By The Voice Weekly, Shweproperty.com
Updated at 25 December 2011
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက ယခင်ထုတ်ပေးထားသော မြေငှားစာချုပ် (ဂရန်) များကို လုံခြုံရေးစနစ်ပါ မြေဂရန်အသစ်များဖြင့် နိုဝင်ဘာလမှ စတင်၍ လဲလှယ်လျက်ရှိကြောင်း မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန တာဝန်ရှိသူများက ပြောကြားသည်။
ထိုသို့ထုတ်ပေးရာတွင် ဧရိယာအရ မြို့နယ်အရ ကုန်ကျစရိတ် ကွဲပြားနိုင်ပြီး အနိမ့်ဆုံး ကျပ်လေးသောင်း ရှစ်ထောင်မှ အမြင့်ဆုံး ကျပ်တစ်သိန်းလေးသောင်းရှစ်ထောင်ထိ ကုန်ကျနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာန အရာထမ်းတစ်ဦးက ပြောကြားသည်။
ဂရန်အသစ်နှင့် အဟောင်း ကွာခြားခြင်းမရှိဘဲ ဂရန်အဟောင်းရှိသူများ အသစ်မဖြစ်မနေလဲလှယ်ရန် မလိုအပ်ကြောင်း ယင်းအရာထမ်းထံမှ သိရှိရသည်။
Source : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties