By ဇော်ဇော်ထွေး, Shweproperty.com
Updated at 12 January 2014
အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) က စစ်ဆေးစဉ် တိုက်ပေါ်မှ ပြုတ်ကျသေ ဆုံးခဲ့သည့် မနန်းဝိုးဖန်၏ အမျိုးသား ဂျပန် နိုင်ငံသား နာမားစေး (Mr.Namasa )ကို လှိုင်သာယာမြို့နယ် တရားရုံးက ဇန်နဝါရီ ၉ ရက် နံနက်တွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် တစ် နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
ယင်းကဲ့သို့ အမိန့်ချမှတ်လိုက်သော် လည်း တရားသူကြီးက ထောင်ဒဏ် တစ် နှစ်တွင် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့် ရှိစေဟု အမိန့်ချမှတ်ခဲ့သဖြင့် ၎င်းအား ၂ဝ၁၂ ခုနှစ် မေလ ၁၆ ရက်ကတည်းက တစ်နှစ်ချုပ်နှောင်ခဲ့ပြီး ချုပ်ရက် တစ်နှစ် ကျော်သွားသည့်အတွက် ချုပ်ရက်ခံစား ခွင့်ဖြင့် လွတ်မြောက်တော့မည်ဖြစ်သည်ဟု အမှုသည်၏ ရှေ့နေဒေါ်နန်းထွေးမှုံက ပြောသည်။
၎င်းသည် ၂ဝ၁၂ ခုနှစ် အစောပိုင်းကာ လအတွင်း အိမ်ခြံမြေဈေးကွက်၌ ဈေးက စားမှုများကြောင့် အခြားအိမ်ခြံမြေ ကုမ္ပဏီ များမှ ငါးဦးနှင့်အတူ အထူးစုံစမ်းစစ်ဆေး ရေးက နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက် စေမှုကြောင့် ပုဒ်မ ၅ (ဇ) ဖြင့်တရားစွဲတင် ခြင်းခံထားရသူ ဖြစ်သည်။
သို့သော် နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၃ ခုနှစ် ၃၁ ရက်က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပုဒ်မ ၅ (ဇ) နှင့် ကျခံခဲ့ရသူများ လွတ်မြောက်ရာတွင် မစ္စတာနာမားစေး ပါဝင်ခဲ့သည့်အတွက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ကတည်းက လွတ်ကြောင်း အမိန့်ချပြီးဖြစ်သည်ဟု လှိုင် သာယာမြို့နယ် တရားသူကြီး ဦးမြတ်ထူး မောင်က ပြောသည်။
ထို့ကြောင့် မစ္စတာနာမာစေးနှင့် ပူးတွဲ တရားစွဲခံထားရသူ ငါးဦးမှာ အမှုမှ လွတ် မြောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ''ဒီလွတ်ငြိမ်းခွင့်ပေးဖို့ကို သင်္ကြန် လောက်ကတည်းက သတင်းကြားထားတာ ပါ။ ခုမှရောက်လာတယ်။ တကယ်ဝမ်း သာတယ်။ ၅ (ဇ) တို့ ၅ (ည) တို့ကို နိုင်ငံ တော်က လွှတ်ပေးလိုက်တဲ့အတွက်လည်း ဝမ်းသာပါတယ်'' ဟု မစ္စတာ နာမာစေး က စကားပြန်မှတစ်ဆင့် မီဒီယာများကို ပြောပြခဲ့သည်။
သို့သော် ဗီဇာစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် လှိုင်သာယာမြို့နယ် လူ ဝင်မှုကြီးကြပ်ရေးက လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် တရားစွဲထားသည့်အတွက် မစ္စ တာနာမာစေးကို တရားသူကြီး ဦးမြတ်ထူး မောင်က ထောင်ဒဏ် တစ်နှစ် ထပ်မံ၍ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
''တရားသူကြီး အမိန့်ကတော့ ဂျပန်ကြီးဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော် မရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ မြေကွက်တွေ အရောင်းအဝယ်လုပ်တယ်လို့ သုံးသပ် တယ်။ ဒါကြောင့် ဗီဇာစည်းမျဉ်းဖောက်ဖျက် မှု အပြစ်ရှိတယ်လို့ သုံးသပ်တဲ့အတွက် လဝက ပုဒ်မ ၁၃/၁ နဲ့ အမိန့်ချလိုက်တာပါ'' ဟု အဆိုပါ ဂျပန်အမျိုးသားဘက်မှ တရား လွှတ်တော်ရှေ့နေ ဒေါ်နန်းထွေးမှုံက မီဒီ ယာများသို့ ပြောပြခဲ့သည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ လဝက အရာရှိဖြစ်သူ ဦးတင်ထူးကျော်က ''သူ့အ တွက် ရုံးချုပ်မှာ ပြည်နှင်အမိန့် လှမ်း တောင်းရဦးမှာပါ။ အဲဒီအချိန်ထိ သူ့ကို အင်းစိန်ထောင်မှာထားပြီး ရုံးချုပ်အမိန့်ကို စောင့်ရမှာပါ။ ရုံးချုပ်က ပြည်နှင်အမိန့်ကျ လာရင် လေဆိပ်ကို လိုက်ပို့ပေးရမှာ'' ဟု မီဒီယာများသို့ ပြောပြခဲ့သည်။ အဆိုပါ အမှုမှာ ၂ဝ၁၂ ခုနှစ်အစော ပိုင်းက အိမ်ခြံမြေဈေးကွက်တွင် ဈေးကစား မှုများကြောင့် စသုံးလုံးမှ စုံးစမ်းစစ်ဆေးခဲ့ သော အမှုဖြစ်သည်။
အဆိုပါ ဂျပန်နိုင်ငံ သား၏ အမျိုးသမီးဖြစ်သူ မနန်းဝိုးဖန်ကို စသုံးလုံးမှ ခေါ်ယူစစ်ဆေးနေစဉ် အထူးစုံ စမ်းစစ်ဆေးရေးရုံးချုပ် အဆောက်အအုံ ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ဂျပန်နိုင်ငံသားနှင့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများမှ ပါဝင်ပက် သက်နေသူ ငါးဦးတို့ကို စသုံးလုံးက ခေါ် ယူစစ်ဆေးပြီး မြန်မာနိုင်ငံ၏ အကျိုးစီးပွား ပျက်ပြားစေမှုဖြင့် တရားစွဲတင်ပို့ခဲ့ခြင်း လည်း ဖြစ်သည်။
Ref : Mizzima
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties