By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 23 October 2017
Property Guru က စီစဉ်ကျင်းပတဲ့ Myanmar Property Awards ၂၀၁၈ ပြိုင်ပွဲအတွက် ဝင်ခွင့်အဆိုပြုလွှာ တွေကို စတင်လက်ခံနေပြီဖြစ်ကြောင်း အောက်တိုဘာလ(၁၉)ရက်နေ့ ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။
Property Guru ရဲ့ အိမ်ခြံမြေဆုပေးပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေဆဲဖြစ်ပါတယ်။ “မြန်မာနိုင်ငံမှာရှိတဲ့ ထူးချွန်တဲ့ အိမ်ခြံမြေဆောက်လုပ်သူတွေကို အသိအမှတ်ပြုဖို့နဲ့ သူတို့ရဲ့ စီမံကိန်းတွေ တိုးတက်မှုတွေ ပိုရှိလာ စေဖို့ တွန်းအားပေးတာဖြစ်တယ်” လို့ Property Guru အာရှအိမ်ခြံမြေဆုပေးပွဲရဲ့ တည်ထောင်သူနဲ့ မန်းနေးဂျင်း ဒါရိုက်တာ Terry Blackburn က ဆိုပါတယ်။
ဆောက်လုပ်သူတွေနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ၊ ဒီဇိုင်းကဏ္ဍတွေအတွက် အောက်တိုဘာလ(၂၆)ရက်နေ့ မှာ စတင်ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့ Property Guru က သတင်းထုတ်ပြန်ထားပါတယ်။ ပြိုင်ပွဲဝင်ပြိုင်ဖို့ အရည်အချင်းပြည့်မှီတဲ့သူတွေဟာ ၂၀၁၇ ၊ အောက်တိုဘာလ(၂၆)ရက်နေ့ကနေ ၂၀၁၈ ခုနှစ် ဇွန်လ (၈) ရက်နေ့ထိ ဝင်ခွင့်ပုံစံ ပေးပို့နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး အိမ်ခြံမြေ ဆောက်လုပ်ရေး ဆိုင်ရာ ပုဂ္ဂိုလ်ဆု (Real Estate Personality of the Year) ကိုလည်း ရှာဖွေနေပါပြီ။
“လျှောက်မယ့်ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ပြင်ဆင်ရမယ့်အချက်အလက်တွေ များနေတာကြောင့် စောစောစီးစီး လျှောက်လွှာတင်ထားမယ်ဆိုရင် ပိုကောင်းတယ်” လို့ ဒိုင်အဖွဲ့ သဘာပတိအဖြစ် ပါဝင်မယ့် Richard Emerson က ပြောပါတယ်။
၂၀၁၈ ခုနှစ်၊ စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပမယ့်ဆုပေးပွဲမှာတော့ အထူးချွန်ဆုံး ပညာရေးဆိုင်ရာ အဆောက်အဦးနဲ့ အပန်းဖြေ (Resort) စီမံကိန်းဆုတွေကိုလည်း ကဏ္ဍအသစ်အနေနဲ့ ထည့်သွင်းပေးအပ် သွားမှာပါ။ ပြိုင်ပွဲဝင်အမျိုးအစား ပေါင်း(၂၀)ကျော်နဲ့ အထူးသီးသန့်ဆုပေါင်းများစွာနဲ့အတူ ပထမအဆင့် ရွေးချယ်ခံဆန်ကာတင်စာရင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ပထမပတ်မှာ တရားဝင်ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံး Gala Dinner ကျင်းပမယ့် နေ့ကတော့ ၂၀၁၈ သြဂုတ်လ(၁၀)ရက်နေ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ဆုပေးပွဲမှာ ဆုရရှိခဲ့တဲ့သူတွေဟာ လာမယ့်လအတွင်း စင်္ကာပူနိုင်ငံမှာကျင်းပမယ့် Property Guru Asia Property Awards ရဲ့ Grand Final မှာ ဝင်ပြိုင်ဖို့ ပြင်ဆင်နေပါကြပါပြီ။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties