By popular myanmar, Shweproperty.com
Updated at 19 September 2012
အစိုးရမြေနေရာပေး၍ ရောင်းချသူများက နှစ်ရှည်ပုံစံဖြင့် ရောင်းချမှသာ ရန်ကုန်မြို့နေ ၈၅ ရာခိုင်နှုန်းရှိ အခြေခံလူတန်းစားများ အိမ်ရာပိုင် ဆိုင်နိုင်မည်ဟု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဖော်ဆောင်နေသော ဆောက်လုပ်ရေး လုပ်ငန်းများမှ သိရသည်။ ''တန်ဖိုးနည်း ဆိုပေမဲ့ မြေ ဈေးက ကြီးတာကြောင့် တိုက်ခန်းဈေးတွေက သိန်း ၁ဝဝ အနည်းဆုံးရှိလို့ တကယ်လိုအပ်တဲ့ သူတွေမရကြဘူး။ အရစ်ကျဆိုပေမဲ့လည်း ငါးနှစ်လို့ သတ်မှတ်တော့ ပိုက်ဆံရှိတဲ့ သူတွေ လက်ထဲပဲ ရောက်ကုန်ကြတယ်'' ဟု နှစ်ရှည်ပုံစံဖြင့် တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မည့် Gold Cycleကုမ္ပဏီမှ ဒါရိုက်တာ ဦးသက်ခိုင်က လက်ရှိ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်နေမှုများအပေါ် သုံးသပ်ပြောသည်။ ရန်ကုန်မြို့ရှိ လူဦးရေနှင့် တိုက်ခန်း အရေအတွက်မှာ လက်ရှိ အခြေအနေ ၌ပင် လုံလောက်မှု မရှိရာ ၂ဝ၁၅ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိလာ သည့် အခါ နိုင်ငံတွင်းသို့ နိုင်ငံခြားမှ နေထိုင်သူများအား ဝယ်ယူခွင့် ပြုလိုက်မည်ဆိုပါက တိုက်ခန်းဈေး နှုန်းများသည် လူလတ်တန်းစားများပင် ဝယ်ယူနိုင်သည့် အနေအထား ရှိတော့မည်မဟုတ်ဟု မဏ္ဍိုင်အိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ သိရသည်။ ''လက်ရှိမှာတောင် နိုင်ငံသားတွေက တူတူတန်တန်မရှိတာ။ နိုင်ငံခြား သားတွေ ဝင်လာရင် ဈေးကတက်လာနိုင်တယ်။ ဒါပေမယ့် အခြားနိုင်ငံတွေနဲ့ တန်းတူဖြစ်ဖို့ တော့ ချိန်ဆရမှာပေါ့'' ဟု အထက်ပါ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ရာတွင်လည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သော နေရာဖြစ်ရန်လိုအပ်ပြီး နေထိုင်သူများအတွက် ရေ၊ မီး၊ မိလ္လာ ပြည့်စုံရန် လိုအပ်ကြောင်း တော်ဝင်ဆောက်လုပ်ရေးမှ သိရသည်။ လက်ရှိတွင် တန်ဖိုးနည်းအိမ်ရာဖြစ်သော ယုဇနဥယျာဉ်မြို့ တော်သည် မြို့တွင်းနှင့် ဝေးကွာလွန်းသော နေရာတစ်ခုဖြစ်ပြီး အထပ်မြင့်များ၌ ရေ အခက်အခဲ ကြုံတွေ့ရမှုများရှိနေကြောင်း နေထိုင်သူများထံမှ သိရသည်။ ရန်ကုန်မြို့နေလူဦးရေ ၆ သန်းခန့်တွင် ၁၅ ရာခိုင်နှုန်းသာ အိုးအိမ်ပိုင်ဆိုင်မှုရှိ သည့်အတွက် အခြေခံလူတန်းစားများ နေထိုင် နိုင်သည့် နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ရောင်းချပေးနိုင်မည့် တန်ဖိုးနည်း အိမ်ရာများစွာ လိုအပ်နေ သေးကြောင်း၊ ထိုအိမ်ရာများ ပေါ်ပေါက်လာ၍ အစိုးရမှ မြေနေရာ ထုတ်ဖော် ပေးမှသာ ထွက်ပေါ်လာ နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ် ပြောသည်။ တရုတ်နိုင်ငံ ပေကျင်းမြို့တွင်လည်း တန်ဖိုးနည်း အိမ်ရာများရှိပြီး အရစ်ကျ စနစ်ဖြင့် အိမ်ပိုင် မရှိသေးသူများအား ဝယ်ယူခွင့်ပြုသည်။ အစိုးရအနေနှင့် အိမ်ပိုင် မရှိသူများကို အိမ်ပိုင်အောင် ဖန်တီးပေးခြင်း ဖြစ်သောကြောင့် အဆိုပါ တန်ဖိုးနည်း အိမ်ရာများကို ပြန်လည်ရောင်းချခွင့် မရအောင် အစီအမံများ ပြုလုပ်ထားသည်။ Source : Popular Myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties