By မော်ကျွန်းသူ, Shweproperty.com
Updated at 30 January 2012
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ စက်မှုဇုန်များနှင့် နီးသောရပ်ကွက် များတွင် တန်ဖိုးနည်းလုံးချင်းအိမ်ရာ များတည်ဆောက်ကာ လစဉ်ငွေပေး စနစ်ဖြင့် အငှားချနေထိုင်စေသော ဈေးကွက်မှာ တွင်ကျယ်လာကြောင်း သိရသည်။
အဆိုပါ အငှားစနစ်မှာ ရွှေပြည်သာ၊ မင်္ဂလာဒုံမြို့နယ်များတွင် တွင်ကျယ်လာကြရာ ဈေးကွက်တစ် ခုအသွင်ဖြစ်လာကြောင်း အိမ်ပွဲစား လုပ်ကိုင်သူများထံမှ သိရသည်။
''အခု နယ်တွေကရန်ကုန်မှာ လာပြီးအလုပ်လုပ်လာကြတယ်။ အဲ ဒီအတွက် နေစရာလိုအပ်လာပြီ၊ တချို့က အိမ်တွေကို အခန်းတွေဖွဲ့ ပြီး အငှားနေထိုင်စေတယ်။ တချို့ က အိမ် ၁ဝ ပေပတ်လည်အိမ်သေး သေးလေးတွေ ဆောက်ပြီးအငှား တင်တယ်။ ငှားချင်တဲ့သူတွေက များတယ်။ အိမ်က မလုံလောက်ကြ ဘူး''ဟု ရွှေပြည်သာ (၁ဝ) ရပ်ကွက် တွင် နေထိုင်သူတစ်ဦးက မြန်မာပို့စ် ဂျာနယ်သို့ ပြောသည်။
အိမ်ခန်းငှားခတွင် လစဉ်ကျပ် တစ်သောင်းခွဲမှ နှစ်သောင်းခွဲဝန်း ကျင်ထိ ဈေးနှုန်းရှိကြောင်းသိရ သည်။
''ဘုရင့်နောင်လမ်းမမှာဆိုရင် နယ်ကနေ လာပြီးငှားနေကြတယ်။ တစ်လကို တစ်သောင်းခွဲဆိုတော့ အိမ်အတွက်လည်း စိတ်ချရတယ်'' ဟု တပ်အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုသည်။
ထို့ပြင် မင်္ဂလာဒုံမြို့နယ်များ တွင်လည်း တန်ဖိုးနည်းလုံးချင်းအိမ် ရာများတည်ဆောက်ပြီး အငှားချနေ ထိုင်မှုမှာလည်း များပြားလာကြောင်း မဂင်္လာဒုံမြို့နယ်တွင် နေထိုင်သူများ ထံမှ စုံစမ်းသိရသည်။
Source : The Myanmar Post
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties