By The Modern, Shweproperty.com
Updated at 26 June 2015
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တည်ဆောက်တဲ့ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာ စီမံကိန်းက တန်ဖိုးနည်းအိမ်ရာတွေကို ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ နှစ်အတွင်း လွှပြောင်းရောင်းချခြင်း မပြုလုပ်ဖို့ တားပြစ်ထားပေမဲ့ နှစ်ဆပေးပြီး ဝယ်ယူရောင်းချတာတွေရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကျပ်သိန်း (၁၃၀)နဲ့ တရားဝင်ရောင်းချတဲ့ တိုက်ခန်းပါမစ်ဟာ အပြင်ဈေးကွက်မှာ ကျပ်သိန်း(၂၅၀) ပေါက်နေပါတယ်။ တရားဝင်ပေါက်ဈေးထက် ကျပ်သိန်း (၁၀၀) ခန့်အမြတ်ပေးပြီး ရောင်းချဝယ်ယူနေကြတယ်လို့ သိရပါတယ်။
"အခုကတော့ ရောင်းမှားဝယ်မှားကြောင့် ပါမစ်ရတဲ့ သူတွေကလဲ တကယ်တမ်းကျတော့ (၃၀) ရာခိုင်နှုန်းလဲ မသွင်းနိုင်ဘူးလေ၊ လစဉ်သွင်းရမှာလဲ မသွင်းနိုင်တော့ ရလာတဲ့ ပါမစ်တွေကို အမြတ်ပေးပြီး ရောင်းပေးနေကြတယ်၊ ပြန်ရောင်းကြပေမဲ့လဲ ဝယ်မယ့်သူက အချင်းချင်းဖြစ်မှ တစ်ယောက်နဲ့ တစ်ယောက်နဲ့ ရင်းနှီးမှသာ ရောင်းကြတာပါ"လို့ ရောင်းမှားဝယ်မှားဖြစ်ပြီး တိုက်ခန်းဝယ်ယူခွင့် ရရှိထားသူတစ်ဦးက ပြောပါတယ်။
ဈေးကစားဖို့ ဝယ်ယူသူတွေရှိတဲ့အတွက် ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ ကိုယ်တိုင်နေထိုင်ရမှာ ဖြစ်ပြီး၊ တိုက်ခန်းဝယ်ယူခွင့်ရရှိပြီး (၅) နှစ်အတွင်းလွှဲပြောင်းတာ၊ ရောင်းချတာတာလုံးဝ မပြုလုပ်ဖို့နဲ့ သတ်မှတ်ကာလကျော်လွန်ခဲ့လို့ ရောင်းချလွှဲပြောင်းမယ်ဆိုရင်တောင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုမှသာလုပ်ခွင့်ရှိတာဖြစ်တယ်လို့ သိရပါတယ်။
လူမှုကွန်ယက်ပေါ်မှာလဲ မြရည်နန္ဒာ တိုက်ခန်းနဲ့ ပတ်သက်လို့ ရောင်းမည်၊ ဝယ်မည်၊ လွတ်လပ်စွာ စုံစမ်းနိုင်တယ်ဆိုတာတွေကို တင်ထားကြတယ်လို့ဆိုပါတယ်။
မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာမှာ အခန်းပေါင်း (၁၃၄၄)ခန်း ရှိပြီး ယခုလ (၂၄) ရက်နဲ့ (၂၅) ရက်နေ့တွေမှာတော့ တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ စစ်မှုထမ်းဟောင်း (၁၀၀) နဲ့ အငြိမ်းစားဝန်ထမ်း (၈၀၀) ဦးတို့ကို တိုက်အမှတ်၊ အခန်းအမှတ်တွေကို ကိုယ်တိုင် မဲစနစ်နဲ့ မြရည်နန္ဒာခန်းမမှာ မဲနှိုက်ပေးခဲ့တယ်လို့ သိရပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties