By နှင်းနုဝေ, Shweproperty.com
Updated at 10 December 2012
အိမ်ခြံမြေရောင်းဝယ် ငှားရမ်းမှုပြုရာတွင် အကျိုးဆောင်ပေးသည့် အိမ်ခြံမြေဝန်ဆောင်မှု အကျိုးဆောင်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA) ၏ သတ်မှတ်နှုန်းထားအတိုင်းသာ ရယူခွင့်ရှိကြောင်း MRESA ၏ ပြန်ကြား ရေးမှုး ဦးခင်မောင်အေးက ပြောကြားသည။်
"ကျွန်တော်တို့ မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းအနေနဲ့ အသင်းဝင် အကျိုးဆောင်ကုမ္ပဏီတွကို ငှမ်းရမ်းမှုအတွက် အကျိုးဆောင်ခ ဘယ်လောက်၊ ရောင်းဝယ်မှုအတွက် အကျိုးဆောင်ခဘယ်လောက် ဆိုပြီးတော့ သက်မှတ်ပေးထားတာရှိ ပါတယ်။ ရောင်းသူ ၀ယ်သူ အချင်းချင်း ကြည်ဖြူလို့ အကျိုးဆောင်ခပိုပေးတာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အကျိုးဆောင်ကုမ္ပဏီတွေက ပိုတောင်းခွင့်မရှိပါဘူး။ တကယ်လို့ ပိုတောင်းလို့ အကျိုးဆောင်ခပေးရတဲ့ဘက်က မကျေနပ်ရင် ကျွန်ေ်တော်တို့ အသင်းကို တိုင်ကြားလို့ရပါတယ်။ အသင်းဝင်ကုမ္ပဏီဆိုရင် ဖြေရှင်း ပေးသွားမှာပါ။ အသင်းဝင် ကုမ္ပဏီ မဟုတ်ရင်တော့ တာဝန်မယူပါဘူး" ဟု ၄င်းက ပြောကြားသည။်
မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းကြီးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျိုးဆောင်ခနှုန်းထားများ တစ်ပြေးညီသတ်မှတ်ဆောင်ရွက်ရန် ထုတ်ပြန်ထားရာ လုံးချင်း၊ မြေ၊ တိုက်ခန်း အရောင်းအဝယ်အတွက် တန်ဖိုးကျပ် သိန်း ၁ဝဝ အထိ သုံးရာခိုင်နှုန်း တန်ဖိုး ကျပ်သိန်း ၁ဝဝ အထက် နှစ်ရာခိုင်နှုန်း၊ လုံးချင်းမြေ၊ တိုက်ခန်း အငှားနှစ်ချုပ်အတွက် နှစ်ချုပ်ငှားရမ်းခ၏ တစ်လစာ၊ အငှားစပေါ်အတွက် စပေါ်တန်ဖိုး၏ သုံးရာခိုင်နှုန်းနှင့် အိမ်ငှားခ တစ်လစာသာ အကျိုးဆောင်ကုမ္ပဏီမှ ရယူရမည်ဖြစ်ကြောင်း သိရသည်။
Source : Pyi Myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties