By စန္ဒာလွင်, Shweproperty.com
Updated at 26 October 2012
နိုင်ငံအတွင်း တည်ဆဲမြေအသုံးချမှုဆိုင်ရာ မူဝါဒနှင့်ဆက်စပ်လျက် မြေသိမ်းမှုအပါအဝင် ပြဿနာများအမြောက်အမြား ပေါ်ပေါက်လျက်ရှိနေပြီး ပြေလည်မှုမရသေး
နိုင်ငံအတွင်း တည်ဆဲမြေအသုံးချမှုဆိုင်ရာ မူဝါဒနှင့်ဆက်စပ်လျက် မြေသိမ်းမှုအပါအဝင် ပြဿနာများ အမြောက်အမြား ပေါ်ပေါက်လျက်ရှိနေရာ လက်ရှိပြဿနာများအတွက် ပြေလည်မှုမရှိမီပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများသို့ စီမံကိန်းအရပ်ရပ်အပါအဝင် အသုံးပြုမှု အမျိုးမျိုးအတွက် နိုင်ငံတော်မှ အသစ် ထပ်မံ မြေငှားရမ်း၊ ရောင်းချခြင်းများ မဆောင်ရွက်သေးရန် အောက်တိုဘာလ ၉ ရက်၊ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ် သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲက သဘောထားထုတ်ပြန် တောင်းဆို ကြောင်း သိရသည်။
ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ အောက်တိုဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် အာရှစီးပွားဖြစ် စိုက်ပျိုး ရေးအစည်းအဝေး (2nd Commercial Farm Asia) သို့ စာတမ်းအဖြစ် တင်သွင်း ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သဘော ထားများနှင့် ပြဿနာများကို ညီညွတ် သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (ယူအင်န်အေ) ၏ စီစဉ်မှုဖြင့် နိုင်ငံရေး ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ မှ တက်ရောက်သူ ၁၅ဝ ခန့် ဆွေးနွေးခဲ့ ခြင်းဖြစ်ပြီး အဆိုပါအချက်အပါအဝင် အချက် ၁ဝ ချက်ကို ထုတ်ပြန်တောင်းဆို ခဲ့ခြင်းဖြစ်သည်။
တောင်းဆိုချက်များတွင် ပြဋ္ဌာန်းပြီး ဖြစ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲခြင်းနည်းဥပဒေကို နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန်ပေးရန်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် သတ်မှတ်ထားသည့် မြေများ၏ပမာဏ နှင့် တည်နေရာမြေပုံကို အများပြည်သူ သို့ စာရွက်စာတမ်းကြေးငွေဖြင့် ရယူနိုင် အောင် စီစဉ်ပေးရန်၊ မြေလွတ်၊ မြေလပ် မြေရိုင်းများ အသုံးချခွင့်နှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် လက်ရှိ ပြဿနာများကို ယင်းဥပဒေပုဒ်မ ၂၅ အား တိတိကျကျ လိုက်နာဖြေရှင်းပေးရန်နှင့် ယင်းသို့မဖြေ ရှင်းဘဲ ဒေသခံများကို တရားစွဲဆိုနေခြင်း များကို ရပ်ဆိုင်းရန်အချက်များ ပါဝင် သည်။
''ဒီနည်းဥပဒေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးဖို့ တောင်းဆိုပါ တယ။် ဒေသခံတွေအနေနဲ့ မြေလွတ် မြေလပ်၊ မြေရိုင်းတွေကို အသုံးချခွင့် လျှောက်ရမယ့် လုပ်ငန်းစဉ်ကိုလည်း သိချင်ပါတယ်။ ဒါ့ပြင် ဘယ်ဟာက မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းလဲလို့ မသိတဲ့ အတွက် ဝင်လုပ်မိလို့ ဒေသခံတွေ အနှင်ခံရ၊ အပြစ်ပေးခံရတာတွေ ရှိတဲ့အတွက် ဘယ်ဟာက ဒီလိုမြေတွေဆိုတာကို ဒေသခံတွေသိအောင် လုပ်ပေးစေချင် တယ်''ဟု ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (အက်စ်အင်န် အယ်လ်ဒီ)မှ ဘဏ္ဍာရေးမ·း ဒေါ်နန်းထွေးမှုံက ပြောသည်။
''နည်းဥပဒေတိုင်းကို အများပြည်သူ သိအောင် ထုတ်ပြန်ရမှာ ဖြစ်ပေးမယ့် မထုတ်ပြန်တဲ့အပြင် ကျွန်တော်တို့ ရထားတဲ့ နည်းဥပဒေမှာ ထိပ်က 'လျှို့ဝှက်'လို့ တပ်ထားတဲ့အတွက် ဒါကို ကန့်ကွက်ပြီး ထုတ်ပြန်ပေးဖို့ တောင်းဆို ပါတယ'် 'ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက ပြောသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေ စာရင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်းနည်းဥပဒေကို လယ်ယာစီးပွား သတင်းစာစောင်တွင် ထုတ်ပြန်ခဲ့သည် ဟု ပြောသည်။
''လယ်ယာစီးပွားမှာတော့ ပါတယ်။ ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွေလည်း အခု လုပ်နေပါတယ်။ မြို့နယ်အဆင့်လောက် ပဲ ရှိသေးတယ်ထင်တယ်။ ဌာနတွင်းနဲ့ ဆွေးနွေးပွဲတွေမှာ ဖြန့်တဲ့ နည်းဥပဒေ တွေမှာတော့ လျှို့ဝှက်တို့၊ ကန့်သတ်တို့ မပါပါဘူး''ဟု ၎င်းက ပြောသည်။ အခြား တောင်းဆိုချက်များအဖြစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးချခွင့်ကို ဌာနေဒေသခံများကို ဦးစားပေး ရယူလုပ်ကိုင်ခွင့်ပြုရန်၊ ဒေသခံများ မြေယာလုပ်ကိုင်ခွင့် ရယူရေး ဆောင်ရွက် ရာတွင် အတားအဆီးဖြစ်နေသည့် အဆင့်ဆင့်သော ဌာနဆိုင်ရာဝန်ထမ်း များ၏ အဂတိလိုက်စားမှုများကို ဖော် ထုတ်အရေးယူရန်၊ ဒေသခံများကို နည်း ပညာ၊ အတတ်ပညာနှင့် အရင်းအနှီးများ တိုက်ရိုက်ပံ့ပိုးရန်၊ နိုင်ငံသား(သို့) နိုင်ငံ ခြားသားများအား လုပ်ကိုင်ခွင့်ပေးရာ တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိ စေရန် စနစ်ကျသော EIA, SIA, HIA Report များဖြင့် ချိန်ညှိစီမံ ခန့်ခွဲရန်၊ ဌာနေဒေသခံများနှင့် ပြင်းထန်သော ပဋိပက္ခဖြစ်ပွားပါက မပြေလည်မီ စီမံ ကိန်း အကောင်အထည်မဖော်သေးဘဲ ဆိုင်းငံထားရန် စသည့် အချက်များ ပါဝင်သည်။
ဆွေးနွေးတွင် ဒေသအနှံမှ ရှမ်း ၊ချင်း ၊ ကချင၊် ကရင၊် ကယား၊ ရခိုင် ၊ မွန် ၊ ဗမာ တိုင်းရင်းသားများ ပါဝင်ပြီး ဒေသ အသီးသီးရှိ မြေအသုံးချမှုဆိုင်ရာ ပြဿ နာများ၊ ဒေသခံများအပေါ် သက်ရောက် နေမှုများနှင့် တည်ဆဲမြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ်လည်း သုံးသပ် ဆွေးနွေးခဲ့ကြသည်။
တည်ဆဲဥပဒေအရ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို လယ်ယာ စိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ဒေသခံများသို့ အများဆုံး ၁ဝ ဧက အထိ နှင့် ပြည်တွင်းနှင့် ပြည်တွင်းပြည်ပ ဖက်စပ်လုပ်ငန်းရှင်များသို့ တစ်ကြိမ် လျှင် မြေဧကအများဆုံး ၅,ဝဝဝ မှ စတင် ကာ ဧက ၅ဝ,ဝဝဝ အထိ တိုးမြှင့်ငှားရမ်း လုပ်ကိုင်ခွင့် ပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။ Source : myanmartimes
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties