By ပြည်သိမ်း, Shweproperty.com
Updated at 21 January 2012
မြေတန်ဖိုးများ မြင့်တက်နေမှုသည် ပြည်ပမှ ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်မှုကို အတားအဆီးတစ်ခုဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြော သည်။
ပြည်ပနိုင်ငံများမှ ရင်နှီးမြုပ်နှံလိုသူ လုပ်ငန်းရှင်များသည် အခြေခံအားဖြင့် မြေလွတ်ပေါများခြင်း၊ အလုပ်သမားခဈေးသက်သာ ခြင်း စသည့် အားသာချက်များကိုကြည့်၍ လာရောက်ဆွေးနွေး ကြကြောင်း UMFCCI မှ လုပ်ငန်း ရှင်ကြီးတစ်ဦးက ပြောသည်။
သို့သော် ပြည်ပလုပ်ငန်းရှင်အချို့မှာ လက်ရှိရန်ကုန်မြို့ဝန်းကျင်တွင် ဖြစ်နေသော မြေဈေးနှုန်းများကိုကြည့် ၍ တအံ့တ သြဖြစ်သူများပင် ရှိနေပြီဖြစ်သည်။
''ဒီက မြေတန်ဖိုးက သူ့နိုင်ငံ မြေဈေးထက်များနေတယ်။ အလုပ်သမားခပဲသက်သာပြီး ကျန်တာတွေ ကုန်ကျစရိတ်များနေတော့ FDI က ဘာဖို့ခက်နေတယ်" ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု့ ကော်မတီမှ ဥက္ကဌ ဦးမြတ်သင်းအောင်ကဆိုသည်။
တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုထက် အိမ်ခြံမြေတန်ဖိုး မြင့်တက်မှုသည် တိုင်းပြည်ဖွံ့ဖြိုးမှုတွင် အတားအဆီးဖြစ်လာနေကြောင်း ပညာရှင်များက ပြော သည်။
''လုပ်ငန်းတိုးချဲ့ဖို့အတွက် မြေတစ်ဧကလောက်ဝယ်ဖို့ ကြိုး စားနေတာ ခြောက်လလောက်ရှိ ပြီး လိုက်လေ ဝေးလေဖြစ်နေ တယ်'' ဟု လှိုင်သာယာစက်မှုဇုန် မှ ပြည်ပ သွင်းကုန်အစားထိုးထုတ် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
ထို့အပြင် မြို့ပြဖွံ့ဖြိုးရေး အတွက် အရေးပါသည့် အိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများအတွက်လည်း မြေတန်ဖိုးမြင့်မားခြင်းသည် ကြီးမားသည့် အတားအဆီးတစ်ခုဖြစ်နေသည်။ အိမ်ရာများ၏ တန်ဖိုးမှာလည်း မြင့် လာသည့်အတွက် အမှန်တကယ် နေထိုင်လိုသူများကို အခက်အခဲ ဖြစ်စေကြောင်း Three Friend ဆောက်လုပ်ရေးကုမ္ပဏီမှ အထွေထွေမန်နေဂျာဦးကိုကိုလေးက ပြော သည်။
''မြေတစ်ကွက်ရဖို့ အလုအ ယက်ဝယ်ရတယ်။ ဈေးပြိုင်ပေးပြီး ဝယ်ရတော့ ဈေးကြီးပြီး အဆောက်အအုံဆောက်ပြီး ပြန် ရောင်း တော့ လည်း ဝယ်သူအတွက် ဈေးမြင့်တော့ ရောင်းရခက်တယ်" ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြ သည်။ ယင်းကဲ့သို့ အိမ်ခြံမြေဈေး ကွက် ကမောက်ကမ ဖြစ်ခဲ့ရခြင်း မှာ ဝင်ရောက်ဈေးကစားသူများ ကြောင့်ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ငွေကြေးတတ်နိုင်သူများနှင့် ပြည်ပမှလုပ်ငန်းရှင်များ မတန်တဆဈေးနှုန်းများ ပေးဝယ်၍ ဈေးကွက်မြင့်တက်အောင် ပြုလုပ်ပြီး ဝင်ကစားခြင်း ကြောင့်ဖြစ်သည်။ မြေတန်ဖိုးများ မြင့်မားချိန်တွင် ပြန်လည်ရောင်းချခဲ့သည်။ ယင်းကြောင့် အချို့မှာ လက်ဝယ်ပိုက်မိခဲ့သူများ ရှိသည်။
"၇ နှစ်၊ ၁၀နှစ် လောက်ရှာရမယ့် ငွေကို လပိုင်း၊ရက်ပိုင်း နဲ့ရ တော့ ဝင်ကစားကြတာ။ တကယ်စခဲ့တဲ့လူက ဈေးကကွက်ထဲမှာ မရှိတော့ဘူး'' ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
ယင်းအခြေအနေမျိုးသည် တိုင်းပြည်တွင် စီးပွားရေးဖွံ့ဖြိုးမှုတွင် အဟန့်အတားဖြစ်နေသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ရှေ့သုံးလအတွင်း ပြုပြင်ပြောင်းလဲမှု များ မပြုလု ပ် ပါက စိုးရိပ်စရာ အခြေအနေဖြစ်နေ ကြောင်း မြန်မာ့ စီးပွာ ရေးအခြေအနေကို စောင့်ကြည့်လေ့လာနေသည့် ပညာရှင်တစ်ဦးကပြောကြားသည်။
ထို အပြင် မြို့တစ်မြို့ ၏ မြေဈေးမျာ မြင့်တက်လာမှု သည် အခြားသော မြို့များထက် မြို့ပြဖွံ့ဖြိုးမှုအားကောင်း ခြင်းကြောင့် လူအများ ပြောင်းရွှေ့နေထိုင်ခြင်းကလည်း အချက်တစ်ချက်ဖြစ်သည် ဟု မြို့ပြ စီမံကိန်းဖွံ့ဖြိုးရေးပညာရှင် ဒေါက်တာ ကျော်လတ်ကဆိုသည်။ ယင်းကြောင့် မြို့များအားလုံးကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးနိုင်ပါက လူနေပျံ့နှံ့ပြီး တန်ဖိုးမြင့်မားမှုကိုလည်း ထိန်းသိမ်းနိုင်သည်။
စက်မှုဇုန်စီမံကိန်းများ အထုးစီးပွားရေဇုန် စီမံကိန်းများကြောင့်လည်းအနီးအနားရှိ မြေတန်ဖိုးများ ရုတ်တရက်မြင့်တက်လာခြင်း ဖြစ်သည်။ မူလတန်ဖိုးထက် နှစ်ဆ၊ သုံးဆထိမြင့်တက်မှုများလည်း ရှိသည်။ ဈေးကစားသူများကြောင့်လည်း မြင့်တက်မှုရှိသည်။
ယင်းကဲ့သို့ ဈေးကစားမှုကြောင့် အိမ်ခြံမြေဈေးကွက်ပျက်မည် ကိုစီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိပြီး ၁၉၉၇ ခုနှစ်က ဖြစ်ရပ်မျိုး ပြန်လည်ရောက်ရှိမည်ကို လည်းစိုးရိပ်နေကြသည်။ အဆို ပါ အချိန်က ထိုင်းနိုင်ငံမှ စတင်ပြီး အာရှတိုက်တွင် ကြုံတွေ့ခဲ့နေသော စီးပွားရေးအကျပ်အတည်း၏ ရိုက်ခက်မှုကြောင့် ပြည်တွင်း၌ အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် စီးပွားရေးအကျပ်အတည်း တွေ့ကြုံခဲ့ရ သည်။ ယင်းအချိန်က အာဆီယံနိုင်ငံများမှ ရင်းနှီးမြုပ်နှံကြခြင်း ကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
''ရွှေပြည်သာဘက်မှာ မြေတစ်ကွက်ကို ဆယ့်ငါးသိန်းနဲ့ ဝယ်ခဲ့ တာ။ နောက်ပိုင်းကျတော့ တစ်ကွက်ကို ငါးသိန်းတောင်မရတော့ဘူး ။ အခု လည်း ဒီအတိုင်းပဲ''ဟု ပြည်တွင်းကုန်သည်တစ်ဦးကကိုယ်တိုင် ကြုံ တွေ့ခဲ့ရသည့်အဖြစ်ကို ရှင်းပြသည်။
ငွေကြေးတတ်နိုင်သူများ အိမ်ခြံမြေဝင်ရောက်ကစားမှုမှာ ပြည်တွင်း၌ အရင်းအနှီးဈေးကွက်များ၊ စတော့ဈေးကွက်များ၊ အ ခြားစီးပွားရေးလုပ်ငန်းများ အခွင့်မသာခြင်းကြောင့်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးကရှင်းပြသည်။ ထို့အပြင် အိမ်မြေတန်ဖိုး ပေါ်လိုက်၍ ကောက်ခံသည့် အခွန်(Property Tax) ကိုလည်း ပြဌာန်းသင့်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။
ယင်းကဲ့သို့ ကောက်ယူရာတွင် မြေတစ်ပေပတ်လည်၏တန်ဖိုးပေါ်လိုက်၍ ကောက်ရမည်ဖြစ်သည်။ ၎င်းကဲ့သို့ ဈေးကစားမှုများ မဖြစ်ပေါ်စေရန် စီးပွားရေးအခွင့်အလမ်းသာမည့် လုပ်ငန်းများ နိုင်ငံတွင် ဖန်တီးပေး ရန် လိုအပ်နေကြောင်း ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ က ပြောကြားသည်။
Source : 7days
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties