By ကိုဖြိုး၊ သန့်စင်ဦး, Shweproperty.com
Updated at 8 May 2012
၂ဝ၁၂ ခုနှစ်နှစ်အစမှစ၍ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်တွင်၂ဝ၁ဝ-၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါ က ဈေးနှုန်းကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး သကြင်္န်အပြီး လာမည့်မေလမှ စတင်ကာ ပြန်လည်မြင့်တက်လာ နိုင်ခြေရှိကြောင်း ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြော ကြားသည်။
''၂ဝ၁၂ အိမ်ခြံမြေအရောင်းအဝယ်က ၂ဝ၁ဝ-၁၁ ကို မမီပါဘူး။ ယခုနှစ်နှစ်စပိုင်း အထူးသဖြင့် ဇန်နဝါရီမှာ သဃင်္န်းကျွန်း၊ တောင်ဥက္က လာဘက်တွေမှာ သိန်း ၃,ဝဝဝ ဝန်း ကျင်၊ ရန်ကင်းမြို့နယ် သိန်း ၅,ဝဝဝ ဝန်းကျင်၊ သန်လျင်မြို့နယ်မှာတော့ သိန်း ၄ဝ၊ ၅ဝ က သိန်း ၁၅ဝ၊ ၂ဝဝ လောက်အထိရှိပြီးအရောင်းအဝယ် ဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းတော့သန်လျင်မြေဈေးက ပြန်ကျနေပါပြီ''ဟု ယူနတီအိမ်ခြံမြေအကျိုးဆောင်မှ မန်နေဂျာ ဦးဇော်ဇော်က ပြောသည်။ ''အိမ်ခြံမြေဈေးက၂ဝ၁၁ ဒီဇင်ဘာဒုတိယပတ်၊ တတိယပတ်လောက်ထဲက ကျလာတာ ဖေဖော်ဝါရီလလယ်လောက်မှာ တော်တော်ကြီးကို အေးသွားတယ်'' ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်မှ ဦးသန်းဦးကဆိုသည်။
ထိုကဲ့သို့ ဒီဇင်ဘာတတိယပတ် လောက်က အိမ်ခြံမြေအရောင်းအ ဝယ်ကျဆင်းရခြင်းမှာ ခရစ်စမတ် NEW YEAR တရုတ်နှစ်ကူးစသည့် ပွဲတော်များနှင့် ဆက်တိုက်ကြုံတွေ့ ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲအ ပေါ် ရင်းနှီးမြုံနှံသူများက စောင့် ကြည့်အကဲခတ်နေခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
''တရုတ်နှစ်ကူးက အရင်ဖေဖော်ဝါရီလောက်မှလုပ်တာ။ အခု ဇန်နဝါရီမှာလုပ်တယ်။ ပွဲတော်မှာ အများအားဖြင့် ရင်းနှီးမြုပ်နှံမှုတွေ နည်းလေ့ရှိတယ်''ဟု ဦးဇော်ဇော်က ပြောခဲ့ပြီး ''ကြားဖြတ်ရွေးကောက် ပွဲအပေါ် ရင်းနှီးမြုံနှံကြသူတွေက စောင့်ကြည့်နေကြတယ်။ ဘာတွေ များပြောင်းလဲလာမလဲလို့။ဒါကြောင့် အရောင်းအဝယ်အေးသွားတာပါ''ဟု ဦးသန်းဦးက ဖြည့်စွက်ပြောကြား သည်။
ထို့ပြင် ၂ဝ၁ဝ-၁၁ အတွင်း အရောင်းအဝယ်များပြားခဲ့ခြင်းမှာ ဒလ-ရန်ကုန်တံတားထိုးမည့်သတင်း၊ သီ လဝါစက်မှုဇုန်သတင်း၊ မြန်မာ-ကိုရီးယားနှစ်နိုင်ငံပေါင်း၍ မြန်-ကိုအိမ် ရာစီမံကိန်းဖော်မည့်သတင်းနှင့် သီ လဝါဆိပ်ကမ်း အဆင့်မြင့်တင်မည့် သတင်းများကြောင့်ဖြစ်ပြီး ယခု နောက်ပိုင်း၌ အဆိုပါစီမံကိန်းများ ထင်သလောက် မစတင်နိုင်မှုများ ကြောင့် ရင်းနှီးမြုပ်နှံမှုများ တုံ့ဆိုင်း သွားခြင်းဖြစ်ကြောင်း အိမ်ခြံမြေအ ကျိုးဆောင်များထံမှ သိရသည်။
အဆိုပါစီမံကိန်းများကြောင့် အရောင်းအဝယ်ကောင်းခဲ့သလို အိမ်ခြံမြေဈေးနှုန်းများမှာလည်း ထိုး တက်ခဲ့ကြောင်း၊ ရန်ကုန်အနားသတ် မြို့နယ်များ၌ နှစ်ဆ၊သုံးဆအထိထိုး တက်ခဲ့ကြောင်း၊ သို့ရာတွင် ရန်ကုန် မြို့အတွင်းပိုင်းမြို့နယ်များမှာ အနည်းငယ်သာတက်ခဲ့ပြီး ၂ဝ၁၂ ဖေ ဖော်ဝါရီ၊ မတ်လ၌ တဟုန်ထိုးတက် ခဲ့သော ရန်ကုန်မြို့စွန်မြို့နယ်ဈေး နှုန်းများမှာ အနည်းငယ်ကျဆင်းခဲ့ ကြောင်း သိရသည်။
''နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ ထွက်ပေါ်လာဖို့လိုတယ်။ ဒါမှ အခွန် တွေဘယ်လိုဆောင်ရမယ်စသည်ဖြင့် ခိုင်ခိုင်မာမာပြာန်းထားမှ ဝင်လာ မယ်။ လောလောဆယ်တော့ ကိုယ် စားလှယ်တွေ စီးပွားရေးကို လေ့လာ တာ၊ စက်ရုံပိုင်းလုပ်ကိုင်သူတွေ၊ကြို ရောက်နေတဲ့သူတွေရှိပါတယ်။ လာမယ့် ၂ဝ၁၂ ခုနှစ် အချိန်ကာလဟာ ၂ဝ၁၁ လို ပြန်ကောင်းလာမှာပါ။ အိမ်ခြံမြေလုပ်ကိုင်သူတွေအားလုံးကလည်းမျှော်လင့်ထားသလိုရင်းနှီးမြပ် နှံသူတွေကလည်း အလုံးအရင်းနဲ့ဝင် ရောက်မြပ်နှံနေကြတာပေါ့။ အိမ်ခြံမြေဈေးကွက်ဟာ ပြန်လည်ကောင်း မြူုပ်နှံလာဖို့ပဲရှိတယ်''ဟု ဦးဇော်ဇော် ကပြောခဲ့ပြီး ''လက်ရှိပုံစံအတိုင်း သွားနေမယ်ဆိုရင် သေချာပေါက် ပြန်လည်ဦးမော့လာမှာပါ''ဟု ဦးသန်းဦးက ဆိုသည်။
တန်ဖိုးမြင့်အိမ်ခြံမြေအရောင်းအဝယ်မှာ၂ဝ၁၁လောက် မကောင်း သော်လည်း ကြိုကြားကြိုကြား ပုံမှန် ရောင်းနေရကြောင်း၊ နိုင်ငံခြားသား များ ဝင်ရောက်လာပါက ငှားရမ်းနိုင် ရန် ကွန်ဒိုတိုက်ခန်းများ ကြိုတင် ဝယ်ယူမှုကြောင့် အရောင်းဖြစ်ခဲ့ပြီးကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ဒဂုံ၊ ဗဟန်း၊ မရမ်းကုန်းမြို့နယ်များ၌ အပါအဝင် နေရာစုံနီးပါး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သို့ရာတွင် ၂ဝ၁ဝ-၁၁ နှင့်ယှဉ်ပါက နည်းပါး နေပြီး အငှားသာသွက်ခဲ့ကြောင်း သိရသည်။
''၂ဝ၁၂ ဟာ အရင်နှစ်တွေနဲ့ ကွာတာကတော့ တစ်နေရာတည်းအရမ်းရောင်းရတာမျိုးမရှိဘူး။ နေရာစုံဖြန့်ပြီး အရောင်း၊ အငှားဖြစ်နေ တာပေါ့''ဟု ဦးဇော်ဇော်က ထပ် လောင်းပြောကြားသည်။''အိမ်ခြံမြေဈေးတက်တာ ကောလာဟလသတင်းတွေကြောင့် လည်းပါတယ်။ ဒါပေမဲ့ ထိုးတက် သွားတဲ့ဈေးက မငြိမ်ပါဘူး။ ကျရင် ထိုးကျတော့တာပဲ။ ဖြည်းဖြည်းချင်း တက်သွားတဲ့ဈေးဟာ လွယ်လွယ်နဲ့ ကျလေ့မရှိပါဘူး''ဟု အိမ်ခြံမြေအ ကျိုးဆောင်များက ပြောကြားပြီး ရ ထားလမ်းများ အသစ်ဖောက်မည်။မြေအောက်ရထားလမ်းများဖောက် မည်။ အဝေးပြေးကားဂိတ်များ ရွှေ့ ပြောင်းမည်။ အသစ်ရေးဆွဲထား သည့် ရထားလမ်းမြေပုံများ စသည့် ကောလာဟလသတင်းများ ထွက် ပေါ်ခဲ့သောကြောင့် ဈေးနှုန်းလှုပ် ခတ်မှုများရှိခဲ့သည်။ သကြင်္န်အပြီး၌ အိမ်ခြံမြေဈေးကွက် မြင့်တက်လာ လေ့ရှိကြောင်း သိရသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties