By ထူးသန့်, Shweproperty.com
Updated at 8 January 2012
အစိုးရဝန်ထမ်းအဖြစ် လုပ်သက် ၂၅ နှစ်အထက် ရှိသော ဝန်ထမ်း များအား နေပြည်တော်ပုဗ္ဗသီရိ မြို့ရှိ မြေကွက်လပ်များကို တန်ဖိုး သက်သက်သာသာဖြင့် နေပြည် တော်ကောင်စီက ချထားပေး လျက်ရှိကြောင်းသတင်းရရှိသည်။
မြေကွက်များချထားပေးရာ တွင် ပေ ၆ဝx၈ဝ မြေကွက်တစ် ကွက်အား တန်ဖိုးရှစ်သိန်းကျပ် နှုန်းဖြင့်လည်းကောင်း၊ ပေ ၄ဝx၆ဝ မြေကွက်တစ်ကွက်အား တန် ဖိုးငွေကျပ် သုံးသိန်းဖြင့်လည်း နေ ပြည်တော်ကောင်စီသို့ လျှောက် ထားဝယ်ယူရခြင်းဖြစ်ကြောင်း ရက်ပိုင်းအတွင်းကမှ လျှောက် ထားခဲ့သော ဝန်ထမ်းတစ်ဦးက ပြောသည်။
''လုပ်သက်နှစ် ၃ဝ ကျော် သမားတွေတော့ ရပြီးသွားပြီ။ အချို့လည်း အမြတ်ရတော့ ပြန် ရောင်းပြီး တခြားဝင်ငွေရမယ့် အလုပ်လေးတွေလုပ်ကြတယ်။ နေရာပေါ်လိုက်ပြီး ပြန်ရတဲ့ ဈေး တော့ ကွာတာပေါ့။ အထူးသဖြင့် ဟိုတယ်ဇုန်နား၊ ဗုဒ္ဓဂယာနားက မြေကွက်တွေ ဈေးပိုရတယ်ဗျ''ဟု အဆိုပါမြေကွက်များ၏ ဈေးကွက် အခြေအနေကိုပြန်လည်ပြောကြား ခဲ့သည်။
နေပြည်တော်ဒေသခံ ပြည်သူတစ်ဦးကမူ ''လူကြီးတွေ အနေနဲ့ကျွန်တော်တို့အတွက်လည်း အစီအမံတွေလုပ်ပေးစေချင်တယ်။ ကျွန်တော်တို့သားသမီးတွေ အိုးအိမ်ထူထောင်တဲ့အခါမှာ မြေ ဈေးတွေမြင့်နေတော့ မဝယ်နိုင် တော့ဘူး။ အဲဒီတော့ ရွာစပ်ကစိုက်မဖြစ်တဲ့ နေရာလေးတွေကို လေး၊ ငါးသိန်းနဲ့ဝယ်ပြီး နေကြရ တယ် "ဟုဒေသခံများ၏ အခြေအနေကို ပြောသည်။
လုပ်ငန်းရှင်များအတွက် ရည်ရွယ်ပြီး အကွက်ရိုက်ချထား ပေးသော မြေကွက်များမှာမူ တစ်ကွက်လျှင် ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းရှိကြောင်း သိရှိ ရသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties