By Myanmar Builders Guide, Shweproperty.com
Updated at 16 January 2020
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ လေးထောင့်ကန် (တောင်ပိုင်း) ရပ်ကွက် ကွင်းအမှတ် (၁၁၀၂) A, ခရားကွင်း ဦးပိုင် အမှတ် (၃၃/၃၉+၄၀) တွင် တည်ဆောက်နေခြင်းဖြစ်သည်။
မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်သော SHIN KAI International Vocational Institute ကို မြန်မာနိုင်ငံသားပိုင် ဒဲလ်ကိုလီမိတက်နဲ့ ဂျပန်နိုင်ငံ ယိုရှိအိုကုမ္ပဏီလီမိတက်တို့က အကျိုးတူပူးပေါင်း တည်ဆောက်ထားတာဖြစ်သည်။
မြေအကျယ်အဝန်းမှာ (၂၃ ဒသမ ၅) ဧက ရှိ၍ အဆောက်အအုံများကို တည်ဆောက်မည့် ဧရိယာမှာ (၉ ဒသမ ၉၃) ဧက ကျယ်ဝန်းသည်။
၂၀၂၀ပြည့်နှစ် အစပိုင်းတွင် တည်ဆောက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အပိုင်း (၁)၊ အပိုင်း (၂)၊ အပိုင်း (၃) ဟူ၍ ၃ ပိုင်းခွဲကာ တည်ဆောက်သွားမည် ဖြစ်သည်။
ပင်မ (၂) ထပ်ဆောင် အဆောက်အအုံ ပါရှိပြီး စုစုပေါင်း စတုရန်းပေ ၉၈၅၀၀ ကျယ်ဝန်းပြီး ကျောင်းသား(၆၀၀) ကို သင်ကြားနိုင်သည့် စာသင်ခန်း (၂၀) ခန်း ပါဝင်မည် ဖြစ်သည်။
ကန်တင်းနှင့် စတိုးဆိုင်များ ပါဝင်သည့် စတုရန်းပေ (၅၄၀၀)ရှိသော အဆောက်အအုံလည်း တည်ဆောက်မည် ဖြစ်သည်။
ထို့အပြင် ကျောင်းသား (၄၀၀) ဆံ့သော ထမင်းစားဆောင်သည် စတုရန်းပေ (၈၄၀၀) ရှိပြီး ကျောင်းသူ အယောက် (၂၀၀) ဆံ့သော ထမင်းစားဆောင်သည် စတုရန်းပေ (၄၄၀၀) ကျယ်ဝန်းသော အဆောက်အအုံများကိုလည်း တည်ဆောက်သွားမည် ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများ နာမကျန်းဖြစ်သည့်အခါ ဆေးကုသနိုင်ရန်အတွက် စတုရန်းပေ (၁၃၅၀၀) ကျယ်ဝန်းသော (၃) ထပ်မြင့် ဆေးရုံ တစ်လုံး တည်ဆောက်ပေးသွားမည်ဖြစ်သည်။
ထိုဆေးရုံတွင် ကျောင်းသား၊ကျောင်းသူ အယောက် (၁၀၀) ကို တစ်ပြိုင်နက်တည်း ကုသနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်သည်။
ဒါ့အပြင် ဆရာ၊ ဆရာမများအတွက် (၄) ခန်းတွဲ (၄) ထပ်မြင့်သော အခန်း (၁၆) ခန်း ပါဝင်သည့် လူနေအိမ် အဆောက်အအုံတစ်လုံး ပါရှိမည် ဖြစ်ပြီး အယောက် (၆၀၀) ဆံ့သော ဘက်စုံသုံး အဆောက်အအုံပါ တည်ဆောက်သွားမည် ဖြစ်သည်ဟု သိရသည်။
လူငယ်များအတွက် အခွင့်လမ်းကောင်းများ၊ အလုပ်အကိုင် ကောင်းများ ရရှိရန် ရည်ရွယ်ပြီး ထိုစိမံကိန်းကို အလေးပေးဆောင်ရွက် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties