By emg, Shweproperty.com
Updated at 17 June 2013
မိတ်မြို့တွင် စီမံကိန်း သတင်းများကြောင့် အိမ်ခြံမြေ ဈေးများမှာ အဆမတန် မြင့်တက်လာနေပြီး ဈေးကောင်းပေး ဝယ်ယူနေမှုများလည်း ရှိနေကြောင်း သိရသည်။
မြိတ်ခရိုင် အတွင်းရှိ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးနောက်ပိုင်း မြိတ်မြို့နှင့် မောတောင်နယ်စပ် ဒေသရှိ မြေဈေးနှုန်းများမှာ တရိပ်ရိပ် တက်လာနေကြောင်း ယခင်က သိန်းရာဂဏန်းမျှသာ ရှိသော မြေနေရာများမှာ သိန်းထောင်ချီအထိ ဈေးနှုန်း မြင့်လာကြောင်း သိရသည်။
''စီမံကိန်းတွေကတော့ အမျိုးမျိုး ကြားနေရပါတယ်။ အဆင့်မြင့် အိမ်ရာစီမံကိန်းတွေ၊ စက်မှုဇုန်တွေနဲ့ မောတောင် ကုန်သွယ်မှု ဖွံ့ဖြိုးလာရင် မြိတ်မှာ ရင်းနှီးမြှုပ်နှံလာမယ့် သူတွေလည်း စိတ်ဝင်စားနေတော့ မြေဈေးက တက်လာနေတာ ဖြစ်တယ်။ ကျပ်သိန်းရာ ဂဏန်းလောက်ပဲရှိတဲ့ လမ်းမတန်းပေါ်က မြေနေရာတွေတောင် ထောင်နှင့်ချီပြီး အော်နေသလို အရောင်းအဝယ် ဖြစ်နေတာလည်း တွေ့ရတယ်၊ လယ်မြေ၊ ဥယျာဉ်မြေတွေကအစ လိုက်ဝယ်နေတယ်။ လူနေထူထပ်မှု နည်းပါးတဲ့ နေရာတွေနှင့် မြို့ပြင်နေရာတွေမှာ အဝယ်များနေတယ်'' ဟု ရာဖြတ်တစ်ဦးက ပြောကြားခဲ့သည်။
မြိတ်မြို့တွင် အထပ်မြင့်အိမ်ရာ စီမံကိန်းကြီးများ မရှိသေးဘဲ တစ်ဦးတည်းပိုင် အထပ်မြင့် အိမ်များသာ ရှိသေးကြောင်း သိရသည်။ ကမ်းနားလမ်း တစ်လျှောက်ရှိ တိုးချဲ့လျက်ရှိသော ရေပုန်းအိမ်ရာမြေ ဖော်ထုတ်ရေး စီမံကိန်းတွင် အဆင့်မြင့် လုံးချင်းအိမ်ရာများ ရှိနေပြီး အဆိုပါနေရာ အနီးတစ်ဝိုက်တွင်လည်း မြေဈေးများ မြင့်တက်နေပြီး သိန်းထောင်ချီပေး ဝယ်နေကြောင်း သိရသည်။
''အခု ရက်ပိုင်းအတွင်းမှာပဲ ရေပုန်း ရပ်ကွက်ထဲမှာ ကျပ်သိန်းထောင်ချီပြီး အရောင်းအဝယ်ဖြစ်တဲ့ မြေတွေရှိတယ်။ စန္ဒဝတ်ကျေးရွာ ဘက်မှာလည်း မြေတွေကို သိန်းထောင်ချီပေးပြီး လိုက်ဝယ်နေတယ်။ ရေပုန်းဘက်မှာတော့ အိမ်ယာမြေ စီမံကိန်းတွေရယ်၊ ဟိုတယ်ကြီးတွေ တည်ဆောက်နေလို့ ဈေးတက်လာနေတာ ဖြစ်နိုင်ပြီး မြို့ပြင်နေရာတွေမှာတော့ မောတောင် နယ်စပ်ကုန်သွယ်ရေးကို မျှော်ကိုးပြီး ရင်းနှီးမြှုပ်ဖို့ ဖြစ်နိုင်ပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
မြိတ်မြို့တွင် ကွန်ဒိုကဲ့သို့ အဆင့်မြင့် အိမ်ခန်းများပါမည့် အထပ်မြင့် အိမ်ရာများ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံသား များဖြစ်ပြီး တိုင်းရင်းသား အမည်ခံပြီး လိုက်လံ ဝယ်ယူနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။
မောတောင်နယ်စပ် ဒေသသို့လည်း မြေယာရင်းနှီး မြှုပ်နှံသူများ သွားရောက်မှု များပြားနေကာ မောတောင်နယ်စပ် ဒေသရှိ စီးပွားရေး အချက်ချာကျနိုင်မည့် နေရာများမှာ ပေ၄၀ x ၆၀ တစ်ကွက်လျှင် ဘတ် ၁၀ သိန်း ကျော်အထိ ဈေးပေါက်လာနေကြောင်း စုံစမ်းသိရှိရသည်။
မြိတ်မြို့တွင် စီးပွားရေး အချက်ချာကျသည့် နေရာများတွင် အရောင်းဝယ် ဖြစ်နိုင်မည့် နေရာများ မရှိသလောက် ရှားပါးနေပြီး မြို့ ပြင်ရှိ နေရာများတွင် မြေကွက်အကျယ်အဝန်း များပြားနိုင်မည့် မြေနေရာများကိုရွေး ဝယ်လာနေကြောင်း သိရသည်။
Ref: EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties