By ပြည်သိန်း၊ အောင်သူရ, Shweproperty.com
Updated at 5 July 2012
အိမ်ခြံမြေဈေးကွက်သည် နိုင်ငံတော်မှ ဆောင်ရွက်နေသည့် စီမံကိန်းများအပေါ မူတည်ပြီး မြေတန်ဖိုးအတက်အကျ ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။
ရန်ကုန်မြို့တွင် သီလဝါရေနက်ဆိပ်ကမ်းစီမံကိန်းကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးတက်နိုင်သူများ ဝင်ရောက် ရောင်းဝယ်ခြင်းကြောင့် ဈေးနှုန်းများ များစွာမြင့်တက်ခဲ့သည်။ ထို့အတူ ပဲခူး၊ ဟံသာဝတီလေဆိပ်နှင့် စက်မှုဇုန် ထိုအနီးဝန်းကျင်ရှိ မြေကွက်များကို ငွေထုပ်ပိုက်၍ အရောင်းအဝယ်များပြုလုပ်လာကြသည်။ ထို့ကြောင့် မြေဈေး ဈေးနှုန်းများ တန်ဖိုးနှစ်ဆနီးပါး မြင့်တက်ခဲ့ရသည်။“မြန်မာပြည်ရဲ့ အိမ်ခြံမြေဈေးကွက်က ပုံမှန်မဟုတ်ဘူး။ ကစားသူတွေကြောင့် ကွတ်ပြီး အရောင်းအဝယ်ဖြစ်နေတယ်” ဟု မဏ္ဏိုင် အိမ်ခြံမြေအကျိုးဆောင်မှ ဦးသန်းဦးက ဆိုသည်။လက်ရှိတွင် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အေးနေသည်။ တိုက်ခန်း၊ ကွန်ဒိုများမှာလည်း အငှားကသာ အဓိကများနေကြာင်း ယူနတီ အိမ်ခြံမြေအကျိုးဆောင်မှ အထွေထွေမန်နေဂျာ ဦးဇော်ဇော်က ရှင်းပြသည်။ “ကစားတဲ့လူတွေ စီမံကိန်းလို့ အသံကြားတာနဲ့ လိုက်ဝယ်တယ်။ ဈေးရတာနဲ့ ပြန်ရောင်းတယ်။ နောက်မှ အဟုတ်ထင်ပြီး လိုက်ဝယ်သူတွေက လက်ထဲမှာပိုက်မိပြီး ကျန်ခဲ့တယ်” ဟု ထုတ်ကုန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက်အခြေအနေမှာ အမှန်တကယ်လိုအပ်သူများထက် စတော့ဈေးကွက်ကဲ့သို့ ဝင်ရောင်ကစားမှုများကြောင့် စိုးရိမ်ရသည့် အခြေအနေရောက်နေကြောင်း အထက်ပါ လုပ်ငန်းရှင်မှ ပြောကြားသည်။
အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်နှင့် ဈေးနှုန်းများအခြေအနေကို အကျိုးဆောင်များက ကြိုတင်ခန့်မှန်းရာတွင် နိုင်ငံတော်၏ စီးပွားရေးပေါ်လစီ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှု ဝင်ရောက်မှုအခြေအနေ၊ သြဂုတ်လတွင် ပြည့်မည့် အခွန်စနစ်သစ်ကို နိုင်ငံတော်မှ ထပ်မံသက်တမ်းတိုးပေး၊ မပေးခြင်းတို့အပေါ်တွင်သာ မူတည်နေကြာင်း ပြောကြသည်။“အိမ်ခြံမြေဈေးကွက်က အခုထက်နှေးသွားနိုင်သလို သွက်လည်းပိုသွက်နိုင်တယ်။ လောလောဆယ်တော့ ဘယ်လိုမှ မှန်းလို့မရသေးဘူး” ဟု ကမာရွတ်မြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံ့မှု စီမံကိန်းများ ဆောင်ရွက်ရာတွင် မြေအသုံးချမှု၊ မြေကစားမှု စသည်ပြဿနာများကြောင့် အခြားနိုင်ငံများနှင့်မတူဘဲ အခက်အခဲတွေနေရကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်က နေပြည်တော် သမ္မတအစည်းအဝေးခန်း၌ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။
ပြည်ပမှ ရင်းနှီးမြှုပ်နှံ့ရန် လာရောက်သူများသည် မြေဈေးကြီးခြင်းကြောင့် လက်လျှော့ကာ ပြန်သွားမှုများ ရှိကြောင်းကိုလည်း နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံး၌ ပြုလုပ်သော ဟောပြောပွဲတွင် ပြောကြားဖူးသည်။ မြေဈေးကြီးရခြင်းမှာ ငွေကြေးတက်နိုင်သူများက ဝယ်ရောင်းပြုလုပ်၍ ဈေးကစားနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ထိုအခြေအနေကို နိုင်ငံတော်အစိုးရက ရင်းနှီးမြှုပ်နှံ့မှုများ ဖိတ်ခေါ်ပြီး ဈေးသက်သက်သာသာနှင့် မြေရရှိရေး ပြုလုပ်ပေးရန် လိုအပ်သည်။ အကယ်၍ မပြုပ်လုပ်ပါက ရင်းနှီးမြှုပ်နှံသူများ ဝင်ရောင်နိုင်မည်မဟုတ်ကြောင်း ဦးမြင့်က ပြောကြားခဲ့သည်။Source: 7 Days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties