By Myanmar Property, Shweproperty.com
Updated at 8 June 2013
မြင်းခြံခရိုင်၊ ဆီမီးခုံကျေးရွာအနီးမြို့သာမြို့သစ် စီမံကိန်းများကြောင့် မြေယာဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။
ယင်းစီမံကိန်းကြောင့် စီမံကိန်းနှင့် နီးစပ်သည့် ကျေးရွာများအတွင်းရှိ မြေယာနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ပြီး စီမံကိန်းတည်ရှိရာ ကျေးရွာအတွင်း မြေယာဈေးနှုန်းများ အဆမတန် မြင့်တက်လာခဲ့ကြောင်း သိရသည်။
“အခုဆိုရင် မြို့သာမြို့နဲ့ မြစ်သာကျေးရွာကို ကားလမ်းပေါက်နေပြီ၊ အရင်က ဒီဘက်ရွာတွေကို ဘယ်သူမှစိတ်မဝင်စားဘူး၊ အခုတော့ စီမံကိန်းရှိလို့ဆိုပြီး မြေတွေကို ဈေးကောင်းပေးဝယ်လာကြတယ်၊ အရင်က တစ်ဧက ၁၀ သိန်း၊ သိန်းနှစ်ဆယ်တောင် ဝယ်ချင်တဲ့သူ မရှိဘူး၊ ခုတော့ သိန်းကို ရာချီနေတော့တာပဲ”ဟု ဆီမီးခုံကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
မြို့သာမြို့သစ် စီမံကိန်းမှာ ဆီမီးခုံကျေးရွာ မြောက်ဘက်ရှိ ငနန်းကျေးရွာအုပ်စု၊ မြစ်သာကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းအတွင်း ဆိပ်ခံဗောတံတား (ဧရာဝတီ) တည်ဆောက်ခြင်း၊ ကုန်လှောင်ရုံများ တည်ဆောက်ခြင်း၊ စက်မှုဇုန်စီမံကိန်းများ စသည်ဖြင့် ပါဝင်မည်ဖြစ်ပြီး မြို့သာ စက်မှုဇုန်မြို့တော်အဖြစ် ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။
စီမံကိန်းတည်ရှိရာ နေရာသည် မြင်းခြံမြို့နှင့် အနည်းငယ်အလှမ်းကွာဝေးမှု ရှိနေသော်လည်း ယင်းနေရာမှာ မန္တလေးနှင့် မြင်းခြံမြို့များသို့ အချိန်တိုအတွင်း အလွယ်တကူ သွားလာနိုင်သော အချက်အချာနေရာတွင် တည်ရှိနေသောကြောင့် မြေယာဈေးနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားခဲ့သည်။
Ref : Myanmar Property Portal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties