By Aye Sandar, Shweproperty.com
Updated at 21 January 2021
အရင်တုန်းကဆိုရင် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများသည် လက်တွေ့ကွင်းဆင်း လုပ်ကိုင်ရသော်လည်း ပြောင်းလဲလာတဲ့အခြေအနေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက်ထိတွေ့မှု နည်းအောင် ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်များကိုလည်း လိုက်နာသောအားဖြင့် Digital Marketing နည်းလမ်းကို ကျင့်သုံးလာသည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်က ဆိုပါသည်။ ပြောင်းလဲလာတဲ့အခြေအနေအရ ကွင်းဆင်းပြီး မကြည့်ရပေမယ့် Social Media ကို အသုံးချပြီး ဓာတ်ပုံ၊ ဗီဒီယိုများ တင်ခြင်း၊ အရောင်းဝယ် ကြော်ငြာပို့စ်များတင်ခြင်းဖြင့် အိမ်ခြံမြေ စီးပွားရေးကို အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်လာကြသည်။ Digital Marketing နည်းဖြင့်လည်း ထိရောက်မှုရှိကြောင်း၊ နဂိုမူလ လုပ်ရိုးလုပ်စဉ်များနဲ့ မတူတာကတော့ အရင်ကဆို စာအုပ်ပေါ်မှာမှတ်တမ်းတင်ခြင်း၊ ဝယ်သူကိုလိုက်ပြပြီးမှ ဆုံးဖြတ်ချက်ချရသည်။ အခုချိန်တွင် တိုးတက်ပြောင်းလဲလာသည်နှင့်အညီ GPS နဲ့ မြေနေရာကို တန်းထောက်ပြနိုင်ခြင်း၊ မြေနေရာစိတ်ဝင်စားသူများအနေနှင့်လည်း ဖုန်းနဲ့ အကျယ်အဝန်း၊ မြေအမျိုးအစားများကို အချိန်တိုတွင်း ဆက်သွယ်စုံစမ်းလာနိုင်ခြင်းတို့ပင် ဖြစ်သည်။ ဆက်လက်ပြီး အိမ်ခြံမြေစျေးကွက်သည် ပြီးခဲ့တဲ့ သြဂုတ်လ နောက်ပိုင်းမှစ၍ ပြန်ပြီးတော့ အခြေနေကောင်းမွန်လာပြီဟုလည်း သိရပါသည်။လက်ရှိစီးပွားရေးအခြေအနေအရ မြို့တွင်းအိမ်ခြံမြေစျေးကွက်မှာ ဝယ်ယူခြင်းထက် အငှားရင်းနှီးမြုပ်နှံမှုမှာ ပိုထွန်းကားလျက်ရှိသောကြောင့် မြို့တွင်းပိုင်းတွင် ငှားရမ်းကာ ကုမ္ပဏီလုပ်ငန်းဖွင့်လှစ်ခြင်းက ပိုများသည်ဟုလည်း သိရသည်။ ဝယ်ယူသူများအနေနဲ့လည်း မြို့တွင်းအိမ်ခြံမြေထက် လမ်းပန်းဆက်သွယ်ရေးပါ ကောင်းမွန်လာပြီး ကျယ်ဝန်းတဲ့ မြို့ပြင်မြေကွက်နဲ့ အိမ်များ ဝယ်ယူအားပိုမို မြင့်တက်လျက်ရှိကြောင်းသိရပါသည်။ အိမ်ခြံမြေဈေးကွက်တွင် အပြိုင်အဆိုင်မြို့ကြီး ၃ မြို့ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့နယ် ၃မြို့လုံးတွင်လည်း မြို့သစ်များတွင် ပို၍ အရောင်းအဝယ်သွက်လက်ရှိကြောင်းကိုလည်း သိရှိရပါသည်။ အိမ်ခြံမြေစျေးကွက်သည် Digital Marketing ကို ကူးပြောင်းလာသည်နှင့်အမျှ ဝယ်ယူသူများနှင့် အကျိုးဆောင်လုပ်ငန်းများကြား ယုံကြည်မှု အခိုင်အမာ တည်ဆောက်ာလာနိုင်သည်ဟု ဆိုပါသည်။ နောက်ဆုံးရ သတင်းများ STAR CITY အိမ်ရာဝင်းအတွင်းရှိ ဒုတိယမြောက် CITY LOFT အိမ်ရာ ရောင်းချရာတွင် ပထမအကြိမ်ကထက် ရောင်းအားတက်လျက်ရှိ ရန်ကုန်မြို့သစ် တွံတေး R1 မှ TIMES 108 PROJECT သည် အာဆီယံမှာပါ စံချိန်ချိုးမည့် အလားအလာရှိ နိုင်ငံခြားဝင်ငွေများစွာရရှိနိုင်မည့် ကွန်ဒိုအခန်းပေါင်း ၆၀၀၀ ခန့်လျာထားကြောင်း မေမြို့ အကွက်ချမြေများဝယ်ယူရာတွင် သေချာစုံစမ်းစစ်ဆေးရန်လိုကြောင်း ပြင်ဦးလွင်လွှတ်တော်အမတ်ကိုယ်တိုင် ပြောကြား Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties