုအာက ပြောသည်။
အဆိုပါပလာဇာရှိ ဆိုင်ခန်းအားလုံးကို ငှားရမ်းသွားမည်ဖြစ်ပြီး၊ ဆိုင်ခန်းများ၏ ပျမ်းမျှငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် ဒေါ်လာ ၄၀ ခန့် ကျသင့်မည်ဖြစ်သည်ဟု လည်း ၎င်းကပြောသည်။ လျှပ်စစ်နှင့် အိုင်တီပစ္စည်းများကိုသာ ဝယ်ယူရရှိနိုင်မည့် ဆိုင်ခန်း ၃၃ ခန်းကျော် ပါဝင်သော Living Square IT Shopping Mall တစ်ခုလည်း ထိုပလာဇာတွင် ပါဝင်မည် ဖြစ်သည်။
ထိုစီမံကိန်းမှ လူနေအိမ်ခန်းအဆောက်အအုံလေးခုမှ ပထမတာဝါကို ဇူလိုင်လဆန်းပိုင်း ကတည်းက စတင် မိတ်ဆက်ရောင်းချခဲ့သည်။ အဆိုပါထိုစီမံကိန်းတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံ ခဲ့ပြီး၊ ယခုနှစ်ဆန်းပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ရှိလာခဲ့သည်ဟု သိရသည်။ အဆိုပါစီမံကိန်း အတွက် ဗီယက်နမ် ကုမ္ပဏီက ဘီအိုတီစနစ်ဖြင့် နှစ် ၇၀ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး၊ တည်ဆောက်ရေးလုပ်ငန်းများအားလုံးမှာ ၂၀၁၇ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties