By ပြည့်ရည်ဖူး, Shweproperty.com
Updated at 20 November 2012
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA ) တို့ ပူးပေါင်းဆောင်ရွက်သည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ကို ၂၀၁၃ ဒီဇင်ဘာလ အတွင် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း မြို့ပြ စီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဗိုလ်မှူးတိုး အောင်က ၁၄-၁၁-၂ဝ၁၂ ရက်တွင် ပြောကြားသည်။ အဆိုပါ မဟာဗျူဟာ စီမံကိန်းကို ၂ဝ၁၂ ခုနှစ် မေလ ၁ ရက်က တည်းက နှစ်နိုင်ငံသဘောတူညီခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ရဲ့ ဝန်ကြီးချုပ်နဲ့ JICA က လူကြီးနဲ့ တွေ့ဆုံပြီးတော့ ပရိုဂရမ် တစ်ခုလုံးရေးဆွဲဖို့အတွက် စီမံချက်ခြောက် ချက်ကို သဘောတူညီဆောင်ရွက်ခဲ့တယ်။ ဒီသဘောတူညီချက်အတိုင်းပဲ စီမံချက် တွေ တစ်ခုပြီးတစ်ခု ဆောင်ရွက်နေတာ ဖြစ်တယ်။ အခုတော့ ပထမဆုံး မြို့ပြဖွံ့ ဖြိုးရေးနဲ့ပတ်သက်တာကို အရင်ဆောင် ရွက်ခဲ့တယ်။ ပြီးတော့ ရေပေးဝေရေး၊ ရေ ဆိုးစွန့်ပစ်မှု၊ ရေစီးရေလာကောင်းမွန်မှု တွေကို လုပ်ခဲ့တယ်။ အခုတော့ သယ်ယူ ပို့ဆောင်ရေးအတွက် JICA နဲ့ ပို့ဆောင် ရေးဝန်ကြီး ဦးအောင်ခင်တို့ လက်မှတ်ထိုး ပြီးသွားပြီ၊ ဒီမံကိန်းကို မကြာခင်စမယ်။ JICA ဘက်က ကျွမ်းကျင်တဲ့ လူတွေ လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့လာမယ်၊ ဒီစီမံကိန်းက ရန်ကုန်တမြို့လုံးကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်မှာ ဖြစ်တဲ့အတွက် အောင်မြင်သွားမှာပါ" ဟု ယင် ကပြောကြားသည်။
JICA မှ တာဝန်ရှိသူတစ်ဦးက ''ဒီစီမံကိန်းတွေအားလုံးက လေ့လာနေတုန်း ပဲဆိုတော့ ပြီးမြောက်တဲ့ရာခိုင်နှုန်းကို ပြော လို့ကမရသေးဘူး၊ ဘတ်ဂျက်ကလည်း Master Plan ဆွဲပြီးတော့မှပဲ ဘယ်လုပ် ငန်းကို ဘယ်လောက်သုံးမယ်ဆိုတာ ထွက်လာမှာပါ။ အခုပြောဖို့က စောပါ သေးတယ်၊ master plan ထွက်လာမှ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ပြီး ဘယ်စီမံကိန်းကို အဓိကထား လုပ် သင့်တယ်ဆိုတာ လုပ်သွားမယ်'' ဟု ပြော ကြားသည်။
အဆိုပါ မဟယရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းတွင် မြို့ပြဖွံ့ဖြိုးမှု နှင့် ပတ်သက်သည့် စီမံကိန်း၊ ရန်ကုန်မြို့တွင်း ရေးပေးဝေရေး၊ ရေဆိုးစွန့်ပစ်မှု နှင့် ရေစီးရေလာကောင်းမွန်မှုဆိုင်ရာ စီမံကိန်း ၊ မဟာရန်ကုန်အတွက် ပြည်စုံသော မြို့ပြခရီးသွားလာမှု စီမံကိန်း ၊ အမှိုက်စွန့်ပစ်ရေး စီမံကိန်း ၊ သီလဝါစီးပွားရေးဇုန် ဖွံ့ဖြိုးရေး စီမံကိန်း နှင့် ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်း တို့ ပါဝင်ကြောင်း သိရသည်။
JICA စီမံံချက်ကာလသည် ၂ဝ၁၂ ခုနှစ် သြဂုတ်လ မှှ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပထမပိုင်း နှင့် ၂၀၁၃ ခုနှစ် မတ်လမှ ဒီဇင်ဘာလအထိ ဒုတိယ ပိုင်းအဖြစ် လျာထားကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း ရန်ကုန်မြို့တော်ကြီးအား အဆင့်မြှင့်တင်ရန် ကဏ္ဍစုံမှ စီစဉ် အကောင်အထည်ဖော်လျက်ရှိပြီး လက်ရှိ ကျင့်သုံးလျက်ရှိသော ဥပဒေများကို လည်း ခေတ်နှင့်လျော်ညီစွာ ဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Source : Pyi Myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties