By ပြည်သိမ်း၊ အောင်သူရ, Shweproperty.com
Updated at 7 February 2012
တစ်ရှိန်ထိုး တက်ခဲ့သည့် ရန်ကုန် မြို့ပြင် မြို့နယ်အချို့ရှိ အိမ်ခြံမြေ ဈေးမှာ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး ထက်ဝက်ခန့် ကျဆင်သွား ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှသတင်းရရှိသည်။
''သိန်းခုနစ်ရာတန် မြေကွက်က သိန်းသုံးရာလောက်ထိ ဈေး ကျသွားတယ်။ ဝယ်သူတွေက လည်း အင်တင်တင်ဖြစ်ကုန်ပြီ" ဟု ကျောကတ် တံ တားမြို့ နယ် အတွင်း ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောသည်။
ထိုသို့ဈေးနှုန်းကျဆင်ရခြင်းမှာ ဈေးကွက်အတွင်း လိမ်လည် ရောင်းဝယ်မှုများဖြစ်လာခြင်း၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး မှူးများကလည်း စာရွက်စာတမ်း အရှုပ်အရှင်းများကို စောင့်ကြည့် စိစစ်လာခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်းသတင်းရရှိသည်။
၂ဝ၁၁ နှစ်ကုန်ပိုင်းတွင် ရေနက်ဆိပ်ကမ် စီမံကိန်းများ၊ စက်မှုဇုန် စီမံကိန်းများကြောင့် အရှေ့ဒဂုံ ၊မြောက်ဒဂုံ၊ တောင်ဒဂုံမြို့သစ်၊ သန်လျင် သုံးခွ၊ ကျောက်တန်း ၊ ဒလ စသည့်မြို့နယ်များ မှာ မြေကွ မ် များ သည် ဈေးတစ်ရှိန်ထိုး တက်လာ သည်။
သီလဝါရေနက်ဆိပ်ကမ်း စီမံကိန်း ကြောင့် သန်လျင် ၊ ကျောက်တန်း စသည့်မြို့နယ်များ တွင် အိမ်ခြံမြေဈေးများ နှစ်ဆကျော်မြင့်တက်ခဲ့သည်။ သို့သော် ယခုအခါ ထိုမြို့နယ်များတွင် မြေ ဈေးပြန်ကျလာပြီဟုဆိုသည်။
'' ဒဂုံမှာ ၉၇ တုန်းကလောက် ဆိုးဆိုးရွားရွား ဈေးထိုးကျသွား တာမရှိဘူး။ အခု ကျတာက သုံးပုံ တစ်ပုံ လောက်ပဲ ရှိတယ်" ဟု မဟာ မြိုင်အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းမှ ဒေါ်ခင်ခင်ဦးကဆိုသည်။
ယခုကဲ့သို့ ဈေးနှုန်းကျခြင်း မှာ မြို့ပြင်မြို့နယ်များတွင်သာ ဖြစ်ပြီး ရန်ကုန်မြို့တွင်း မြို့နယ် များရှိ အိမ်မြေများမှာ ကျဆင်းမှု မရှိကြောင်း မဟာမြိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ် သန်းသန်းမြကဆိုသည်။
''ဈေးတက်တုန်းက တအား တက်သွားပြီး အခု ပြန်မကျတော့ဘူး''ဟု ရွှေပြည်သာမြို့နယ်ရှိ ရွှေ မှ ကိုကျော်ဝင်းမောင်ကဆိုသည်။ ရွှေပြည်သာမြို့နယ်တွင် ယခင်က သိန်း ကျပ် ၁၀ သိန်း ဝန်းကျင်ရှိ သည့် မြေကွက်များသည် ကျပ်သိန်း ၅ဝ ထိ ဈေးများမြင့်တက်ခဲ့ပြီး လက်ရှိ အရောင်းအဝယ်အေး သော်လည်း ဈေးနှုန်းများပြန်မကျ ကြောင်းသိရသည်။
''မကြာခင် ဈေးကွက်ကပြန် လှုပ်မယ်လို့ မျှော်လင့်တာပဲ'' ဟု မဏ္ဍုင်အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဦးကဆိုသည်။
တရုတ်နှစ်ကူးပြီးဆုံးချိန် ကျောက်မျက်ပွဲအပြီး ငွေများ အထိုက်အလျောက်ဝင်လာခြင်း၊ ဒေါ်လာဈေး ပြန်ကောင်းလာခြင်း စသည်တို့ကြောင့် ထိုသို့မျှော်လင့် ရခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက် တွင် ကျပ်သိန်း ၁ဝဝ အောက် အိမ်ခြံမြေများမှာ အရောင်းအ ဝယ်အနည်းငယ်သာရှိပြီး ကျပ် သိန်း ၂,ဝဝဝ အထက် အိမ်မြေ များ အရောင်းအဝယ်မဖြစ် ကြောင်းသိရသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties