By ပြည်သိမ်း, Shweproperty.com
Updated at 1 December 2011
ပြည်တွင်း ငွေကြေးတက်နိုင်သူ များသည် ခြံမြေများတွင်သာ ရင်းနှီးမြုပ်မှုများပြုလုပ်သောကြောင့် မြေဈေးနှုန်းများဆက်လက်မြင့် တက်နေသဖြင့် စီးပွားရေးလုပ်ငန်းရှင်များက စိုရိမ်နေကြသည်။
၁၉၉၇ ဝန်းကျင်က ထိုင်းနိုင်ငံ မှ စတင်ပြီး အာရှတိုက်တွင်ကြုံတွေ့ခဲ့ရသော စီးပွားရေးအကျပ်အတည်း၏ သက်ရောက်မှုကြောင့် ပြည်တွင်း၌ပါ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စီးပွားရေး အကျပ်အတည်းကြုံတွေခဲ့ရသည်။ ယင်းအချိန်က အာဆီယံနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက် လာနိုင်မည်ကို မျော်လင့်ပြီး ပြည်းတွင်းခြံမြေများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပို့ကုန် သွင်းကုန်စီပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အိမ်ခြံမြေ အခြေအနေက အကျိုးဆောင်တွေတောင် မျက်စိလည်ကုန်တယ်။ ဒီနှစ်ကခြံမြေနှစ်လို့ပြောလို့ရတယ် ဟုမဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ဆိုသည်။
လက်ရှိပြည်တွင်းအိမ်ခြံမြေဈေးကွက်သည် စီမံကိန်းများ၊ စီးပွားရေးသတင်းများ၏ရိုက်ခက်မှုအပေါ် ပြောင်းလည်းမှုများဖြစ်နေသည်။ သန်လျင်မြို့နယ်ရှိ သီလဝါစက်မှုဇုံတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် ကိုးရီးယားနိုင်ငံမှ ကန်ဒေါ်လာ ငါးဘီလီယံရင်းနှီးမြုံနှံရန် စီစဉ်ထားသည့် သတင်းများထွက်ပေါ်ခဲ့သည်။ ယင်းကြောင့် သီလဝါစက်မှုဇုံ ရှိမြေကွက်များသည် တစ်လအတွင်း သုံးဆခန့်ဈေးနှုန်းမြင့်တက်လာသည်။
ယင်းစက်မှုဇုံရှိမြေကွက်များသည် စီမံကိန်းသတင်းမထွက်ခင်က တစ်ဧကလျှင် သိန်း ၈၀၀ ဝန်းကျင်သာဈေးရှိရာ အဆိုပါ သတင်းထွက်ပြီး တစ်လအတွင်း ကျပ်သိန်း ၂,၅၀၀ အထက်သို့ ရောက်လာသည်။ ယင်းနဲ့ဆက်စပ်၍ သန်လျင်မြို့တွင်း အိမ်ခြံမြေများမှာလည်း ဈေးနှုန်းမြင့်တက်လာသည်။ ယခင်က ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိသည့် ခြံမှာ ကျပ်သိန်း ၁၂၀၀ နှင့် အရောင်းအဝယ်ဖြစ်ကြောင်းကို သိရသည်။
“လုပ်ငန်းချဲ့ဖို့ မြေတစ်ဧကလောက် ဝယ်မလို့ရှာတာ။ လက်ရှိဈေးနှုန်းနဲ့ ဘယ်လိုမှ မတက်နိုင်ဘူး” ဟု လှိုင်သာယာစက်မှုဇုန်ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယင်းကဲ့သို့ပင် သာမန်အိမ်ခြံမြေဈေးနှုန်းများမှာလည်း တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ မြင့်တက်လေ့ရှိကြောင်း ယူနတီအိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ မှ မန်နေဂျာ ဦးဇော်ဇော်က ပြောသည်။
လက်ရှိမြို့တွင်းအိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်း ၁၀၀၀ သိန်း ၂၀၀၀ တန်များ အရောင်းအဝယ်ဖြစ်သကဲ့သို့ ကျပ်သိန်းပေါင်း သောင်းချီအထိလည်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ပြည်တွင်းစီပွားရေး လုပ်ငန်းရှင်များသည် အိမ်ခြံမြေတွင်သာ အဓိက ရင်းနှီးမြှုံနှံရခြင်းမှာ အခြားသောစီပွားရေးအခွင့်အလမ်းများ ပြည်တွင်း၌ လွန်စွာ အားနည်းခြင်းကြောင့် ဖြစ်ကြောင်းဆန်စပါးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ပြည်ပမှ ဝင်ရောက်လာမည့် စီးပွားရေးလုပ်ငန်းများကို မျှောလင့်ကြသဖြင့် အကြောင်းအမျိုးအမျိုးကြောင့် မဝင်နိုင်လာပါက ပြည်တွင်းစီပွားရေး အကျပ်အတည်းဖြစ်နိုင်ကြောင်း အထက်ပါ ပုဂ္ဂိုလ် ကပြောသည်။
ပြည်တွင်း၌ ထုတ်ကုန်လုပ်ငန်းများ အားနည်းခြင်း ၊ ဆန် ၊ ပဲမျိုးစုံပြည်ပတင်ပို့မှု့တွင် ကျဆင်းနေခြင်း ၊ ရွှေ ၊ ကား ကဲ့သို့ ရင်းနှီးမြှုံနှံမှုများတွင် လည်းအားမကောင်းခြင်း ၊ အခြားသော လုပ်ငန်းများ လုပ်ကိုင်မှုတွင်လည်း အတားအဆီးများရှိနေခြင်းကြောင့် အိမ်ခြံမြေတွင်သာ ရင်းနှီးမြှုပ်နှံများနေခြင်းဖြစ်သည်။
ယခုအခါ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများ၌ပါ တစ်နှစ်ထက် တစ်နှစ်တိုး၍ ရင်းနှီးမြှုပ်နှံလာကြသည်။ စင်ကာပူအိမ်ခြံမြေတွင် ပြည်တွင်းနိုင်ငံသားများ ရင်းနှီးမြှုပ်နှံ သည် တစ်နှစ်ထက် တစ်နှစ်တိုးလာကြောင်း CS Global Exhibitions Pte Ltd မှ အထွေအထွေမန်နေဂျာ ဒေါ်ဥမ္မာတင်မောင်က ဆိုသည်။
“ကျွန်မတို့ကုမ္ပဏီ တစ်ခုတည်းက မနှစ်ကနဲ့ ဒီနှစ် ၂ နှစ်အတွင်း လူ ၁၀၀ လောက်ရင်းနှီးမြှုပ်နှံထားတယ်” ဟု East Organization အိမ်ခြံမြေအကျိုးဆောင်မှ မဇွန်ကေခိုင် က ရှင်းပြသည်။
လက်ရှိပြည်တွင်းတွင် အပြောင်အလဲများစွာဖြစ်ပေါ်လာပြီး နိုင်ငံရေးအခြေအနေကောင်းများ ဦးတည်လာသည့်အတွက်ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာနိုင်သည်။ ယင်းအခြေအနေမျိုးတွင် ပြည်တွင်း ၌ စီးပွားရေးအခြေခံ ကောင်းများရှိရန်လိုအပ်သည်။
ယခုကဲ့သို့ အိမ်ခြံမြေတစ်ခုတည်း ၌သာ စုပြုံရင်းနှီးမြှုပ်နှံနေမြည်ဆိုပါက ရေရှည်တွင် စီးပွားရေး အခက်အခဲများကြုံတွေ့နိုင်ကြောင်းပြည်တွင်းစီးပွားရေးလုပ်ငန်းကြီးတစ်ဦးက ဆိုသည်။
source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties