By ခင်မေဇော်(ဝါရှင်တန်ဒီစီ), Shweproperty.com
Updated at 14 June 2013
မြန်မာနိုင်ငံရှိ အိမ်ခြံမြေဈေးများ အလွန်တရာ မြင့်တက် လျက်ရှိရာ ရန်ကုန်တွင်ရှိသည့် မြေ ဈေးက ထိုင်းနိုင်ငံ ဘန်ကောက် မြေ ဈေးထက်ပင် ပိုမိုမြင့်မားနေသည်။ လက်ရှိတွင် လိုအပ်ချက်များပြား နေပြီး ပံ့ပိုးနိုင်သည့် မြေကနည်း ပါးနေသဖြင့် ဤသို့ဈေးကြီးလာရခြင်းဖြစ်သည်။ သို့ရာတွင် ခိုင်မာသော စီးပွားရေးပေါ် အခြေခံ၍ ဖြစ်လာသော ဈေးမဟုတ်ဘဲ မြေ များကို အစိုးရကချုပ်ကိုင်ထားပြီး ပုဂ္ဂလိက မြေပိုင်ရှင်များကသာ ရောင်းချနေသောကြောင့် ဤသို့ ပလုံစီသော ဈေးများဖြစ်ပေါ်ပြီး မကြာမီကျဆင်းသွားနိုင်သည်ဟု အိမ်ရာ ဆောက်လုပ်သူများက ဆိုသည်။
ဟိုတယ်များ၏ အခန်းများက အရည်အသွေးကောင်းမွန်သော်လည်း လတ်တလော အခန်း အရေအတွက်က မလုံလောက် ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် Gaw Capital မှ Goodwin Gaw က ပြောဆိုသည်။ Gaw Capital သည် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel ကို ဝယ်ယူလုပ် ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။ မကြာသေးမီအချိန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စီးပွားရေးအခွင့်အလမ်း နည်းပါးလှသဖြင့်ငွေရှင်များက အိမ်ခြံမြေဈေးကွက်များတွင်သာ ငွေပုံအောပြီး ရင်း နှီးကြသည်ကလည်း အိမ်ရာဈေး နှုန်းများမြင့်မားရသည့်အကြောင်း ရင်းတစ်ခုဖြစ်ကြောင်း Myanmar Capital Advisors မှ Paul Wilson က ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း မြေဈေး များကသုံးဆမှငါးဆအထိမြင့်တက် သွားသည်။ အစောပိုင်းအိမ်ရာ ဆောက်လုပ်သူများအနေဖြင့် လုပ်ကိုင်နိုင်သော်လည်း ယခုလက်ရှိ ဈေးနှင့်မူ သိပ်အဓိပ္ပာယ်မရှိလှဟု အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီး မြှုပ် နှံသူများက ယူဆကြသည်။ လက် ရှိတွင် မြန်မာနိုင်ငံ၌ နည်းပါးလှ သော အဆင့်မီ အိမ်ရာ များကြောင့် ဈေးမတန်တဆတက်နေမှုများ သည် ပလုံစီသည့် သဘောသာဖြစ် ကြောင်း နိုင်ငံတကာစီးပွားရေး လေ့လာသူများကဆိုသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခြေလှမ်းစတင်ချိန်ဖြစ်၍ လိုအပ်ချက်ရှိသော်လည်း ယင်းလိုအပ်ချက်က အကန့်အသတ်ရှိသ ဖြင့်ဈေးနှုန်းများ ပြန်လည်ထိုးကျ သွားနိုင် သည်ဟု ဆိုသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties