By 7daydaily, Shweproperty.com
Updated at 24 May 2016
အောင်ဘာလေထီကို လက်ရှိ ထုတ်ဝေနေသည့် ကျပ် ၂၀၀ တန်ထီလက်မှတ်အပြင် ကျပ်၅၀၀ တန်ထီလက်မှတ်အသစ်ကို ထပ်ထုတ်၍ အမြင့်ဆုံး ဆုငွေ ပေါက်မဲ ကျပ်သိန်းတစ်သောင်း အထိ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျပ် ၅၀၀ တန်ထီလက်မှတ် အသစ်ထုတ်ဝေမှုကို ရှစ်လအ တွင်း စတင်မည်ဖြစ်ပြီး ယင်း ထီလက်မှတ်အတွက် အမြင့်ဆုံးဆုငွေပေါက် မဲသည် ကျပ်သိန်းတစ် သောင်းဖြစ်ကာ လက်ရှိထုတ်ဝေ နေသော ကျပ် ၂၀၀ တန်ထီလက် မှတ်အတွက် အမြင့်ဆုံးဆုငွေမှာ ကျပ်သိန်း ၁၅၀၀ အဖြစ် ဆက်ရှိ နေမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
‘‘ကျပ် ၅၀၀ တန်ထီလက် မှတ်အသစ်ထုတ်ဖို့အတွက်ကို တော့ လူကြီးတွေကိုလည်းတင်ပြ ပြီးသွားပြီ။ ထီဒီဇိုင်းဆွဲရမှာတွေ၊ ဝါဇီစက်ရုံမှာ ထီလက်မှတ်ရိုက်ဖို့ ကြိုအပ်ရမှာ ရှိနေသေးတော့ နောက် ရှစ်လလောက်ကြာမှ စဖွင့်နိုင်မယ်လို့ မှန်းထားတယ်’’ဟု ၎င်းက ပြောသည်။
ထို့သို့ ဆုကြေးငွေတိုးမြှင့် ဖွင့်လှစ်ပေးရခြင်းမှာ ထီကံစမ်းသူ များဘဝပြောင်းလဲသွားသောစိတ် ဝင်စားဖွယ်ဆုကြေးမျိုးဖြစ်ရန် လို အပ်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမြင့်ဆုံးဆုငွေကျပ်သိန်း တစ်သောင်းပေးမည့် ထီလက် မှတ်အသစ် ထုတ်သွားမည် ဖြစ် သော်လည်း ထီကံစမ်းသူများရွေး ချယ်ခွင့်ရ ရှိစေရန် ကျပ် ၂၀၀ တန် ထီလက်မှတ်များကိုလည်း ဆက် ထုတ်ပေးသွားမည်ဟု သတင်းရရှိ သည်။ ထို့အပြင် အောင်ဘာလေ သိန်းဆုဌာနသည် မကြာမီ နိုင်ငံ တကာစနစ်နှင့်အညီ နည်းပညာ အသုံးပြုထီဖွင့်လှစ်မှု(E-Lottery)ကို ကျင့်သုံးနိုင်ရန် ပြည်တွင်း ပြည်ပအတွေ့အကြုံရှိ ကုမ္ပဏီ များကို ဖိတ်ခေါ်သွားရန်ရှိကြောင်း ဦးမင်းထွဋ်က ပြောသည်။
‘‘E-Lottery အသုံးပြုနိုင်ရင် တော့ ထီလက်မှတ်ခပိုပေးပြီး ကံ စမ်းရတာမျိုးကို ဖြေရှင်းသွားနိုင် မယ်။ ရွေးချယ်ခွင့်တွေလည်း ပိုရ လာမယ်။ အခုကတော့ ဥပဒေမရှိ သေးလို့ မစနိုင်သေးဘူး။ ဥပဒေ ထွက်အတည်ပြုနိုင်ဖို့အတွက်ကို စောင့်နေတယ်။ ဥပဒေထွက်လာ ရင် အဲဒီ လုပ်ငန်းကျွမ်းကျင်သူတွေ ငှားပြီး ပြည်တွင်းပြည်ပက ကုမ္ပဏီတွေကို တင်ဒါဖိတ်ခေါ်သွားမယ်။ အဲဒါကတော့ ဘယ်တော့စနိုင် မယ်လို့ မှန်းမရသေးဘူး’’ ဟု ၎င်း က ဆိုသည်။
နိုင်ငံတော်အနေဖြင့် အောင် ဘာလေထီကို ၁၉၃၈ တွင် စတင်ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး ထိုစဉ်က ထီတစ်စောင် နှစ်ကျပ်ဖြင့် အမြင့်ဆုံးဆုငွေ ကျပ် တစ်သိန်း သတ်မှတ်ခဲ့သည်။
ယခုကျပ် ၂၀၀ တန်ထီလက် မှတ်ကို ၂၀၀၉ တွင် စတင်ရောင်း ချခဲ့ကာ အမြင့်ဆုံးဆုငွေကို ကျပ် သိန်း ၁၅၀၀ အဖြစ် သတ်မှတ် ထားသည်။
နိုင်ငံတော်အနေဖြင့် ထီ လက်မှတ်ရောင်းရငွေ၏ ၄၀ ရာ ခိုင်နှုန်းကို နိုင်ငံအခွန်ငွေအဖြစ် သတ်မှတ်ရယူပြီး ၆၀ ရာခိုင်နှုန်း ကို ဆုငွေအဖြစ် ပြန်လည်ထုတ် ပေးနေခြင်းဖြစ်သည်။
အောင်ဘာလေထီကို ပြင် ပတွင် ထီကံစမ်းသူများက ကိုယ် စားလှယ်များထံမှတစ်ဆင့်ခံ ဝယ် ယူကံစမ်းနေကြရပြီး ထီတစ် စောင်ချင်း တန်ဖိုးမှာ ကျပ် ၂၀၀ သတ်မှတ်ထားသော်လည်း နှစ်ဆခန့်ပိုပေးကာ ဝယ်ယူနေ ကြရ၍ ဝေဖန်မှုများရှိနေသည်။
Ref : 7daydaily
Photo Credit : Irrawaddy
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties