By Khine Zar, Shweproperty.com
Updated at 6 January 2021
မြန်မာနိုင်ငံရဲ့ စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုတွေမှာ ထိုင်းနိုင်ငံကလုပ်ငန်းစုကြီးတွေလည်း ပါဝင်လာတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။ထိုင်းနိုင်ငံမှလုပ်ငန်းစုကြီးလေးခုဖြစ်သည့် ဘီဂရင်းအုပ်စု(B.Grimm Group)၊ အမတကော်ပိုရေးရှင်း (Amata Corporation )၊ ပီတီတီ (PTT ) နှင့် ဂလိုဘယ်ပါဝါဆင်နာဂျီ(Global Power Synergy ) တို့သည် စက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းတို့မှာ ပါဝင်လာတာလည်းဖြစ်ပါတယ်။ အဆိုပါပါဝင်လာမှုတွင် မြန်မာနိုင်ငံတွင်တည်ဆောက်မယ့် ၈၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းမည့်စက်မှုဇုန်တစ်ခုဖွံ့ဖြိုးရေးလုပ်ငန်းတွင်ပါဝင်ရန်သဘောတူညီပြီးဖြစ်တယ်လို့ သိရပါတယ်။ လာမည့်နှစ်ဆန်းပိုင်းမှာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding ) တစ်ခုကို လက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်ထားတယ်လို့ ဘီဂရင်း၏ဥက္ကဋ္ဌ ဟာရဲလ်လင့် မှပြောကြားပြီးဖြစ်ပါတယ်။ ဘီဂရင်း၏တာဝန်မှာစက်မှုဇုန်ကိုအဓိကဓာတ်အားဖြန့်ဖြူးပေးမည့်ဓာတ်အားပေးစက်ရုံတစ်ရုံလည်ပတ်ပေးရန်ဖြစ်ပြီး မြန်မာအစိုးရထံဓာတ်အားများ ရောင်းချပေးသွားမည်ဖြစ်သည်။ လာမည့် ရှစ်နှစ်ကျော် ကာလအတွင်း ဘီဂရင်းအုပ်စု၏လျှပ်စစ်စွမ်းအားလုပ်ငန်းသည် အဓိကဝင်ငွေရ ရှိနိုင်မည့်လုပ်ငန်းတစ်ခုဖြစ်လာနိုင်ကြောင်း၊ ၂၀၂၈ ခုနှစ်တွင် စုစုပေါင်းဝင်ငွေ ဘတ်သန်း ၁၅၀ ဘီလီယံ အထိရရှိနိုင်ရန်ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ဘီဂရင်းသည်ထိုင်း၊လာအိုနှင့်ဗီယက်နမ်နိုင်ငံများတွင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများလုပ် ကိုင်လျက်ရှိပြီးကမ္ဘောဒီယားတွင် လျှပ်စစ်ဓာတ်အားများတစ်ဆင့်ပေးပို့သည့်လုပ်ငန်းတစ်ခုရှိသည်။ ဘီဂရင်း၏ဓာတ်အားပေးစက်ရုံ၊နေရောင်ခြည်သုံးဓာတ်အားပေးစက်ရုံ၊ဓာတ်အားစုဆောင်းရေးစက်ရုံနှင့် စွန့်ပစ်ပစ္စည်းမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများမှ စုစုပေါင်းဓာတ်အား ၃၀၁၉ မီဂါဝပ် ထုတ်လုပ်လျက်ရှိတာလည်းဖြစ်ပါတယ်။ ဘီဂရင်းအနေဖြင့် အကြီးမားဆုံးဓာတ်အားထုတ်လုပ်တဲ့လုပ်ငန်းဖြစ်ပြီး ပိုက်လိုင်းကနေဓာတ်အား ၁၀၀၀ က ၃၀၀၀ မီဂါဝပ်ပို့ပေးတဲ့ စီမံကိန်းတွေကိုလုပ်ဆောင်နေကြောင်း ၊ဗီယက်နမ်ကနေ နှစ်စဉ် LNG ဓာတ်ငွေ့ရည်တန် ၆၅၀ ၀၀၀ တင်သွင်းဖို့ခွင့်ပြုချက်ရထားတယ်လို့ သိရပါတယ်။ စောစောပိုင်းကဘီဂရင်းအုပ်စုသည်လေအေးပေးစက်ထုတ်လုပ်ရေး၊ကျန်းမာရေးဆိုင်ရာပစ္စည်းများထုတ် လုပ်ရေးတို့ကိုလုပ်ဆောင်ခဲ့သည့်ကုမ္ပဏီဖြစ်သည်။ နောက်ဆုံးရ သတင်းများ အငြိမ်းစားဝန်ထမ်းအိမ်ယာအတွက် ငွေသွင်းပြီးသူများအား တိုက်ခန်းများ မဲနှိုက်ခြင်းကို ထုတ်လွှင့်ပေးမည် ကြို့ကုန်းအိမ်ရာပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းက ရှယ်ယာရှင်တွေ မျှော်လင့်ထားတဲ့ အကျိုးအမြတ် ရန်ကုန်ဘူတာကြီး စီမံကိန်းမှာ စီးပွားဖြစ်ဟိုတယ်၊ ပန်းခြံ၊ ရထားပြတိုက် တို့ပါဝင်မယ် ကိုဗစ်ကာလအတွင်း ဘဏ်ချေးငွေဖြင့်ရောင်းဝယ်ရသော အိမ်ခန်းများ အရောင်းအဝယ်သွက် Photo Credit : Tharaye Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties