By Democracy Today, Shweproperty.com
Updated at 16 August 2017
မြန်မာနိုင်ငံတွင် အိမ်ရာလိုအပ်ချက်ကို ပြည့်မီစေရန်အတွက် အိမ်ခြေ ၃.၈သန်း ဆောက်လုပ် ပေးရန် လိုအပ်နေကြောင်း UNFPA က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေ လေးပုံတစ်ပုံဖြစ်သည့် ၁၃.၅ သန်းခန်းခန့်သည် လျင်လျင်မြန်မြန် ယိုယွင်းပျက်စီးနိုင်သော ပစ္စည်းများဖြင့် ဆောက်လုပ်ထားသော အိမ်များတွင် နေထိုင်နေရကြောင်း သန်းခေါင်စာရင်းအစီရင်ခံစာ အသစ်တစ်ခုတွင် ဖော်ပြထားသဖြင့် အိမ်လိုအပ်နေသော သို့မဟုတ် အထူး လိုအပ်နေသော ပြည်သူများ၏ အရေးပေါ်အိမ်ခြေလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် အမိုး၊ နံရံနှင့် ကြမ်းခင်းများကို အသစ်မြှင့်တင်ထားသော (သို့မဟုတ်) အသစ်ဖန်တီးထားသော အိမ်ခြေ ၃.၈ သန်း ခန့် လိုအပ်နေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ UNFPA ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျန်းနက် ဂျက်ဆင်က "မြန်မာနိုင်ငံရဲ့ အိမ်ရာစိန်ခေါ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အရေးပေါ် လိုအပ်နေပါတယ်၊ ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် လုံခြုံရေးအပါအဝင် နေထိုင်မှုအခြေအနေ ကိစ္စအဝဝ ကိုလည်း ကြည်ရှုရန် လိုအပ်နေပါတယ်၊ ခန့်ခန့်ထည်ထည် အိမ်တစ်ခုအတွက် အဓိကလိုအပ်ချက်ကနေ နေရာလွတ် ပဲဖြစ်ပါတယ်၊ လူတွေဟာ မိသားစုတွေရဲ့ သီးသန့်ဖြစ်တည်မှုအတွက်နဲ့ ဇနီးမောင်နှံတွေကြားက ရင်းနှီးမှုကို ဖြစ်စေမယ့် အိမ်တွေကို လိုအပ်နေပါတယ်" ဟု ပြောကြားခဲ့သည်။
အဆိုပါတွေ့ရှိချက်များကို မြန်မာအစိုးရနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA တို့က ထုတ်ပြန် သော ၂၀၁၄ မြန်မာ့လူဦးရေ၊ အိမ်ရာအခြေအနေများ၊ အိမ်ထောင်စုဝင်များနှင့်သက်ဆိုင်သော အိမ်ခြေပြ သန်းခေါင်စာရင်း အစီရင်ခံစာထဲတွင်တွေ့ရပြီး ပျှမ်းမျှအိမ်ထောင်စုအရွယ်အစားသည် ၄.၄ ရှိကြောင်း ယင်းအစီရင်ခံစာထဲတွင် ဖော်ပြထားသည်။ အိမ်ထောင်စုအများစုတွင် ကလေးရှိသော ဇနီးမောင်နှံများ (၄၁.၄ ရာခိုင်နှုန်း) နှင့် ကလေးရှိသော ဇနီးမောင်နှံများနှင်အတူ ဆွေမျိုးများ (၁၇.၂ ရာခိုင်နှုန်း) ရှိသည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင် အိမ်ပိုင်ဆိုင်မှုမှာ ၈၅.၅ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး ကျေးလက်ဒေသများတွင် ၆၆ ရာခိုင်နှုန်းသာ ရှိပြီး လူငယ်များမှာ အိမ်ပိုင်ဆိုင်နိုင်ရန် မျှော်လင့်နေရဆဲဖြစ်သည်။ အသက် ၂၅ မှ ၃၄ ကြားရှိ အိမ်ထောင်စု အားလုံး၏ ၁၄.၆ ရာခိုင်နှုန်းသာလျှင် အိမ်ပိုင်ဆိုင်ကြောင်း သိရသည်။
Ref & Photo Credit : Democracy Today
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties