By Sint Sint, Shweproperty.com
Updated at 23 September 2020
ဒေသတွင်းအကြီးဆုံးနှင့် လေးစားအသိအမှတ်ပြုမှုအများဆုံးအိမ်ခြံမြေဆု Myanmar Property Awards 2020 ဆုချီးမြှင့်ပွဲကြီးကို Property Guru နှင့် မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေဝဘ်ဆိုက်ကြီးဖြစ်သည့် ShweProperty တို့ပူးပေါင်းပြီး Virtual Edition အဖြစ်အွန်လိုင်းမှတဆင့်ကျင်းပမည်ဖြစ်သည်။
ဆုချီးမြှင့်ပွဲကြီးတွင် နိုင်ငံတဝှမ်းရှိအကောင်းဆုံးစီမံကိန်းများကိုရွေးချယ်ပြီးဆုချီးမြှင့်သွားမည်ဖြစ်ပြီး asiapropertyawards.com နှင့် မိတ်ဖက် channel များမှတဆင့် အောက်တိုဘာလ (၂၃) ရက်နေ့တွင် ထုတ်လွှင့်သွားမည်။
အွန်လိုင်းမှတဆင့်ကျင်းပမည့် virtual ဆုပေးပွဲကြီးတွင် စကာတင်ကုမ္ပဏီများအနေဖြင့်မိမိတို့၏ဈေးကွက်ကို Multimedia Channels များမှတစ်ဆင့် ချဲ့ထွင်နိုင်မည်ဖြစ်သည်။
Property Guru Asia Property Adard ၏ Managing Director Jules Kay က " အရှေ့တောင်အာရှရဲ့အကြီးဆုံးဝဘ်ဆိုက်နည်းပညာကုမ္ပဏီနဲ့ မြန်မာနိုင်ငံရဲ့အသိအမှတ်ပြုမှုအများဆုံးထိပ်တန်းအိမ်ခြံမြေဝဘ်ဆိုက်တို့ပူးပေါင်းကျင်းပတဲ့ Myanmar Property Awards ဆုချီးမြှင့်ပွဲကြီးကို ဒီနှစ်တော့ အွန်လိုင်းကတစ်ဆင့် Virtual ပုံစီနဲ့ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။
ဆုချီးမြှင့်ပွဲကြီးကို အားလုံးပါဝင်နိုင်ဖို့စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့အကောင်းဆုံးစီမံကိန်းတွေကိုရွေးချယ်ချီးမြှင့်မှာဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းမှာထိထိရောက်ရောက် အသိအမှတ်ပြုခြင်းခံရမှာလည်းဖြစ်ပါတယ်" ဟုပြောကြားခဲ့သည်။
ShweProperty ၏ အမှုဆောင်အရာရှိချုပ် Mr Justin Sway က "ဒီတစ်ကြိမ် Virtual Edition အနေနဲ့ကျင်းပမယ့် Property Guru Mayanmar Property Award ဟာဆိုရင် မြန်မာ့နံပတ်တစ် အိမ်ခြံမြေဝဘ်ဆိုက် ShweProperty နဲ့ ဒေသတွင်း ဂုဏ်သိက္ခာအကြီးဆုံးအိမ်ခြံမြေဆုအစီအစဉ်တို့ရဲ့ လက်တွဲဆောင်ရွက်မှုအဆင့်တစ်ခုကို ထပ်မံရောက်ရှိခြင်းပဲဖြစ်ပါတယ်။
ဒီဆုချီးမြှင့်ပွဲကြီးဟာ Developer ကြီးတွေအတွက် မိမိတို့ရဲ့ Brand ကို ကမ္ဘာ့အဆင့် ပြသနိုင်မယ့် ထူးခြားတဲ့အခွင့်အလမ်းတရပ်လည်းဖြစ်ပါတယ်၊ မိမိတို့ရဲ့ Client တွေနဲ့လည်း အကောင်းဆုံးချိတ်ဆက်နိုင်မှာဖြစ်ပါတယ်" ဟုပြောကြားသည်။
ဆုပေးပွဲကျင်းပနေစဉ်အတွင်း Asia Property Awards ဝက်ဘ်ဆိုက်ကနေတဆင့် အပြန်အလှန်ဆက်သွယ်စကားပြောဆိုနိုင်ကြမည်ဖြစ်ပြီး Developer များ၊ Investor များ၊ အိမ်ခြံမြေရှာဖွေနေသူများ၊ Agent များနှင့်သီးသန့်ထိတွေမိတ်ဆက်နိုင်ဦးမည့်အခွင့်အလမ်းကောင်းတရပ်လည်းဖြစ်သည်။
ဆုချီးမြှင့်ခြင်းအစီအစဉ်များမစတင်ခင်တွင် Sponsor များ၊ အကဲဖြတ်ဒိုင်များ၏ သီးသန့်အင်တာဗျူးအစီအစဉ်များ၊ ဓါတ်ပုံပြခန်းအစီအစဉ်များကိုတင်ဆက်ပေးသွားမည်ဖြစ်သည်။ဆုပေးပွဲကြီးကို အစီအစဉ်အသီးသီးတင်ဆက်ပြီး မိနစ်၉၀ခန့်ကြာမြင့်မည်ဖြစ်သည်။
Written By : Mahar (ShweProperty.com)
Photo Credit : Asiapropertyawards
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties