By ဖြိုးေ၀၀င်း, Shweproperty.com
Updated at 9 September 2012
အခွန်စနစ်သစ်သက်တမ်းကုန် ဆုံးသွားခြင်းနှင့် စက်မှုဇုန်များတွင် အဓိကဖြစ်ပွားနေသည့် လယ်ယာမြေ သိမ်းဆည်းခံရမှုပြဿနာများကြောင့် အိမ်ခြံမြေရောင်းဝယ်မှုဈေးကွက်မှာ စောင့်ကြည့်အနေအထားဖြစ်နေပြီး လတ်တလော အိမ်ခြံမြေဈေးကွက် မှာအရောင်းအဝယ်ဖြစ်ပေါ်မှု မရှိ ကြောင်းအိမ်ခြံမြေအကိုျးဆောင်လုပ် ငန်းရှင်များထံမှ သိရှိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့်စက်မှုဇုန်မြေတွင် မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နံှမှုကဏ္ဍမှာကျပ် သန်းပေါင်း ၃၆၀၀၀ ကျော်သာရှိပြီး နိုင်ငံခြားသားရင်းနှီးမြှုပ်နံှမှုမှာ အမေ ရိကန်ဒေါ်လာသန်း ၁၂၀၀ ဝန်းကျင် ခန့်မြှုပ်နံှထားကာစက်မှုဇုန်မြေတွင် အမေရိကန်ဒေါ်လာသန်း၁၀၀၀ကျော် ထိမြှုပ်နံှထားကြောင်းလည်း သိရ သည်။
ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေ ပြည်တော်မြို့များတွင် အိမ်ခြံမြေ ရောင်းဝယ်မှုများအပေါ် တံဆိပ် ခေါင်းခွန်အပါအဝင် ၁၅ရာခိုင်နှုန်း အစား ၃၇ ရာခိုင်နှုန်းသို့ သြဂုတ်လ ၁၂ ရက်နေ့မှစ၍ တိုးမြှင့်လိုက်ပြီး အဆိုပါတိုးမြှင့်ခွန်မှာ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် သူများအတွက် ဖြစ်ကာဝင်ငွေရလမ်းဖော်ပြနိုင်ပါက တံဆိပ်ခေါင်းခွန်ခုနစ်ရာခိုင်နှုန်းသာ ပေးဆောင်ရန်လိုအပ်ကြောင်းလည်း သိရှိရသည်။ ကျန်နယ်မြို့များတွင်မူ တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းဖြင့် ၃၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ် ကာ ဝင်ငွေရလမ်းဖော်ပြနိုင်ပါက တံဆိပ်ခေါင်းခွန်ငါးရာခိုင်နှုန်းသာပေး ဆောင်ရန်လိုအပ်ကြောင်း၊ ရောင်းချ သူမှ ၁၀ ရာခိုင်နှုန်းသာပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။
လယ်သမားများထံမှ လယ်မြေ များအား သိမ်းယူထားခဲ့သည့် လှိုင် သာယာမြို့နယ်ရှိ အနော်ရထာစက် မှုဇုန်၊ ရွှေပြည်သာမြို့နယ်ရှိ ဝါး တစ်ရာစက်မှုဇုန်၊သာဓုကန်စက်မှုဇုန်၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်ရှိစက်မှုဇုန် များ စသည့်စက်မှုဇုန်မြေများမှာ ဝါဝါ၀င်း၊ ဇေကမ္ဘာစသည့်ကုမ္ပဏီ များနှင့်လယ်သိမ်းခံလယ်သမားများ အကြားပြသနာဖြစ်ပွားနေပြီး အဆို ပါစက်မှုဇုန်များမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၅၀၀ ဝန်းကျင်မှ ကျပ် သိန်း၂၅၀၀၀န်းကျင်ခန့်အထိပေါက် ဈေးရှိနေကာ လက်ရှိဖြစ်ပေါ်နေ သည့်လယ်သမားများဆန္ဒဖော်ထုတ် မှုပြဿနာများကြောင့် ရန်ကုန်မြို့ ၏အအောင်မြင်ဆုံးစက်မှုဇုန်များ ဖြစ်သော်လည်း ဝယ်ယူဝံ့သူနည်းပါး နေကြောင်း သတင်းရရှိပါသည်။
''လတ်တလောအိမ်ခြံမြေက အရောင်းအဝယ်ဖြစ်မှု မရှိပါဘူး။ စက်မှုဇုန်ကလဲ ဝယ်သူအရမ်းနည်း ပါတယ်။ ဒီလိုဝယ်ယူမြှုပ်နှံမှုဘာ လို့နည်းသလည်းဆိုရင်တော့ အိမ် ခြံမြေဝယ်ချင်တဲ့သူကငွေဝင်ရလမ်း မပြနိုင်ရင်ဆောင်ရမယ့်အခွန် ၃၇ ရာခိုင်နှုန်းကို ကြောက်နေကြသလို ရင်းနှီးမြှုပ်နှံချင်တဲ့သူကြတော့ လည်း စက်မှုဇုန်တွေမှာ အဓိကဖြစ် နေတဲ့လယ်သမားနဲ့မြေသိမ်းကုမ္ပဏီ ပိုင်ရှင်အကြားပြဿနာကို ကြောက်နေကြတာကြောင့်ပါ''ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိကာလတွင် ရန်ကုန်မြို့ ၏ မြေဈေးနှုန်းများမှာလည်း အချက်အချာကျသောနေရာများတွင် တစ်ပေပတ်လည်ကျပ် ၁ဝ သိန်းမှ ကျပ်သိန်း ၃ဝ ကြားအထိခေါ်ဈေး ရှိနေပြီး ဆင်ခြေဖုံးမြို့နယ်များ၏တစ်ပေပတ်လည် ပျမ်းမျှဈေးနှုန်းမှာ ကျပ် ၄ဝဝဝဝ အထက်ရှိနေကာ လက်တလောပြောင်းလဲထားသည့် အခွန်စနစ်သစ်ကြောင့် တိုက်ခန်း ငှားရမ်းမှုသာပိုမိုများပြားလာကြောင်း သိရှိရသည်။ တိုက်ခန်းအငှားဈေး ကွက်တွင် ကွန်ဒိုအဆင့်တိုက်ခန်း များမှာ ကျပ်နှစ်သိန်းမှကျပ်သိန်း ၃ဝ အထိရှိနေပြီး နိုင်ငံခြားသားများ၏ ငှားရမ်းမှုမှာ ပိုမိုများပြားကြောင်း သိရှိရသည်။ သာမန်တိုက်ခန်းများ၏ အငှားဈေးနှုန်းမှာ ကျပ် ၆ဝဝဝဝ မှ ကျပ်ငါးသိန်းဝန်းကျင်အထိရှိနေပြီး လတ်တလောတွင်ကျပ်သိန်း ၄ဝဝ မှ ကျပ်သိန်း ၁ဝဝဝ အကြားတိုက်ခန်း များအား အခွန်ပေးဆောင်ရန်မလို အပ်သဖြင့် အရောင်းအဝယ်ကောင်း မွန်နေကြောင်းလည်း သိရှိရသည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties