By The Trade Times, Shweproperty.com
Updated at 23 July 2015
ပြည်တွင်းအိမ်ခြံမြေနှင့် ဆောက် လုပ်ရေးလုပ်ငန်းများ ယခုအခြေ အနေအတိုင်း ဝယ်ယူသူနည်းပါး သည့် အချိန်ကြာမြင့်လာပါက အခြား သော စီးပွားရေးလုပ်ငန်းများပါ လိုက် ပါ ကျဆင်းလာနိုင်သည့်အတွက် ဈေးကွက်ပြန်လည်မြှင့်တင်ရန် နည်း လမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင် ရွက်ရန် လိုအပ်ကြောင်း ဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသိုင်း အဝိုင်းမှ သတင်းရရှိသည်။
အိမ်ခြံမြေဈေးကွက် အေးစက် သွားသည့် အချိန်တွင် ဆောက်လုပ် ရေး လုပ်ငန်းကြီးများပါ အရောင်း အဝယ် ကျဆင်းလာခဲ့သည့်အတွက် ငွေပင်ငွေရင်းနည်းပါးစွာ အသုံးပြု လျက် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချ ခြင်းမှ ရရှိသည့် ဝင်ငွေများဖြင့် လည် ပတ်နေသည့် ဆောက်လုပ်ရေး ကုမ္ပဏီများအဖို့ ငွေပြန်လည်ပေး ဆပ်နိုင်သည့် အခြေအနေ နည်းပါး လာနေသည့်အတွက် အိမ်ခြံမြေဈေး ကွက် ပြိုလဲလာနိုင်သည့် အရိပ် လက္ခဏာများကို မြင်တွေ့နေရသည်။
”ဆောက်လုပ်ရေးသမားတွေ၊ ဟိုပြေးဒီပြေးဖြစ်နေတဲ့အချိန် မြေရှင် နဲ့ ကန်ထရိုက်တာတွေကြားမှာလည်း ပြသနာဖြစ်နေတဲ့ အချိန်၊ အဝယ် လည်းမရှိတဲ့အချိန် ဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ အဆိုး တွေရှိသလို အကောင်းတွေလည်း ရှိနိုင်ပါတယ်”ဟု Rose Hill Group ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ငွေပိုငွေလျှံရှိ သည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ခေတ်အဆက်ဆက်၌ ရွှေ၊ ကား၊ ဒေါ်လာနှင့် အိမ်ခြံမြေ ကဏ္ဍများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းမှ စတင်၍ ကား၊ ရွှေနှင့် ဒေါ်လာ အရောင်း အဝယ်ကဏ္ဍ၌ ဈေးကွက်မတည် ငြိမ်မှုများ ဖြစ်ပွားလာခဲ့သည့် အခြေ အနေတွင် ပြည်တွင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အရောင်းအဝယ်များ ဖြစ်ထွန်းလာခဲ့ သည်။
”အိမ်ခြံမြေတွေ တဖြည်းဖြည်း နဲ့ ပြိုကွဲမှုဟာ မိုနိုပိုလိုက်ဖြစ်ပြီး တခြားစီးပွားရေးတွေကိုပါ သွား ထိခိုက်နိုင်တယ်။ ကျွန်တော် ပြောချင် တာက developer တွေ ကောင်းစား ဖို့ထက် နိုင်ငံရဲ့ စီးပွားရေးကိုပဲ ဦးတည်ချင်တာပါ။ တကယ် ဈေး ကွက်က လိုလာတဲ့အခြေအနေတစ်ခု ကို ဖန်တီးပေးနိုင်မှ ဈေးကွက်က ပြန်လည်ဦးမော့လာနိုင်မယ်။ ဒါကြောင့် သမ္မတအကြံပေးတွေ၊လူကြီးတွေကို လည်း တင်ပြထားပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကို ပြန်ကောင်းအောင် လုပ်ရမှာက လူတိုင်းရဲ့တာဝန်ပါ”ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။
၂ဝ၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ စတင် ၍ မြန်မာ့အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်များ ရုတ်တရက် အေးကာ ဝယ်သူများ နည်းပါးသွား သည့်အတွက် အရှိန်အဟုန်ပြင်းပြင်း နှင့် ဆောက်လုပ်ခဲ့ကြသည့် အထပ် မြင့် အဆောက်အအုံကြီးများ၊ ကွန်ဒို မီနီယမ်တိုက်ခန်းများမှာ ယခုအခါ တွင် ဈေးနှုန်းထက်ဝက်နီးပါးကျဆင်း လာသည်အထိ ဈေးလျှော့ရောင်းချ လာခဲ့သော်လည်း ဝယ်ယူသူမရှိ ဖြစ်နေဆဲ ဖြစ်သည်။
”တချို့တွေကျတော့ ကြိုပွိုင့် ရောင်းလို့ ရတဲ့ငွေတွေ၊ ဘဏ်က ချေးထားတဲ့ငွေတွေ၊ အပြင်ကနေ အတိုးနဲ့ယူထားတဲ့ငွေတွေနဲ့ဆောက် ပြီး ပြန်ရောင်းကြတာ၊ အရောင်း အဝယ် ကောင်းတဲ့အချိန်ကတော့ ပြဿနာမရှိပေမယ့် အခုလို အရောင်း အဝယ်အေးတဲ့ အချိန်မှာတော့ ပြသနာတွေ အများကြီးဖြစ်လာ တယ်။ ကန်ထရိုက်တာတွေ၊ developer တွေကို ပြောချင်တာကတော့ အဆောက်အအုံ ဆောက်တော့မယ် ဆိုရင် ကိုယ့်ငွေနဲ့ကိုယ် ဆောက်တာ အကောင်းဆုံးပဲ”ဟု ရွှေကမ္ဘာမောင် မောင် ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties