By Social Media, Shweproperty.com
Updated at 28 January 2019
မြန်မာ-ထိုင်း နယ်စပ် ကရင်ပြည်နယ်မြဝတီမြို့ တွင် နိုင်ငံတကာအဆင့်မီတန်ဖိုးနည်းအိမ်ရာနှင့် အဝေးပြေးယာဉ် ရပ်နားစခန်းကြီးတစ်ခုအား မြဝတီ မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတား ကြီးနှင့် လေးမိုင်ခန့်အကွာ အာရှ လမ်းမကြီးဘေး အေးသုခကျေးရွာ အနီး၌ ဇန်နဝါရီ ၂၂ရက်မှစတင် ၍ အကောင်အထည်ဖော်ဆောင် ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းကို ှStepping Stone ကုမ္ပဏီမှ စိမ်းလဲ့မြိုင်တန် ဖိုးနည်းအိမ်ရာအမည်ဖြင့် လည်း ကောင်း၊ အဝေးပြေးယာဉ်ရပ်နား စ
ခန်းကြီးကိုလည်းကောင်း ကရင် ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် မြဝတီမြို့ အာရှလမ်းမကြီးနံဘေး အေးသုခကျေးရွာအနီးရှိ မြေ ၄၈ ဧကပေါ်၌ ငါးနှစ်စီမံကိန်းအဖြစ် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာတွေနဲ့ အတူ နိုင်ငံတကာအဆင့်မီ ယာဉ် ရပ်နားစခန်းကြီးအဖြစ် မြေရှစ်ဧက အကျယ်မှာ တည်ဆောက်မှာပါ။ ဧက၄၀ကိုတော့ အိမ်ရာစီမံကိန်း တည်ဆောက်မှာ ဖြစ်ပါတယ်။ မြ ဝတီမြို့ကနေ လေးမိုင်ပဲကွာဝေးတဲ့ အတွက် မြို့တွင်းကနေ ယာဉ်ရပ် နားစခန်းကိုသွားဖို့ ဘတ်စ်ကားတွေ ကိုပါ ပြေးဆွဲပေးဖို့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်"" ဟု ှStepping Stone ကုမ္ပဏီမှတာဝန်ခံ CEO ဦးသက် အောင်က ပြောကြားသည်။
အဆိုပါ စီမံကိန်းကြီးအား ှStepping Stone ကုမ္ပဏီမှ ကျပ် ဘီလီယံ၂၀ဝကျော် အကုန်အကျ ခံတည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း ၌ပန်းခြံ၊ ဈေး၊ ဆေးပေးခန်းနှင့် အပန်းဖြေကြည့်ရှုရန်အတွက် ရုပ်ရှင်ရုံများကိုပါ ထည့်သွင်းတည် ဆောက်မည်ဖြစ်ကြောင်း သိရသည်။
Ref & Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties