By ထက်မြက်အောင်, Shweproperty.com
Updated at 5 September 2012
ယခုနှစ်ပိုင်းအတွင်း အိမ်ခြံမြေဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်ရန် အခွန်ထမ်း ဆောင်မှုစနစ်တစ်ရပ်ပြောင်းလဲသတ်မှတ်လိုက် သော်လည်း အမှန်တကယ်ဈေးများကျဆင်း ရန်မှာ အချိန်အတိုင်းအတာတစ်ခုလိုအပ်ဦး မည်ဖြစ်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက သုံးသပ်ပြောသည်။ အိမ်ခြံမြေဈေးနှုန်း များမှာပြီးခဲ့သည့် အခွန်စနစ်အတိုင်း ၂ဝဝ၇ ခုနှစ်နောက်ပိုင်းမှစ၍ တဖြည်းဖြည်းမြင့်တက် လာရာ ငါးဆခန့်အထိမြင့်တက်သွားကြောင်း၊ ထိုသို့မြင့်တက်လာရခြင်းမှာ စက်မှုဇုန်စီမံကိန်း များကြောင့် သိသာလာခဲ့သော်လည်း ပြည်သူ လူထု၏နေထိုင်မှုလိုအပ်ချက်အရ အိမ်ရာဖြည့် တင်းမှု နည်းခြင်းကြောင့်ဖြစ်ကြောင်း ယင်းက သုံးသပ်ပြောကြားသည်။
''အိမ်ခြံမြေဈေးတွေတက်လာတာက လူတွေရဲ့ အိမ်ရာလိုအပ်ချက်တွေကြောင့်လည်းပါတယ်။ ဥပမာ-ရန်ကုန်မှာဆိုရင် လူဦးရေအရ တစ်နှစ်ကိုအနည်းဆုံးအိမ်တွေ၊ တိုက်ခန်းတွေ နှစ်သောင်းလောက် တိုးမြှင့်ရှိနေဖို့လိုပါတယ်။ ဒါပေမဲ့ ၂ဝဝ၆ ခုနှစ်နောက်ပိုင်းကစပြီး တိုက်တွေ၊ ကွန်ဒိုတွေဆောက်လုပ်တာ နည်းလာတာ တွေ့ရတယ်။ အဲဒီတော့ ဈေးတွေတက်လာ တယ်။ တိုက်ခန်းဈေးတွေတက်တော့ မြေဈေး တွေ၊ အိမ်ဈေးတွေပါတက်လာတာပေါ့။ တန်ဖိုးနည်းအိမ်ရာတွေဖော်ဆောင်ပြီး လူတွေနေ ထိုင်မှုအဆင်ပြေအောင်နဲ့ အိမ်ခြံမြေဈေးတွေ ငြိမ်သက်အောင်လုပ်သင့်တယ်။ ပုဂ္ဂလိကဆောက်လုပ်ရေးကန်ထရိုက်ပိုင်းနဲ့ ပတ်သက်လို့ လည်း လိုင်စင်ကြေးမြင့်နေတာတွေဖြေလျှော့ပြီး ပံ့ပိုးမှုတွေလုပ်ပေးသင့်တယ်။ လူတွေနေထိုင်မှု အဆင်ပြေနေမှ အိမ်မြေဈေးတွေလည်း ကျဆင်း နိုင်မှာပါ''ဟု ဦးသန်းဦးက ဆက်လက်ပြောသည်။
ထို့ပြင် စက်မှုဇုန်များ၊ စီမံကိန်းများဖော် ဆောင်နေခြင်းကြောင့်လည်း ယင်းတို့ပတ်လည်ရှိ မြေများ ဈေးနှုန်းမြင့်တက်၍ အရောင်းသွက်နေ ကြောင်း၊ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုအဖြစ် စက်ရုံ အလုပ်ရုံများဝင်ရောက်လာပါကလည်း အိမ်ခြံ မြေဈေးနှုန်းမြင့်သော်လည်း မဖြစ်မနေဝယ်ယူရ ခြင်းမျိုးရှိနိုင်ခြင်းတို့ကြောင့် ဈေးနှုန်းများကျ ဆင်းမှုမှာ နေထိုင်မှုလိုအပ်ချက်ဖြည့်ဆည်း ပေးနိုင်မှု၊ စက်မှုဇုန်များ၊ စီမံကိန်းများ၏မြေ ယာရောင်းဝယ်မှုများကြောင့်သိသာစွာကျဆင်း ရန် အချိန်အတိုင်းအတာတစ်ခုလိုအပ်ဦးမည် ဖြစ်ကြောင်း ယင်းက သုံးသပ်ပြောကြားသည်။
Source: The Myanmar Post
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties