By လဲ့မို့, Shweproperty.com
Updated at 4 June 2012
ကွန်ဒိုနဲ့ တိုက်ခန်းတွေ အရောင်းအဝယ်ပြုလုပ်ရာမှာ မြေပိုင်ရှင်ဘက်က အရောင်းအဝယ်ကို အသိအမှတ်ပြုတဲ့ လက်မှတ်ရေးထိုးရာမှာ ပေးရတဲ့ဝန်ဆောင်ခ ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။
“အခုနောက်ပိုင်းမှာ ၅ ရာခိုင်နှုန်းတောင်းတဲ့ လူတွေရှိတယ်၊ ၁၀ ရာခိုင်နှုန်းတောင်းလို့ အရောင်းအဝယ်မဖြစ်ဘဲ ပျက်သွားတဲ့ အခန်းတွေလည်းရှိတယ် ” လို့ ယူနီတီအိမ်ခြံမြေမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အရင်က မြေပိုင်ရှင်တွေကို အရောင်းအဝယ်ဖြစ်တဲ့ ကာလပေါက်ဈေးရဲ့ တစ်ရာခိုင်နှုန်း ပေးရပေမယ့် အခုအခါ နှစ်ရာခိုင်နှုန်းအထိပေးရပြီး ငါးရာခိုင်နှုန်းနဲ့ အထက်တောင်းတဲ့တောင်းတဲ့ မြေပိုင်ရှင်တွေလည်း ရှိတယ်လို့ သိရပါတယ်။
အဲသည်လို မြေပိုင်ရှင်ကိုပေးရတဲ့ ဝန်ဆောင်ခကို အခန်းရောင်းချတဲ့သူက ပေးရတာဖြစ်ပြီး ဝယ်သူတွေကလည်း နာမည်ပေါက်စလစ် မရပါကမဝယ်ယူချင်တဲ့သူတွေရှိသလို ကိုယ်ပြန်ရောင်းတဲ့အခါမှာလည်း အဲသည်လို ဝန်ဆောင်ခ အများအပြား ပေးရမှာဆိုးတာကြောင့် မဝယ်ယူကြဘူးလို့ သိရပါတယ်။
“ရောင်းတဲ့ဝယ်တဲ့အခါ မြေရှင်နဲ့ အခန်းရှင် ညှိမရတဲ့ ပြဿနာ၊ မတန်တဆတောင်းတဲ့ ပြဿနာတွေကြောင့် အကြီးအကျယ် ပြဿနာတက်တယ်၊ အခုထိလည်း အဲဒီလိုတွေ ဖြစ်နေတုန်းပဲ” လို့ အာရှမြေယာမှ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။
အရောင်းအဝယ် ပြုလုပ်ရာမှာ မြေပိုင်ရှင်ကို အမည်ပြောင်းခ၊ အသိအမှတ်ပြုကြောင်း လက်မှတ်ထိုးခတွေ ပေးနေရတာကြောင့် နောက်ပိုင်းမှာ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဥပေဒတွေ ပေါ်ထွက်လာဖို့ လိုအပ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။
Source : ကုမုဒြာ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties