By ရဲမြတ်, Shweproperty.com
Updated at 10 July 2012
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းအား အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ဇွန် ၂၈ ရက်တွင် မှတ်ပုံတင်အမှတ် ၁၂၃ဝ/၂ဝ၁၂- ၂ဝ၁၃ တို့ဖြင့် အသင်းဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း ယင်းအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။
အသင်းမှာ ၂ဝ၁၁ ခုနှစ်တွင် အမျိုးသားစီမံရေးရာ၊ ပြည်ထဲရေးဝန်ကြီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမြို့တော်စည်ပင်ဌာနတို့နှင့် မြန်မာ နိုင်ငံကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ်(UMFCCI) တို့အား တင်ပြပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်း ယင်းက ထပ်မံပြောကြားသည်။
''ကျွန်တော်တို့အဖွဲ့မှာ ရည်ရွယ်ချက် ၁၄ ချက်ရှိပြီး ပြည်သူတွေအတွက်ရယ်၊ လိုင် စင်ရအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေ အဆင့်အတန်းမြင့်မားရေးအတွက်ရယ် စသည် ဖြင့် ဦးတည်ပြီးဖွဲ့စည်းတာဖြစ်ပါတယ်။ အဖွဲ့ဝင်များအနေနဲ့ စိတ်ကြိုက်မဲစနစ်နဲ့ ရွေးကောက်ပွဲ တင်မြေ§ာက်ခွင့်ရမှာဖြစ်ပါတယ်။ အဲဒီရွေးကောက်တင်မြောက်မှုကို အသင်း စတင်တည်ထောင်ခွင့်ရရှိတဲ့နေ့ကစပြီး ၁၈ လအတွင်းမှာပြုလုပ်ကြရမှာ ဖြစ်ပါ တယ်။ အသင်းဝင်ကြေးတွေကိုလည်း အသင့်အတင့်ကောက်ခံမှာဖြစ်ပါတယ်''ဟု အဆို ပါအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါရုံးကိုလက်တလော အနေဖြင့် UMFCCI ရုံးချုပ်အဆောက်အအုံ ၁၁ ထပ်၌ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထားသည့် အကျိုးဆောင် ကုမ္ပဏီပေါင်း ၁၆ဝ ခန့်က အသင်းဝင်သွားရန်ရှိကြောင်း၊ အသင်း၏ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို အသင်းညီလာခံကျင်းပ၍ ပြန်လည်ရွေးချယ်သွားရန်အစီအစဉ်ရှိကြောင်း၊လက်ရှိအသင်းကိုတာဝန်ယူထားသူများမှာ ယာယီဖွဲ့စည်းထားခြင်းသာဖြစ်ကြောင်း အဆို ပါအသင်း၏ဒုဥက္ကဋ္ဌဦးသန်းဦးက ထပ်မံပြောကြားသည်။Source : The Myanmar Post
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties